@ryan_2006_sarshay: ချစ်ရတာ နာကျင်လာရင် ဒါမှမဟုတ် ငြီးငွေ့လာရင် ချစ်နည်းကိုပဲ ပြောင်းလဲလိုက်ပါ၊ အနားမှာရှိတဲ့ ချစ် ရသူကိုတော့ ဘယ်တော့မှ မပြောင်းလဲလိုက်ပါနဲ့။ ကျွန်တော်တို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ အ သက်နဲ့ရင်းပြီး တကယ်ရင်ထဲကနေ သံယောဇဉ်ကြီး ကြီးနဲ့ မြတ်မြတ်နိုးနိုး ချစ်ခဲ့ရတဲ့သူတစ်ယောက်တော့ အနည်းဆုံး ရှိဖူးကြလိမ့်မယ်။ အဲ့လိုလူမျိုးနဲ့ ဆုံတွေ့ ခွင့်ရတဲ့အခါ မိမိအပိုင်ဖြစ်လာအောင်၊ ကိုယ့်ဘဝထဲ ခေါ်ဆောင်လာနိုင်အောင် ရုန်းကန်ကြိုးစားကြတာ သဘာဝပါပဲ။ တကယ်လို့များ ကိုယ်အသက်ထက် မက ချစ်ရတဲ့သူက ကိုယ့်အပိုင် ဖြစ်လာခဲ့ပြီဆိုရင် အရင် နေ့ရက်တွေထက် ပိုပြီးတော့ပဲ ဂရုစိုက်ချစ် ပေးကြမှာ အသေအချာပါပဲ။သူ့အပေါ်ထားတဲ့ ကိုယ့် ရဲ့အချစ်တွေက တကယ်ကို ဖြူစင်ပါတယ်၊ ဘာမျှော် လင့်ချက်မှမပါဘဲ တကယ်လည်း ရူးရူးမူးမူးချစ်ခဲ့ တာပါ။ ဒါပေမယ့် အချစ်က ဘယ်လောက်ပဲဖြူစင် ပါစေ အချိန်တွေ ကြာလာတဲ့အခါ၊ နေ့ရက်တွေ ရိုး အီလာတဲ့အခါတစ်ခါတစ်လေ သူ့ကိုချစ်ရတာ နာ ကျင်တယ်လို့ ခံစားရတာမျိုး၊ တစ်ခါတစ်လေ ဒီ Relationship ကြီးက စိတ်ညစ်စရာကောင်းပြီး မွန်း ကျပ်ဖို့ကောင်းတယ်ဆိုပြီး ငြီးငွေ့မိသွားတာမျိုးဟာ လူတိုင်း ကြုံဖူးကြမှာပါ။ အဲ့ဒီအခါ "ငါ သူ့ကို မချစ် နိုင်တော့ဘူးထင်တယ်" ဆိုတဲ့ စိတ်အလိုကိုလိုက်ပြီး ကိုယ့်လက်ကိုတွဲထားတဲ့ ချစ်ရသူကို လက်လွှတ် လိုက်တာမျိုး၊ အစားထိုးလိုက်တာမျိုး လုံးဝမလုပ် ပါနဲ့။ လူနှစ်ယောက်အချိန်အကြာကြီးတွဲလာတဲ့အခါ ဒီလိုအချိုးအကွေ့မျိုး၊ ဒီလို ခံစားချက်မျိုးက သဘာ ဝအတိုင်း ဖြစ်လာစမြဲပါ။ တကယ်တော့ ကိုယ်က သူ့ကို အရမ်းချစ်လွန်းလို့၊ ဆုံးရှုံးရမှာ ကြောက်လွန်း လို့သာ သူနဲ့ပတ်သက်သမျှ သေးသေးမွှားမွှားလေး ကအစ ကိုယ့်အတွက် တွေးစရာတွေ ဖြစ်လာရတာ။ "သူ ဘာလို့ စာမပြန်တာလဲ တခြားသူနဲ့ ပြောနေလို့ လား"၊ "သူ ဘာလို့ အရင်လို မအားရတာလဲ... ငါ့ ကိုပဲ ဂရုမစိုက်တော့တာလား" ဆိုပြီး နောက််ထပ် အဆုံးမရှိတဲ့ သံသယအတွေးပေါင်းများစွာနဲ့ပေါ့။ အထူးသဖြင့် အတွေးလွန်တတ်တဲ့ Overthinking သမားတွေဆိုရင် ဒီဒဏ်ကို ပိုပြီး ခံစားရပါတယ်။ ဒီလို သံသယတွေ၊ စိုးရိမ်စိတ်တွေနဲ့ နေ့စဉ်တွေးတော ရင်း အချိန်ကြာလာတဲ့အခါ အဲ့ဒီအတွေးတွေကပဲ ရင်ထဲမှာ အနည်ထိုင်ပြည့်နှက်လာပြီး "သူ့ကိုချစ်ရ တာ နာကျင်လိုက်တာ၊ ပင်ပန်းလိုက်တာ" ဆိုပြီး အထီးကျန်မှုတွေ ဖြစ်လာတော့တာပါပဲ။ အဲ့ဒီအချိန် ကျရင် ကျွန်တော်တို့ကချစ်ရသူကို ပြောင်းလဲပစ်ဖို့ မကြိုးစားဘဲ၊ ကိုယ့်ရဲ့"ချစ်နည်း" ကိုပဲ အေးအေး ချမ်းချမ်းလေး ပြောင်းလဲပြီး ချစ်ကြည့်ကြရအောင်။ "မတွေးနဲ့" လို့ ပြောလည်း ချစ်နေသရွေ့တော့ တွေး မိနေဦးမှာပါပဲ။ တွေးပါ... ဒါပေမယ့် ဘယ်လိုအခြေ အနေမျိုးပဲဖြစ်ဖြစ် အဆိုးမြင်မယ့်အစား အကောင်း ဘက်ကနေ လှည့်တွေးပေးကြည့်ပါ။ မတင်မကျဖြစ် ပြီး ရင်မောနေမယ့်အစား တစ်ခုခုဆိုရင် ပွင့်ပွင့်လင်း လင်း ပြောပြပြီး ရင်ဖွင့်တိုင်ပင်ပါ။ ပြီးရင် သံသယ တွေ အကုန်လုံးကို ဘေးချိတ်၊ အေးအေးချမ်းချမ်း လေးနဲ့ အပြန်အလှန် ယုံကြည်မှုအပြည့်နဲ့ ပြန်ချစ် ကြည့်ကြမလား။ ဒီနေရာမှာ "ချစ်ရသူကိုမပြောင်း နဲ့" ဆိုတာက တစ်ဖက်လူက ကိုယ့်ကို တမင်သက် သက် နာကျင်အောင်လုပ်နေတာပဲဖြစ်ဖြစ်၊ သစ္စာ ဖောက် ဖောက်ပြန်သွားတာပဲဖြစ်ဖြစ် အဲ့လိုလူမျိုး ကို အသေအလဲ ဆက်ဖက်တွယ်ထားဖို့ ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ချစ်သူက ကိုယ့်အနားမှာ ရှိ နေပေးပြီး ကိုယ့်ကိုလည်း အချစ်တွေ ပေးနေပါ လျက်နဲ့... ကိုယ့်ရဲ့ မလုံခြုံတဲ့အတွေးတွေ၊ အတ္တတွေ ကပဲ ကိုယ့်ကိုပြန်ပြီး နာကျင်အောင်နှိပ်စက်နေတာ မျိုးဆိုရင်တော့...ကျွန်တော်တို့ဟာ တစ်ဖက်လူကို အပြစ်တင် စိတ်ကောက်မယ့်အစား၊ မိမိရဲ့ ချစ်နည်း အမှားလေးတွေကို ပြန်ပြင်ပြီး တစ်ခါလောက်ပဲ အ သစ်ကပြန်စတဲ့အလား နားလည်မှုအပြည့်နဲ့ ပြောင်း လဲချစ်ကြည့်လိုက်ကြရအောင်။ချစ်ရတာ နာကျင် လာရင် ချစ်နည်းပြောင်းပါ ချစ်ရသူကို မပြောင်း လိုက်ပါနဲ့” #စာတို #စာရှည် #feelings #feel #feel

𝐑𝐲𝐚𝐧//စာရှည်☆
𝐑𝐲𝐚𝐧//စာရှည်☆
Open In TikTok:
Region: MM
Wednesday 12 August 2026 12:42:35 GMT
68299
5926
50
840

Music

Download

Comments

bjyxszd585
小蓉 :
အကုန်လုံးပွင့်လင်းခဲ့ပီးပီ သူ့ဘက်ကအားမထုတ်ချင်တာ ဂရုကိုမစိုက်တာ😔 ဒါကြောင့် တိတ်တိတ်နေဖို့ပဲရွေးချယ်တော့မယ်
2026-09-21 10:02:02
4
ajohn.1525
Haruto🫶🏼💐(Ð🤞🏻) :
Brothers စားသားလေး
2026-08-26 06:07:56
0
sanmyatkhine5
🪷Hôñëy🍁Mævēry🍂♉ :
နောက်တစ်ယောက်စီကိုကျေကျေနပ်နပ်သွားတာပါဆွဲထားရင်သူလဲကိုယ်ပေါ်စိတ်မရှိတော့ဘူးလေကိုယ်ကပြန်လိုချင်တာတောင်သူစိတ်ကတစ်ခြားတစ်ယောက်စိမှာလေသူလဲပျော်ဖို့တွက်ကိုယ်လဲကောင်းဖို့အတွက်လက်လွှတ်ပေးရတာပါမချစ်လို့မဟုတ်ပါဘူးနှစ်ယောက်လုံးကောင်းဖို့အတွက်ပါ🥰🥰🥰🥰🥰
2026-09-10 04:49:27
2
lone.lone661
Lone Lone :
ပြောင်းကြည့်ပြီးပါပြီဘယ်လိုမှအချစ်လို့မခံစားရတော့လို့ လက်လွတ်လိုက်ရတာပါ ၄နှစ်တာသံယောဇဥ်လေး🤍🩶
2026-09-26 08:15:11
1
backdate1999
Z :
ကျိုးစားခဲ့ပြီးပြီး မရဘူး ကိုယ်ဘက်က ချစ်နည်းမျိုးစုံနဲ့ ချစ်ပြခဲ့ပေးတာကို မရခဲ့တာပါ လက်လွတ်လိုက်ပြီူ
2026-09-20 13:52:34
0
worldcrafter_offical
WorldCrafter :
လူတိုင်းမြင်စေချင်တယ် ဒါမျိုးက viral အရမ်းမဖြစ်ဘူး
2026-10-06 22:47:33
0
mamoe8318
mamoe8318 :
ဆင်းတော့မယ်နော် အိပ်တော့မယ် မနက်ကျရင်နဲနဲစောစောထရမယ်လေ
2026-09-25 15:04:28
0
shwetaqj1s3
🍓❤️ :
copyလေးယူပါရစေ
2026-09-22 03:59:54
0
xlaever4
xlaever4 :
အရမ်းချစ်တယ်နော် ခုစာရေးသူရေ ကျေးဇူးဗျ 🥰🥰🥰
2026-08-16 12:59:51
1
tracy.228
✨𝓡𝓲𝓽 𝓢𝓮𝓲𝓷 𝓛𝓪𝔂✨ :
စာသားလေးကူးယူခွင့်ပေးပါ
2026-10-05 17:05:22
0
justin.ko.kae
𝕵𝖚𝖘𝖙𝖎𝖓 𝕶𝖔 𝕶𝖆𝖊 :
မပြောင်းလဲဘဲချစ်နေပါသေးတယ်ဗျာ
2026-10-07 13:05:53
0
tiktok.comelove688
୨୧ 𝑬 ୨୧ :
ကျွန်တော် ပြန်တင်ထားလို့ crd ပေးပါတယ်ဗျာ့ post မှာမပါသွားလို့ပါဗျာ့ ခွင့်ပြုပေးဖို့တောင်းဆိုပါတယ်ဗျာ့
2026-09-18 13:50:45
0
nang.cho.kham29
Annie :
အချစ် ပဲပြောင်းလိုက်ပါလူဘာလို့ပြောင်းမာလဲနောက်တ စ်ယောက်ပြောင်းလဲဒီလိုကဒီလိုပါပဲလူပြောင်းသွားတာပဲရှိမယ်ကျန်တာပြောင်းလဲသွားမာမဟုတ်ပူးရယ်
2026-09-22 14:48:13
0
sandar6176
🌻sandar🌻C's🌷 :
ပြန်တင်ချင်လို့ပါရှင့် စာသားလေးလိုချင်ပါတယ်
2026-10-08 01:16:31
0
userflower9943
👶宝宝🫠 :
ထပ်ချစ်ရမှာကိုကြောက်နေပီးတယောက်တည်းပဲလှအောင်နေတော့မယ်
2026-10-04 19:20:42
0
lostlittleboi
DEAD/デッド/ :
2026-08-13 12:27:07
0
kindnechit
chit chit :
😂😂😂😂
2026-10-09 15:49:50
0
mamoe8318
mamoe8318 :
အင်းပါ သူကလဲ မ ချစ်ရတဲ့သူကိုပြောင်းစရာမလိုပါဘူး ဘာလိုဆို သူကိုသေတဲ့ထိချစ်မယ်လိုကတိပေး ထားတယ်လေ ဟေ့လူချစ်တယ်နော်
2026-09-25 15:03:32
0
su.lin.nwe
Ah Xsu🦥🫶🏿 :
စာသားလေးယူသုံးချင်လို့ပါရှင့်
2026-09-14 15:48:49
0
mhz615
🍀N𝓪𝓷 M𝓸 H𝓸𝓶....🍀မေ :
💜💜
2026-09-15 09:49:40
0
sunflower18112
🍀𝓢𝓮𝓵𝓮𝓷𝓪🍀 :
စာသားလေးယူသုံးခွင့်ပြုပါ
2026-09-16 07:48:37
0
gym2677
𝙕 ..🗯:🗯𝙏𝙮𝙥𝙞𝙣𝙜....🖤 :
ပြောင်းနေတာဘဲ သူကကိုအလိုမကြဘူး သူချစ်တာကိုမဟုတ်လို့လားမသိ😞🥀
2026-10-17 01:54:59
0
daisypann00
Daisy Pann :
ချစ်နည်းပြောင်းတာက စာထဲမာပဲရှိတာထင်တယ် လက်တွေ့မာတော့ အဲလောက်ထိ ဖြည့်မတွေးနိုင်ဘူးလေ ကိုယ်တိုင်ဖစ်ဖူးမှပဲ နားလည်ကျတာပါ နောက်ဆုံးမာ ကိုယ့်ကိုပဲ နာကျင်စေတာအဖတ်တင်တယ်🥺
2026-10-07 15:30:50
0
mkchou4
LEWO(ရွာသားလေး) :
သကယ်ကောင်းတဲ့စာသားလေးပါ🥰ဖတ်ရတာတန်တယ်
2026-09-15 14:05:50
0
july311015
𝙹𝚞𝚕𝚢14♋* :
ပြန်တင်ပါရစေ🩷
2026-08-24 03:54:17
0
To see more videos from user @ryan_2006_sarshay, please go to the Tikwm homepage.

Other Videos


About