@thamaing.meme: 📅Post Date: 1866 ယနေ့ မန္တလေးနန်းတော် အစည်းအဝေးအတွင်း အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ်ကြံခံရပြီး နတ်ရွာစံ လွန်တော်မူကြောင်း ဝမ်းနည်းဖွယ် သတင်းရရှိပါသည်။ အိမ်ရှေ့စံ မင်းသားကြီးသည် နယ်ချဲ့အန္တရာယ်ကို ခုခံရန်နှင့် တိုင်းပြည် ခေတ်မီတိုးတက်စေရန်အတွက် စက်မှုစက်ရုံကြီးများကို တည်ထောင်ကာ ရှေ့ဆုံးမှ ဦးဆောင် ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။ မင်းသားကြီးသည် ရတနာပုံ မန္တလေးမြို့တော်တွင် မြန်မာ့ပထမဆုံး ဒင်္ဂါးစက်ရုံ၊ အမြောက်စက်ရုံ၊ ယမ်းချက်စက်ရုံ၊ သင်္ဘောစက်ရုံနှင့် သံချက်စက်ရုံ စသည့် ခေတ်မီ စက်ရုံပေါင်း ၅၀ ကျော်ကို စတင်တည်ထောင်ခဲ့သည့်အပြင်၊ စက်မှုနည်းပညာများ တတ်မြောက်စေရန် အင်္ဂလန်၊ ပြင်သစ်နှင့် အီတလီ အစရှိသည့် ဥရောပနိုင်ငံများသို့ နန်းတွင်းလူငယ်များကို ပညာတော်သင် စေလွှတ်ခဲ့ပါသည်။ ထို့ပြင် စက်ရုံများမှ အမြောက်၊ သေနတ်နှင့် ရေမြှုပ်ဗုံးများအထိ ကိုယ်တိုင် တီထွင်ထုတ်လုပ်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေခဲ့သူဖြစ်တာကြောင့် တိုင်းပြည်အတွက်တော့ကြီးမားသောဆုံးရှုံးမှုတစ်ခုပင်ဖြစ်သည်။ သို့သော်လည်း နန်းတွင်းရေး လေ့လာသူအချို့ကမူ မင်းသားကြီး နတ်ရွာစံ လွန်တော်မူခဲ့သော်လည်း တိုင်းပြည်၏ ခေတ်မီ စက်ရုံသစ်များ တည်ဆောက်ရေး စီမံကိန်းများနှင့် စက်မှုဖွံ့ဖြိုးရေးများမှာ စီစဉ်ထားသည့်အတိုင်း ဆက်လက် အဆင်ပြေ ချောမွေ့နေမည်ဟု မျှော်လင့်ရကြောင်းနှင့် တိုင်းပြည် တည်ငြိမ်ရေးအပေါ် တစ်စုံတစ်ရာ ထိခိုက်မှုရှိလာမည် မဟုတ်ကြောင်း သုံးသပ်ထားကြပါသည်။ #historymemes #historytok #burmesehistory #myanmartiktok #nandawindaily

နန်းတွင်း Daily
နန်းတွင်း Daily
Open In TikTok:
Region: MM
Tuesday 11 August 2026 14:16:29 GMT
374810
42569
1408
29207

Music

Download

Comments

kim.shin309
Frederick_ :
ဖြစ်ရလေ နောင်တော်ကြီးရာ.. ယမန့်က ဆည်းဆာချိန်မှာ ယမကာမှီဝဲဖို့ ကြေးနန်းပို့ထားတာကို seen မပြပါလား အောက်မေ့နေတာ
2026-08-11 16:19:28
6223
shwe_thway_2001
Francis :
မနေ့ကတောင် ညီလာခံမှာဓာတ်ပုံတူတူရိုက်လာတာကို နောင်တော်ရယ်
2026-08-11 21:39:52
1801
not_urhusband7
Henяy_minkhant :
နေ့ခင်းကတောင်78လမ်းကCoCoဆိုင်မှာဘီယာဝင်ဝယ်နေတာတွေ့လိုက်ပါသေးတယ်
2026-08-11 14:32:21
2622
josh_xide
Joxhgoin'insan3 :
comments-
2026-08-11 20:47:03
256
littleworld298
Ei Phyu Zin :
ဘုရား ဘုရား ကိုင်း နိုင်ငံအတွက်အားကိုးရတဲ့ မင်းသားတစ်ပါး လျှော့ပါပြီကလား နှမတို့အတွက်ရင်လေးစရာပါဘုရား
2026-08-11 14:28:11
666
bennocounter2
𐙚 ဂေါ်ဖီထုပ် 🥬✨ :
အလိုကွယ် ငါကိုယ်တော် နန်းတွင်းမှာနေသော်ငြားလဲ ဤသတင်း မကြားမိပါရဲ့ ၊ ဟုတ်မှဟုတ်ပါစ၊ တစ်စုံတစ်ဦး အမှန်ကိုသိသော် ကွန်ဖန်းပါလေ
2026-08-11 16:23:24
515
ana.young_tired
Raelynn :
တစ်နိုင်ငံလုံး role play ကုန်ပြီဟ စိတ်ဆင်းရဲ
2026-08-11 15:40:36
1276
wailwin2004
မောင်"ကောက်🫀🎖 :
ဒီသတင်းက အမှန်ပဲလား အဆွေ...အကျွန်ုပ်ယမန်နေ့ကတောင်..အရှင်ကနောင်မင်းသားကြီးနဲ့ ကြေးနန်းရိုက်ဖို့ စီစဥ်ခဲ့တာကိုဗျာ အိမ်းးး သင်္ခါရတရားပါလား
2026-08-11 14:41:06
1766
akari.angel0
𝕬𝖐𝖆𝖗𝖎 𝕬𝖓𝖌𝖊𝖑 :
cmဖတ်လိုက်တာငါက်ိုယ်ငါအချိန်ခရီးသွားပီးရှေးခေတ်ပြန်ရောက်သွားတာလားလို့ဟယ်
2026-08-11 16:49:54
287
gosling210
Kaita :
နောင်ဆိုအင်္ဂလိပ်တို့ရန်အား ကြောက်ရပါသဘိ အို ဆိုးလေစွ
2026-08-11 15:50:17
349
kywal233
Ko Swan Pyae Kywal :
အရှင်မင်းသားကြီး... ယခုအခါ အကျွန်ုပ်ရှေ့၌ ထိုင်တော်မူသကဲ့သို့ ရှိနေသော်လည်း၊ ခေါ်သော်လည်း ပြန်ထူးတော်မမူတော့သည်မှာ အကျွန်ုပ်၏နှလုံးကို အလွန်ပင် ဆို့နင့်စေပါသည်ဘုရား။ အကျွန်ုပ်တို့နှစ်ဦး ငယ်စဉ်က အတူကစားခဲ့ကြသည်ကိုလည်းကောင်း၊ အတူတကွ စကားပြောရယ်မောခဲ့ကြသည်ကိုလည်းကောင်း မနေ့တနေ့က ဖြစ်ခဲ့သကဲ့သို့ အမှတ်ရနေပါသေးသည်။ အရှင်မင်းသားကြီးသည် အကျွန်ုပ်အား အဆွေဟု ခေါ်တော်မူခဲ့သည့် အသံတော်ကိုပင် ယခုမှစ၍ မကြားရတော့ပြီဟု တွေးမိတိုင်း ရင်ထဲ၌ အလွန်နာကျင်လှပါသည်ဘုရား။ ဤသို့ ခွဲခွာရမည်ကို သိခဲ့လျှင် အရှင်မင်းသားကြီးနှင့် နောက်ဆုံးတွေ့ရသောအခါ စကားများစွာ ပြောခဲ့မိပါလိမ့်မည်။ ယခုမူကား ပြောချင်သမျှ စကားတို့သည် အားလုံး နောက်ကျလေပြီ။ အရှင်မင်းသားကြီး... အကျွန်ုပ်တို့၏ အဆွေခင်ပွန်းအဖြစ် ဖြတ်သန်းခဲ့သမျှကို အကျွန်ုပ် မမေ့ပါ။ ဤဘဝ၌ ခွဲခွာရသော်လည်း အရှင်မင်းသားကြီး၏ ကျေးဇူးတော်ကို အကျွန်ုပ်၏ ရင်ထဲ၌ အစဉ်သိမ်းဆည်းထားပါမည်ဘုရား။ ကောင်းရာသုဂတိသို့ ရောက်ရှိတော်မူပါစေ... အရှင်မင်းသားကြီး။
2026-08-12 03:15:48
128
blue.10_007
BLUE 10 :
အလို ကနောင် နောင်ကြီးလို ပညာရှင်မျိုးကို မည်သည့်အမျိုးယုတ် ကလုပ်ကြံရဲရသလော
2026-08-11 14:57:28
685
tzs_xara91023
𝐘𝐎𝐋𝐎" :
ဟဲ့လုပ်ကြဦး ငါတကယ်အဲ့ခေတ်ရောက်သွားသလိုခံစားနေရတယ်cmတွေက🥹
2026-08-12 02:55:08
93
rinnohara48
Chizuru Yoshida 🍓 :
အလို ဘယ်နှယ့်ဖြစ်ရတာလဲ နောင်ကြီးတို့ သတင်းက ရော အဘယ်မှ ကြားသိရပါသနည်း
2026-08-11 14:27:50
59
stupid_cheese_cat11
J :
ဟယ်တော် အ့ဘယ်ကြောင့် ဤသို့အဖြစ်ဆိုးဖြင့်နတ်ရွာစံရပါသနည်း ဘုရား နှမတော်တို့ရင်ကွဲရပါပြီရယ်တော်
2026-08-11 14:34:01
225
enolatheexplorer19
Enolatheexplorer :
ဖြစ်ရ လေ နောင်တော်ကြီးရယ် နှမတော်ကိုထားခဲ့တော်မူပါရောလား
2026-08-12 06:31:31
9
swamhtethlyanwin
.🐍. :
အလို နောင်တော်ကြီးပါလားကွယ်ရို့။ ကြားရတဲ့သတင်းကစိတ်မချမ်းသာစရာပေပဲနောင်ကြီးတို့ရဲ့။ အနို့ ဟုတ်ရောဟုတ်ရဲ့လားကွယ်။ မနက်ကမှ ဘုန်းတော်ကြီးဘုရားထံအခစားဝင်တာတွေ့လိုက်ပါသေးတယ်ကွယ်။
2026-08-11 14:33:19
61
saint_star0
Saintstar :
ဤအမှုခင်း အရှင်မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင် ဖြေရှင်းသင့်ကြောင်းပါဘုရား
2026-08-11 14:37:45
56
khantdy13
Andrezukov :
ဤသတင်းမှန်ကန်ပါပေလား အကြောင်းစုံကို သေချာစုံစမ်းပါဘိ မဖြစ်နိုင်ပါပီသကား ဘုန်းတော်မြတ်ရှင် အရှင် အိမ်ရှေ့စံအား မည်သူမှ လုပ်ကြံပါပေဝံ့တော့
2026-08-11 17:01:42
23
To see more videos from user @thamaing.meme, please go to the Tikwm homepage.

Other Videos


About