@sunflower52968: ပန်းကြာဝတ်မူန်. ဖတ်နေတုန်းမှာ ဇာတ်လမ်းထဲကို တဖြည်းဖြည်းဝင်သွားပြီး စာအုပ်ပိတ်လိုက်တဲ့အချိန်ထိ ရင်ထဲမှာ ကျန်နေခဲ့တဲ့ စာအုပ်တစ်အုပ်ပါ။ဆရာမ ခင်ခင်ထူးရဲ့ ရေးဟန်က ဇာတ်လမ်းကိုပဲ ပြောပြသွားတာမဟုတ်ဘဲ ဇာတ်ကောင်တွေရဲ့ ခံစားချက်နဲ့ အဲ့ဒီခေတ်ရဲ့ အငွေ့အသက်ကိုပါ ကိုယ်တိုင်ခံစားနေရသလို ဖြစ်စေတယ်။ တချို့အပိုင်းတွေမှာ စိတ်မကောင်းဖြစ်ရသလို၊ တချို့အပိုင်းတွေမှာတော့ လူတွေရဲ့စိတ်သဘောသဘာဝကို ပြန်စဉ်းစားမိစေတယ်။ အချစ်၊ ဘဝနဲ့ လူ့စိတ်ကို ရိုးရိုးလေးနဲ့ နက်နက်ရှိုင်းရှိုင်း ရေးထားတာကို သဘောကျမိတယ်။ ဖတ်ပြီးသွားတဲ့နောက်မှာ “ဇာတ်လမ်းတစ်ပုဒ်ဖတ်ပြီးတာ” ထက် “လူတချို့ရဲ့ဘဝကို ခဏလေးဝင်နေခဲ့ရသလို” ခံစားရတဲ့ စာအုပ်မျိုးပါ။ စာအုပ်ကောင်းတစ်အုပ် ဖတ်ပြီးချင်တဲ့သူတွေကိုတော့ ဖတ်ကြည့်ဖို့ ညွှန်းချင်တယ်။ ထိုချစ်သူနှစ်၏ နီးခြင်း၊​ဝေးခြင်းကိုမူ စာဖတ်သူများကသာ ဆန္ဒအလျောက်ခံစားနိုင်ကြရန်ဖြစ်ပါ၏။ ဟု ဆရာမရဲ့အမှာစာမှာဖော်ပြခဲ့တယ်။ အောင်နဲ့ သီရိမေကိုဖတ်ရင်း ဘယ်သူမှ လုံးဝမှားတယ်၊ ဘယ်သူမှ လုံးဝမှန်တယ်လို့ မပြောနိုင်ဘူး လို့ ခံစားမိတယ်။ အောင်က ချစ်ပေမယ့် အချစ်တစ်ခုအတွက် လိုအပ်တဲ့ သတ္တိနဲ့ ပြတ်သားမှုတွေမှာ အားနည်းခဲ့သလို၊ သီရိမေကလည်း ကိုယ်ချစ်တဲ့အရာကို လွှတ်ချဖို့ခက်တဲ့အတွက် ကိုယ်တိုင်ပဲ ပိုနာကျင်ခဲ့ရတယ်လို့ မြင်မိတယ်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ချစ်ခြင်းရှိရုံနဲ့ လူနှစ်ယောက်အတူတူဖြစ်နိုင်တာ မဟုတ်ဘူး ဆိုတာကို ပြသနေသလိုပဲ။ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပေမယ့် အချိန်၊ အခြေအနေ၊ ဆုံးဖြတ်ချက်တွေနဲ့ လူတွေရဲ့စိတ်သဘောထားတွေက အချစ်ထက် ပိုကြီးမားလာတဲ့အခါ ဘယ်လောက်နာကျင်ရတယ်ဆိုတာ ဖတ်ရင်းခံစားရတယ်။ အထူးသဖြင့် သီရိမေကို ဖတ်ရင်း “တစ်ချို့လူတွေက ကိုယ်ချစ်တဲ့လူကို မရခဲ့တာထက်၊ ကိုယ်တကယ်ချစ်ခဲ့တယ်ဆိုတာကို ဘယ်သူမှ နားမလည်ပေးခဲ့တာက ပိုနာကျင်စရာကောင်းတယ်” လို့တောင် တွေးမိတယ်။ အောင်နဲ့ သီရိမေကတော့ စာအုပ်ပြီးသွားလို့ ပြီးသွားတဲ့ဇာတ်ကောင်တွေလို မခံစားရဘူး။ သူတို့နှစ်ယောက်ရဲ့ရွေးချယ်မှုတွေကို ပြန်တွေးမိတိုင်း “အကယ်၍သာ…” ဆိုတဲ့စိတ်ကလေး ကျန်နေခဲ့တယ်။ 🌻📖 #fyp #viral #singaporetiktok #foryourpage

Suntheo🌻
Suntheo🌻
Open In TikTok:
Region: SG
Tuesday 11 August 2026 14:46:36 GMT
148
10
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @sunflower52968, please go to the Tikwm homepage.

Other Videos


About