@zayartbz7news: မင်းအောင်လှိုင်ထံမှ ခွင့်ပြုချက်မယူဘဲ MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီနှင့် အပေးအယူလုပ်ကာ အမေရိကန်ဒေါ်လာ သန်းရာဂဏန်း ချေးယူခဲ့သည့် ကုမ္ပဏီများနှင့် ဒါရိုက်တာများကို စစ်တပ်က အမည်ပျက်စာရင်းသွင်း ရန်ကုန်၊ ဩဂုတ် ၁၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) တွင်ရှိသည့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ တင်ပြခြင်းမရှိဘဲ ဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီနှင့် အပေးအယူပြုလုပ်ကာ နိုင်ငံခြားငွေ ချေးငွေရယူခဲ့သည့် ကုမ္ပဏီ ၂၃ ခုနှင့် ဒါရိုက်တာများကို စစ်ကောင်စီက အမည်ပျက်စာရင်း (Blacklist) သွင်းလိုက်ကြောင်း သိရသည်။ ဩဂုတ်လ ၉ ရက်တွင် စစ်တပ်က ထုတ်ပြန်သည့် ကြေညာချက်အရ အဆိုပါကုမ္ပဏီများသည် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ချေးငွေ (၂၀၂၄) ဖြစ်စဉ်တွင် ချေးငွေရယူခဲ့ပြီး ချေးငွေများကို ဆက်လက်ပေးဆပ်ရန် ပျက်ကွက်နေသဖြင့် အမည်ပျက်စာရင်းသွင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် MFTB ဘဏ်အတွင်းရှိ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ကို မင်းအောင်လှိုင်နှင့် စစ်တပ်ထံ တင်ပြခြင်းမရှိဘဲ ဘဏ်နှင့် နီးစပ်သည့် ပြည်တွင်းကုမ္ပဏီများထံ ချေးငွေအဖြစ် ထုတ်ချေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ချေးငွေများ ထုတ်ချေးရာတွင် ဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီက ကုမ္ပဏီများနှင့် အပေးအယူပြုလုပ်ခဲ့ပြီး ချေးငွေထုတ်ပေးရန် ငွေကျပ် သိန်း ၄ သောင်းကျော် လာဘ်ငွေရယူခဲ့ကြောင်း သိရှိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ကေသီကို စစ်တပ်က ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ဖမ်းဆီးခဲ့ပြီး ရာထူးမှ ဖယ်ရှားခဲ့ကြောင်း သိရသည်။ “စစ်အာဏာသိမ်းပြီးတဲ့နောက် MFTB ဘဏ်ထဲက ငွေတွေကို ကုမ္ပဏီတွေနဲ့ ဒါရိုက်တာတွေက MFTB ဘဏ်ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီနဲ့ အပေးအယူလုပ်ပြီး ထုတ်ချေးတာ။ အဲဒါကို ၂၀၂၄ မှာ ပြန်စစ်မှ ပေါ်တာ။ အဲဒီမှာ ငွေပြန်ဆပ်ခိုင်းတယ်။ ဆပ်တဲ့သူတွေလည်း ဆပ်ကြတယ်။ တချို့ကုမ္ပဏီ ဒါရိုက်တာတွေကလည်း ငွေမဆပ်ဘဲ လေဆိပ်ကနေ ပြေးဖို့ပြင်ရင်း အဖမ်းခံရတယ်။ တချို့ကုမ္ပဏီတွေကလည်း ထွက်ပြေးတိမ်းရှောင်နေဆဲပါပဲ။ ဒေါ်ကေသီကတော့ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ အဖမ်းခံရတယ်။ အခုထိ အဖမ်းခံထားရတုန်းပဲ။ တချို့ကုမ္ပဏီတွေက ချေးငွေရဖို့ ဘာအလုပ်မှမရှိဘဲ ကုမ္ပဏီထောင်ပြီး ချေးငွေယူသွားတာတွေလည်း ရှိတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ပြောဆိုသည်။ MFTB ဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရာတွင် ဒေါ်ကေသီသည် MFTB ဘဏ်မှ နိုင်ငံခြားငွေများကို အလွဲသုံးစားပြုခဲ့သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဒေါ်ကေသီ ဖမ်းဆီးခံရပြီးနောက် အဆိုပါချေးငွေများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ပြန်လည်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ချေးငွေရယူထားသည့် ကုမ္ပဏီများထံမှ ငွေများ ပြန်လည်ပေးဆပ်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ အမေရိကန်ဒေါ်လာ ချေးငွေများနှင့်ပတ်သက်၍ အချို့ကုမ္ပဏီများက ပြန်လည်ပေးဆပ်ခဲ့ကြသော်လည်း အချို့မှာ ပေးဆပ်ခြင်းမရှိဘဲ တိမ်းရှောင်နေကြပြီး အချို့ကုမ္ပဏီများမှ တာဝန်ရှိသူများမှာ နိုင်ငံခြားသို့ ထွက်ပြေးရန် ကြိုးပမ်းစဉ် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည်။ စစ်ကောင်စီ၏ ဩဂုတ်လ ၉ ရက် ကြေညာချက်တွင် MFTB ဘဏ်မှ ချေးငွေရယူထားသည့် ကုမ္ပဏီ ၂၃ ခုနှင့် အဆိုပါကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များကို ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်သည့်အတွက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက အမည်ပျက်စာရင်းသွင်းထားကြောင်း ဖော်ပြထားသည်။ MFTB သည် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းများနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများအတွက် နိုင်ငံခြားငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ပေးနေသည့် နိုင်ငံပိုင်ဘဏ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနှင့် နိုင်ငံတကာအကြား ကူးသန်းရောင်း ဝယ်ရေးလုပ်ငန်းများတွင်လည်း အဓိကပါဝင်သည့် ဘဏ်တစ်ခုဖြစ်သည်။ (ကုမ္ပဏီစာရင်းများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဖော်ပြထားပါသည်။)@ZayarTBZ 11 News @ZayarTBZ 7.1News🍉 #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #zayartbz #ပြည်တွင်းသတင်း #မြန်မာသတင်း #ဒေသသတင်းရင်းမြစ်
ZayarTBZ 7 News
Region: TH
Wednesday 12 August 2026 02:15:15 GMT
Music
Download
Comments
ပြည့်စုံ :
😳
2026-08-12 06:13:10
0
Ukyaw Oo :
😂😂
2026-08-12 03:09:47
0
Min Min Latt :
😭😭😭
2026-08-12 02:25:07
0
hey I do Google :
😁😁😁
2026-08-12 02:25:12
0
hey I do Google :
🥰🥰🥰
2026-08-12 02:25:09
0
သစ္စာရှငိမလေး :
🥰🥰🥰
2026-08-12 02:30:09
0
May Thu Tun :
🌹🌹🌹
2026-08-12 02:21:19
0
u khin naung :
🥰🥰🥰
2026-08-12 03:05:46
0
To see more videos from user @zayartbz7news, please go to the Tikwm
homepage.