@ehni2850: လူ့အသိုင်းဝိုင်းထဲ နိစ္စဓူဝကိစ္စတွေနဲ့ လုံးပန်းရချိန် ကျနော်တို့ စိတ်တွေ ပျော်ရခြင်းရှိမယ် သည်းခံရခြင်းရှိမယ် မျိုသိပ်ရခြင်းရှိမယ် ၊ အဆုံးစွန်ထိတော့ မပျော်ရဘူးပေါ့ ။ မိသားစုဖိအားရှိမယ် အလုပ်ဖိအားရှိမယ် အဲ့လိုအချိန်မှာ လိုအပ်ဆုံးက သူငယ်ချင်းလဲမဟုတ်ဘူး ငယ်ပေါင်း ဘော်ဒါတွေလဲမဟုတ်ဘူး ၊ ''ပင်ပန်းရင်အနောက်ကိုပြန်ကြည့်နော် မမရှိနေတယ် '' လို့ ပြောပြီး ကျနော်အားမဲ့အချိန်ကိုစောင့်နေရှာတဲ့အမျိုးသမီး ။ စိတ်လွတ်လက်လွတ်နေရင်ရပါပြီတဲ့ ။ အစစအရာရာ နားလည်မှုပေးလွန်းနဲ့ မမကို ကျနော်တကယ်ပဲ ကျေးဇူးတင်မိပါရဲ့ ။ ပခုံးလေးပဲ မှီခွင့်ရရ ကျောလေးပဲ ကပ်ခွင့်ရှိရှိ မမဖြစ်ရင် ရပါပြီ ။ ကျနော့်အတွက်အထီးကျန်ချိန်တွေမှာ အပြုံးလေးနဲ့ အဖော်ပြုပေးတတ်တဲ့ မမကို ကျနော်သိပ်အားကိုးမိပါတယ် ။ မသိတတ်ခဲ့ခြင်းတွေအတွက် အားနာ​ရပြီး ကျနော့်ဆိုးပေမှုတွေအတွက် အရှက်ရမိပါရဲ့ ။ ကျနော်ဘာဖြစ်ဖြစ် '' မမရှိတယ်နော် '' ပြောတတ်ပြီး ကျနော့်ကိုလွှတ်မချတဲ့ အမျိုးသမီးကို တကယ်ကျေးဇူးတင်ပါတယ် ။ ~ e H N î 🍁 #wlw #ကိုယ်ပိုင်photo

☘ 𝓨ű𝓼𝓱î𝓴ø ༄
☘ 𝓨ű𝓼𝓱î𝓴ø ༄
Open In TikTok:
Region: MM
Wednesday 12 August 2026 05:13:54 GMT
4434
545
4
112

Music

Download

Comments

phoo.phoo.khaing1
ρꫝꪮꪮ🦋 :
စာသားလေးပို့ပေးလို့ရလားရှင့်
2026-08-12 15:41:02
1
charm3178
𝕮𝖍𝖆𝖗𝖒 :
သိပ်ချစ်စရာ ကောင်းတဲ့ မောင့်အမျိုးသမီး💘
2026-08-12 07:28:51
1
To see more videos from user @ehni2850, please go to the Tikwm homepage.

Other Videos


About