@yoneo207: ချစ်ခြင်းမေတ္တာဆိုတာ မမြင်နိုင်တဲ့စိတ္တဇနာမ်တစ်ခုသက်သက်ဆိုတာ ကျနော်တို့အတန်းငယ်တုန်းက သင်ခဲ့ကြရတာပဲဗျ အဲ့အချိန်မှာတော့ စာတစ်ခုအနေနဲ့သာကျက်မှတ်လိုက်ပြီးအဓိပ္ပာယ်ဖွင့်ဆိုချက်တွေက ရွတ်ဖတ်နေရင်းပါးစပ်ထဲစွဲသွားတဲ့စာသားတွေအပြင်မပိုခဲ့ဘူးပဲ …….ဒါပေမယ့်အဲ့ဒီနာမ်လေးကိုကိုယ်တိုင်ကခံစားမိတဲ့အခါ ဆန်းကြယ်မှုတွေကတော့ တောက်လျှောက်ပါပဲ စိတ်ပညာရှင်တွေကော လူမျိုးစုံကကော ကိုယ်တိုင်ကကောသိထားပြီးလေ့လာချက်တွေကအစ ဘာကမှအသုံးမဝင်တော့သလိုပဲ ဒါဆိုချစ်ခြင်းမေတ္တာရဲ့အဓိပ္ပာယ်ကိုဘယ်နေရာမှာသွားရှာကြရမလဲဗျာ ……မလိုလောက်တော့ပါဘူး ကျနော့်ရှေ့မှာထိုင်နေတဲ့လူတစ်ယောက်ကိုကြည့်ရင်း ရင်ထဲကအပူမီးတွေပျောက်ပျက်ကုန်တယ် မျက်တောင်ခတ်မှုတစ်ခုချင်းစီတိုင်းကော ထွက်လာတဲ့စကားလုံးလှလှလေးတွေကော လေထဲမှာပျံဝဲနေတဲ့ဆံနွယ်လေးတွေကအစ အစောကဘာတွေများတွေးနေခဲ့လဲဆိုတဲ့အထိကိုစဉ်းစားစေမိခဲ့တယ် သေချာပေါက်သိလိုက်တာတစ်ခုပဲရှိတယ် ကျနော်အဲ့ဒီလူကို အရမ်းချစ်မိနေပြီဆိုတာပဲ ဘယ်လိုမှလည်းအဖြေရှာရမှာမဟုတ်ဘူးဆိုတာ ဘာလို့လဲဆိုရင် အဲ့ဒီလူကိုယ်တိုင်ကိုက ချစ်ခြင်းမေတ္တာရဲ့အဓိပ္ပာယ်လေးပဲကိုဗျ လူတစ်ယောက်ကိုပုံသေသတ်မှတ်ထားလို့မရသလို ချစ်ခြင်းမေတ္တာကိုလည်းတိုင်းယူပြီးပုံသေသတ်မှတ်လို့မှမရတာ ကျနော့်အတွက်ကတော့သေချာပါတယ် ချစ်ခြင်းမေတ္တာဆိုတာ အဖြေမရှိပါဘူး မေးခွန်းတစ်ခုလဲမဟုတ်သလို အကြောင်းပြချက်ဆိုတာကြီးလည်းမလိုအပ်ဘူးဆိုတာပါပဲ#Love #crush #letter #M #fyp
လိမ္မော်သီးလေးကို လွမ်းတယ်
Region: MM
Wednesday 12 August 2026 10:39:59 GMT
Music
Download
Comments
. :
I'm waiting for your post :)
2026-08-12 13:43:43
0
Chu :
တရက်တရက် အကောင့်ထဲဝင်ကြည့် အစအဆုံးပြန်ဖတ် ပြုံး”ကြီးပြန်ထွက်ရတာမို့ ကြူးတာလေးတွေမျှော်နေမယ်နော် but စာလဲကြိုးစားကြ
2026-08-12 11:35:49
1
Lottie_iago :
ဒီ accကို follow ပြန်ဖြုတ်ရမယ်ထင်တယ် အားကျလို့သေတော့မှာမို့😭
2026-08-13 06:07:47
0
🏙️ :
12တန်းပြီးသွားရင်လည်းခြေနေလေးတွေဆက်တင်ပေးပါ
2026-08-12 10:47:22
0
To see more videos from user @yoneo207, please go to the Tikwm
homepage.