@paleya.channel: 🌠ယနေ့ည ၁၁ နာရီမှ မိုးလင်းချိန်အထိ ထိုင်းနိုင်ငံမှ တစ်နာရီလျှင် ကြယ် ၁၀၀ ခန့် ကြွေတာကို မြင်ရနိုင် 💫မိုးတိမ်ထူနေတဲ့ နေရာတွေက မြင်ရမည်မဟုတ် --- ဒီနေ့ ဩဂုတ် ၁၂ ရက်ညမှာ အစုလိုက်ကြယ်ကြွေဖြစ်စဉ်ကို ထိုင်းနိုင်ငံတစ်ဝန်းကနေ မြင်တွေ့နိုင်မယ်လို့ ထိုင်းနိုင်ငံ အမျိုးသားနက္ခတ္တဗေဒသုတေသနအင်စတီကျု (NARIT) က အသိပေးထားပါတယ်။ ကြယ်မိုးကို ည ၁၁ နာရီဝန်းကျင်ကနေ ဩဂုတ် ၁၃ ရက် မိုးလင်းချိန်အထိ စောင့်ကြည့်နိုင်ပြီး အများဆုံးအချိန်မှာ တစ်နာရီကို ကြယ် ၁၀၀ ခန့်အထိ မြင်တွေ့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ကြယ်မိုးတွေဟာ ကောင်းကင်ရဲ့ အရှေ့မြောက်ဘက်ကနေ ဖြာထွက်လာသလို မြင်ရမှာဖြစ်ပြီး ည ၁၁ နာရီဝန်းကျင်မှာ အရှေ့မြောက်ဘက် မိုးကုတ်စက်ဝိုင်းပေါ်ကနေ စတင်မြင်တွေ့နိုင်ပါတယ်။ ဒီနှစ်မှာ လရောင်အနှောင့်အယှက် မရှိတာကြောင့် ကြယ်တွေကို ပိုမိုရှင်းလင်းစွာ မြင်နိုင်မယ့်အခြေအနေ ရှိပါတယ်။ မြို့ပြမီးရောင်တွေနဲ့ ဝေးတဲ့ အမှောင်ထုကောင်းတဲ့နေရာမှာ အရှေ့မြောက်ဘက် ကောင်းကင်ကို မျက်စိနဲ့ တိုက်ရိုက်ကြည့်ရှုဖို့ NARIT က အကြံပြုထားပါတယ်။ ဒါပေမယ့် မိုးရာသီဖြစ်တာကြောင့် မိုးတိမ်ထူတဲ့နေရာတွေမှာတော့ မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ ကြယ်ကြွေတာဟာ နှစ်စဉ် ဇူလိုင် ၁၇ ရက်ကနေ ဩဂုတ် ၂၄ ရက်အထိ ဖြစ်ပေါ်လေ့ရှိပြီး ဩဂုတ် ၁၂ ရက်နဲ့ ၁၃ ရက်ဝန်းကျင်မှာ အများဆုံး မြင်တွေ့ရပါတယ်။ ကြယ်ကြွေတွေက အာကာသထဲမှာ ကျန်ရှိနေတဲ့ အမှုန်အမွှားတွေ ကမ္ဘာ့လေထုထဲ ဝင်ရောက်လာပြီး လောင်ကျွမ်းရာကနေ ကောင်းကင်မှာ အလင်းတန်းတွေအဖြစ် မြင်ရတာဖြစ်ပါတယ်။ #ထိုင်းသတင်း #ကြယ်ကြွေ #NARIT #ThailandNews #fyp
PLY News
Region: TH
Wednesday 12 August 2026 13:19:07 GMT
Music
Download
Comments
ထိုင်းရောက်ရွှေမြန်မာများ :
အိပ်ရေးဝဝအိပ်ကြ
မနက်အလုပ်သွားရမှာ
2026-08-12 14:12:11
123
Than Than Mon :
ကြယ်တော့ တစ်လုံးမှမတွေ့ဘူး မိုးတော့မဲသဲနေတာပဲ😏😏😏
2026-08-12 14:01:52
39
𝑵𝒆𝒚 𝑲𝒉𝒂𝒏𝒕 ♻️ :
ည11နာရီဘာကြယ်မှ မတွေ့😄
2026-08-12 16:02:04
13
Moe :
ကြယ်တလုံးမှမရှိမိုးအုပ်နေလို့
2026-08-12 14:31:49
6
Ko Ko :
အိပ်ရေးဝဝအိပ်ကြပါကြယ်ကြွေတာမတွေတာကသူအပိုင်းမနက်အလုပ်မဆင်းနိုင်ရင်ပိတ်ရက်ခမရမာကကိုအပိုင်း
2026-08-12 14:24:42
15
arkar phyo :
11 ထိုးတော့မယ်
2026-08-12 15:57:37
2
zayar min :
2026-08-12 15:15:08
1
Nay myo :
အိပ်ယာကနေပြေးပီသွားကြည့်လိုက်တယ် ဘာမှမတွေ့လို့သေပေါက်ပြီပြန်အိပ်တယ်
2026-08-12 16:18:35
2
Psÿchø Â Mïñ :
1လုံးပဲရှိတယ်😑
2026-08-12 15:07:39
6
poe Lay🌸🌿🇹🇭👩🏻🚒🇲🇲🤗 :
10နာရီ၂၀ရှိပြီး
2026-08-12 15:21:24
4
♥️Ê 💖 Ê 💝 T 💓( Bago ) :
10 :29 ထွက်ကြည့်တာ မှောင်းမဲနေတာဘဲ ကောင်းကင်ကြီးက😁😁
2026-08-12 15:30:33
2
Htet Gyi :
အစင်း၁၀၀ကြေွရင် အခါ၁၀၀ဆုတောာင်းလိုက်မယ် သူမနဲ့နီးရပါလို၏လို့😏
2026-08-12 15:17:23
2
Anwar Tkhin :
ဒီပို့စ်ကိုမြင်တော့ချက်ချင်းပဲထွက်ကြည့်လိုက်တယ်11:15ဒီလိုတွေ့ရတာပဲ
2026-08-12 16:04:54
2
KHUN KYAW YIN :
ကြယ်နည်းနည်းတော့တွေ့တယ် ၁၁/၁၆မိနစ်ပေါ့
2026-08-12 16:16:16
1
ZAW Myo♥️♥️♥️ :
တွေ့ကြလာအမှန်ပြောပေးပါ🤣🤣🤣🤣
2026-08-12 16:22:49
0
🪼🐩Jammie Nar🪼🐩 :
Vd တွေ့တာနဲ့ပြေးထွက်ကြည့်လာတာ တကယ်ဟုတ်တယ်ဟ🌟100
2026-08-12 15:59:30
0
02 :
10:44ပါ
2026-08-12 15:44:19
1
@painggyi1475 :
ယနေ့က ဘုရင်မကြီးမွေးနေ့ဖစ်ပါတယ်
2026-08-12 16:28:16
2
No Dream :
ရှယ်ဗျာ ကြယ်တွေ ကြွေနေတာ
2026-08-12 16:05:04
0
MinHtet :
တကယ်ဟ
2026-08-12 16:05:22
0
𒁂N!KO𒁂 :
11:4
2026-08-12 16:04:34
0
🤎 Wai 🎀 :
11:17 မြင်ဘူးချင်လို့စောင့်နေတာ မတွေ့ဘူး
2026-08-12 16:18:01
1
QUEEN size and likes :
တွေ့တဲ့သူတွေvideoရိုက်တင်ပေးပါ😂
2026-08-12 14:33:01
1
To see more videos from user @paleya.channel, please go to the Tikwm
homepage.