@monophile107: လူတစ်ယောက်က ကိုယ့်အပေါ် မေတ္တာရှိတာတွေ မရှိတာတွေ ခဏထား၊ကိုယ့်အပေါ် စေတနာရှိ/ မရှိက အရေးအကြီးဆုံးပဲနော်။ ကျွန်မရဲ့ အလွန်ကိုမှ Toxic ဆန်သော Past Relationship Breakup ဖြစ်တုန်းက သူငယ်ချင်းတစ်ယောက် ပြောခဲ့တာလေးတောင် ပြန်သတိရသွားတယ်။ "နင်ကသာ မသုံးရက် မစွဲရက်နဲ့ သူ့ကို သိန်းနဲ့ချီ အကုန်ခံပြီး ဟိုဟာဝယ်ပေးလိုက်၊ ဒီဟာဖြည့်ဆည်းလိုက်နဲ့ လုပ်နေတာ၊ သူကဖြင့် နင့်ကို ပြတ်တဲ့အထိ ဘာတစ်ခုမှတောင် မပေးဖူးဘူးနော် နင်သကြားလုံး တစ်လုံးတောင် မရဖူးဘူးမလား" တဲ့။ အဲ့တုန်းကတော့ သိပ်နားမလည်ဘူး။ သူအဆင်မပြေလို့ ဘာမှ မပေးတာနေမှာပေါ့လို့ တွေးခဲ့ပေမဲ့ အခုနောက်ပိုင်းမှ နားလည်သွားတာက ကိုယ့်အပေါ် စိတ်ရင်းစေတနာ မရှိတာပါပဲ။ စေတနာဆိုတဲ့နေရာမှာလေ ကိုယ့်ကို ရုပ်ဝတ္ထုပစ္စည်းတွေ ပေးကမ်းနေမှ မဟုတ်ဘူးနော်။ စိတ်ရင်းစေတနာလေးကိုပြောတာ။ ကိုယ့်ကို တော်စေချင်တယ်၊ အောင်မြင်စေချင်တယ်၊ ကောင်းစေချင်တယ်၊ ပျော်စေချင်တယ်၊ နေကောင်းကျန်းမာစေချင်တယ်...ဒါလည်း စေတနာပဲ။ စားကောင်းတာ တစ်ခုခုတွေ့တဲ့အခါ ကိုယ့်ကို စားစေချင်တယ်၊ ကျွေးချင်တယ်၊ လိုက်ဖက်တာလေးတွေ တွေ့တဲ့အခါ ဝတ်စေချင်တယ်၊ သုံးစေချင်တယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ အများကြီး မပေးနိုင်ရင်တောင်မှ စိတ်လုံခြုံစေချင်တယ်၊ နွေးထွေးစေချင်တယ်၊ စကားကောင်းတွေ ပြောပေးတယ်...အဲ့ဒါလည်း စေတနာပဲနော်။ လူတစ်ချို့ကကျ အယူပဲ ရှိတာ။ အပေးမရှိဘူး။ သူများဆီကပဲ လိုချင်တာ။ ကိုယ်ကပြန်မပေးချင်ဘူး။ မရှိရင်လည်း မရှိလို့ အကြောင်းပြပြီး ရှိလာပြန်တော့လည်း မသိချင်ယောင် ဆောင်နေတတ်ကြတယ်။ မရှိလို့ မပေးတာ၊ မရှိလို့ မကျွေးတာထက် တစ်ချို့ကျတော့လေ ရှိနေရက်နဲ့ ဆယ့်ခါတစ်ခါ ကိုယ့်ကို မုန့်ကလေး တစ်ခါပြန်ကျွေးဖို့၊ ကိုယ်ကဆယ်ခါပေးလို့တောင် ကိုယ့်ကို တစ်ခါတောင်မှ ဘာမှ ပြန်မပေးဘူး၊ နောက်ဆုံးကွယ် ဘာပိုက်ဆံမှ မကုန်ကျတဲ့ စိတ်ကလေးကိုတောင် မပျော်ရွှင်စေဘူး၊ စိတ်ဒုက္ခပဲပေးနေတယ် ဆိုတာဟာ အရှင်းဆုံး ပြောရရင် ကိုယ့်ကို စေတနာ မရှိလို့။ စေတနာတောင်မရှိတာ မေတ္တာရှိဖို့ဆိုတာ ဝေးလာဝေးနော်။ စေတနာရှိလို့သာ မေတ္တာတွေပေးချင်တာ... စေတနာရှိလို့သာ ပျော်ရွှင်စေချင်တာ... စေတနာရှိလို့သာ ငါတိို့ချစ်ရတဲ့သူတွေကို အစစ အရာရာ လိုသေးမရှိအောင် ဖြည့်ဆည်းပေးချင်ကြတာ... တစ်ဦးက စေတနာ တစ်ဦးက မေတ္တာပဲ... အသွားအပြန်လေးတောင်မှ မရှိတဲ့ ချစ်ခြင်းမေတ္တာဆိုတာ အလကား။ ငါကချည်း ပေးဆပ်မှာဟဲ့ဆိုပြီးလည်း မေတ္တာရှင်မလေး သွားလုပ်မနေနဲ့။ ကြာလေကြာလေ လူရောစိတ်ပါ လုံးပါးပါးပြီး mental health ထိခိုက်လာလိမ့်မယ်။ အဲ့ဒါကြောင့်လေ ကိုယ့်ဘဝထဲရှိနေတဲ့ ဆက်ဆံရေးတွေအပေါ် ပြန်သုံးသပ်ကြည့်။ ငါကချည်းပေးနေရတာလား။ ကိုယ့်အပေါ် စေတနာရှိရဲ့လား။ မေတ္တာရှိဖို့ထက် ကိုယ့်ကိုတောင်မှ စေတနာ မရှိဘဲ ကိုယ့်ဆီကဟာ သူ့အိတ်ထဲပဲ ထည့်ဖို့ပဲ စဉ်းစားနေတဲ့သူဆိုရင် ဘာကြောင့်များ ကိုယ့်ဘဝထဲ ထားနေဦးမလဲကွယ်... အမြဲမှတ်ထား ဘာပိုက်ဆံမှ မကုန်ကျတဲ့ စိတ်ကလေးကိုတောင် လုံခြုံနွေးထွေးအောင်၊ ပျော်ရွှင်အောင် မထားပေးနိုင်သူဟာ ဘဝနဲ့ချီတဲ့ ဘယ်လိုအရာကိုမှ ကိုယ့်ကို မပေးနိုင်ဘူး။ စူးရှမေ #ayehsumonsan #singapore #Myanmar #credit #foryou
𝙺𝚈𝙸
Region: MM
Tuesday 11 August 2026 11:59:31 GMT
Music
Download
Comments
WP²C💚 :
ဘဝမှာ အကြောက်ဆုံးက ချစ်တယ်ပြောပြီး ကြိုးစားအားထုတ်မှုမရှိတဲ့ ယောကျ်ားနဲ့တွေ့မှာကိုပဲ😥
2026-08-12 04:44:43
171
Daw Hla Hla San :
တခါမှဂရုစိုက်မခံရဘူးဘာအစားအ သောက်မှလည်း စေတနာပါပြီး ကြွေး မွေးတာလည်းမရှိဘူး စားချင်ရင်ဝယ်စား မစားချင်ရင်ရင်လဲ နေကြင်နာမှုလည်းမရှိဘူး ဒါ ပေမဲ့ပိုက်ဆံ တော့ အမြဲလိုသမှျ ပေး နေတယ် ဒါဆိုရင် ရော ဘယ်လိုသတ်မှတ်မလဲ
2026-08-12 07:23:40
19
🍀♒" ♡𝓗𝓸𝓷𝓮𝔂 ♡"💞🍀 :
စားချင်တာလေးရှိရင်သေချာချက်ကျွေးတယ်
လိုက်မယ်ထင်တာလေးဝယ်ပေးတယ်
ကိုယ့်ကိုတော်စေချင်တယ်
ဒါပင်မဲ့ ရုတ်ရတ်ထားခဲ့တာကြ ဘာလို့လည်း
move onဖို့ခက်တဲ့အနေအထားမျိုး🫠
2026-08-12 04:03:56
11
Htet Naing Linn :
ကောင်းပါတယ် စာသားက ဒါပေမဲ့ တစ်ဖက်ထဲလိုချင်တာ မဟုတ်ဘူး ကို က လဲ လုပ်ပေးရင်ရောမကောင်းဘူးလား
2026-08-13 17:38:54
8
💞မောင့်မူပိုင်🌻 :
Right
2026-08-12 05:28:55
1
Yin Pyone Wai🐼 :
ဒီစကားကအမှန်ပါပဲ
ဝတ်ကျေတန်းကျေဆက်ဆံရေးမှာ
ဘဝတစ်ခုအတွက်မရည်ရွယ်ရဲတော့ဘူး
2026-08-11 18:23:20
32
😎Soe Thadr Oo😎 :
ပြန်တင်ပါရစေ
2026-08-12 04:58:30
1
sweet :
sharing လုပ်ပေးလို့ကျေးဇူးပါ♥️
2026-08-13 23:05:38
1
Zin Mar :
စာသားလေးကူးယူပါရစေ
2026-09-27 15:03:33
1
Ah Hmue🩵 :
ဟုတ်ပ့😭
2026-08-14 02:56:24
1
soe :
ဟုတ်ကဲဗျာ ရေလှူတာမှ ပင်ပန်းနေဦမှာနော် စိတ်ကိုတတ်နိုင်သလောက် နွေးထွေးအောင်ထားပါမယ်ခင်မျှ
2026-08-13 18:33:25
2
Naw Aye Mya Thandar :
ဟုတယ်အမရယ်
2026-08-14 01:06:01
1
#HZN(သမီးနှစ်ယောက်မာမီ) :
ဟုတ်တယ် စိတ်ပျော်ရွှင်မှု့တောင်မပေးနိုင်ဘူး
2026-09-04 16:40:23
1
user4922613387553 :
အင်းပေါ့😅😅
2026-08-12 04:19:00
1
pinkey :
မှန်တယ်
2026-08-12 06:17:20
1
7the亗AR SI YAN :
အစ်မ ရေးတဲ့စာသားလေးတော့ သဘောကျပါတယ်။ ဒါပေမဲ့ ကိုယ်သဘောကျတဲ့သူဟာ ကိုယ်ကို သဘောကျနေရင် ကိုယ်ဟာလည်း ပျော်ရွှင်အောင်။ စိတ်လုံခြုံမူရှိအောင်ဆိုတာ လုပ်ပေးရဲသွားတယ်ဗျာ။တကယ်လို မိန်းကလေးဘက်က သဘောကျပြီး ယောကျားလေးက ပျော်ရွှင်အောင် စိတ်လုံခြုံမူ မပေးရင်တော့ သေချာကိုယ်တိုင်ဆူံးဖြတ်ပါဗျာ။ ကျွန်တော် လက်ရှိCrushလေးဘဲ့ရှိပါသေးတယ်။ အလုပ်အတူတူလုပ်ပါတယ်။ သူကို ပျော်ရွှင်ဖို့။စိတ်လုံခြုံမူထားဖို့ဆိုတာ သူဘက်က ကိုယ်ကို ပြန်သဘောကျနေမှရတာဗျာ။ အဲတာဘဲ့ဗျာ တစ်ချိုမိန်းကလေးတွေသာ သူကိုယ်သဘောကျတဲ့သူကို ပြစ်ထားပြီး တခြားသူကို သဘောပြန်ကျတာမ်ျူစတွေပေါ့ဗျ
2026-08-14 05:26:09
2
Aitamin :
အမြဲမှတ်ထား အဲ့စိတ်ကလေး လုံခြုံနွေးထွေးဖို့ဆိုတာလည်း စိတ်ရင်းနဲ့ အပြုအမူတခုတည်းနဲ့မရဘူး။ ပိုက်ဆံကုန်စရာလေးတွေရော ပါမှရတယမို့ ပိုက်ဆံလိုတယ်။ မီးမတွေပြောတဲ့စကားကို တိုက်ရိုက်မယူဆကြနဲ့ သားရီးတို့
2026-08-13 13:29:34
4
Mathiri official :
အမြဲမှတ်ထား ဘာပိုက်ဆံမှမကုန်ကျတဲ့ စိတ်ကလေးကိုတောင်လုံခြုံနွေးထွေးအောင်ပျော်ရွှင်အောင်မထားပေးနိုင်သူဟာဘဝနဲ့ချီတဲ့ဘယ်အရာကိုမှ ကိုယ့်ကိုမပေးနိုင်ဘူး ..
2026-08-12 04:32:22
6
NIGHT STALKER :
ကိုယ်က စိတ်လုံခြုံမူ့လိုချင်ရင်
ကိုယ့်ဘက်ကလည်း အလေးထားမူ့ပြရတယ်
2026-08-16 10:30:29
2
ไข่มก(khai) :
အဲ့တာတကယ်နော်အလကားပေးလို့ရတဲ့မေ တ္တာတောင်စေတနာမရှိတာကျန်တာမမျှော်တော့ဘူး
2026-08-12 05:20:28
2
Tsukiko :
စာသားလေးလိုချင်လို့ရလားရှင့်
2026-08-11 13:54:17
2
H🍇 :
saveဖွင့်ပေးလို့
2026-08-12 05:18:36
1
Ta Pwint Pann :
လေပဲစိုက်ရတဲ့အားပေးစကားလေးတောင်မပြောပေးနိုင်မှတော့ ဘာလုပ်တော့မလဲ
2026-08-15 03:22:10
1
Chue haythweBom@11 :
ကိုယ်ကျအရမ်းကြီးမချမ်းသာပေမယ့် ပိုက်ဆံရော ဂရုစိုက်မှုရော သမီးနဲ့မိန်းမတွက်စိတ်လုံခြုံမှုပေးတယ် ဒါနဲ့တင်ကိုယ့်အတွက်လုံလောက်နေပါပြီ
2026-09-03 07:57:22
1
KyawGyi💖MayLay :
ငိုပီ🥺🥺🥺
2026-08-12 03:35:29
1
To see more videos from user @monophile107, please go to the Tikwm
homepage.