@aungsunaing74: ကြောင်တွေက စိတ်နာတတ်လားဟင်💔🥺အိမ်ကကြောင်လေးက ရွာအခြေနေမကောင်းလို့ အမေပြင်ဦးလွင်မှာသွားနေတော့ သူ့ကိုအဒေါ်အိမ်ကကြည့်ပေးထားတယ် အချိန်က 5လလောက်ကြာသွားတယ် အမေသွားခါစက အိမ်ကိုနေ့တိုင်းလာကြည့်တယ်တဲ့ ဟိုရှာဒီရှာ ရှာပြီးရင် ပြန်သွားတယ်တဲ့ အခု အမေရောက်တော့ သူနေတဲ့အိမ်က အဒေါ်ရဲ့သားက သူ့ကိုအိမ်လာပို့တော့ ချက်ချင်း အဒေါ်အိမ်ကို လှည့်ပြန်သွားတယ်တဲ့ ကျွန်တော် ရွာရောက်တော့လည်း အိမ်မှာမနေဘူး သူ့စိတ်ထဲမှာတကယ်ပဲ ကျနော်တို့ကို စိတ်နာသွားတာလားမသိဘူးနော် အခု Videoမှာတွေ့တဲ့အတိုင်းပဲ မိုးရွာထဲ ရွံ့တွေထဲတောင် မရမက ပြန်သွားတာ သူ ဘယ်လောက်တောင် နာကျဉ်းနေလို့လဲမသိဘူး💔#တိချစ်သူများအတွက်သာ

Aung Su Naing
Aung Su Naing
Open In TikTok:
Region: MM
Wednesday 12 August 2026 14:34:43 GMT
752842
52528
798
1786

Music

Download

Comments

ahmai52
Ah Mai :
ကြောင်လေးက ကုရင်လမ်းလျှောက်နိုင်သေးတယ်ရှင့် calcium လေးတိုက်ပီး ခြေနှစ်ဖက်ကို ဆွဲလိုက်ဆန့်လိုက်လုပ်ရင် အကောင်းဖစ်နိုင်သေးတယ် ရှင့် ညီမအရင်တုန်းက အဲ့လိုကောင်လေး မွေးဖူးတယ် ☺️☺️☺️
2026-08-12 16:10:22
1350
mya.yamin.thu00
Mya Yamin Thu :
စိတ်နာတက်တာလားတော့သေချာမသိဘူး ခွေးနဲ့ကြောင်မှာ ခွေးကသာ သခင်ကိုဝေးသွားလည်း သံယောဇဉ် ရှိတာ ကြောင်က ရက်ပိုင်းဆို မေ့သွားတာ ကိုယ့်အတွေ့အကြုံကိုပြောတာပါ
2026-08-13 12:45:07
198
ookhin086
ဦးခင်ရီ :
ကြောင်တွေရဲ့ မှတ်ဥာဏ်က ခွေးတွေထက်တောင် မှတ်မိနိုင်စွမ်းရှိပါတယ် ကြောင်တွေက သူ့သခင်ကို တသက်လုံးမှတ်မိပါတယ်။ အသံနဲ့ အနံ့ကို မှတ်ထားတာပါ ကြောင်တွေက သူတို့ကို နွေးထွေးမူပေးတယ် အစာကျွေးတဲ့သူကို မိခင် သို့မဟုတ် သခင်သဖွယ် သတ်မှတ်ပါတယ်။အခုလဲ ကြောင်က အရင်ပိုင်ရှင်ကိုမှတ်မိပါတယ် ဒါပေမယ့် လက်ရှိသူ့ကိုကျွေးမွေးတဲ့သခင်ဆီကိုပဲ သူတို့စိတ်ထဲမှာရှိပါတယ်။ဒါကြောင့်မို့ပါ နွေးနွေးထွေးထွေးထားပြီး အစာပြန်ကျွေးကြည့်ပါ အဆင်ပြေသွားလိမ့်မယ်။ စွန့်ပစ်ခဲ့တာဆိုတော့ သူတို့ သခင်လို့ မယုံတော့တာပါ
2026-08-12 20:27:21
310
poeoutvfyap
Shwe Ou branded collection :
ကလေးကအောက်ပိုင်းသေနေတာမဟုတ်ဘူးနော် သေချာဂရုစိုက်လိုက်ရင် ပြန်ကောင်းပါတယ် အချိန်တောင်သိပ်မပေးရလောက်ဘူး
2026-08-13 04:56:43
70
thiri.naing075
May Thiri Naing :
ဆေးခန်းပြပေးပါ ပစ်မထားနဲ့ ကလေးကို သူက စိတ်နာတာ မဟုတ်ဘူး သူ့ကို ဂရုစိုက်တဲ့အိမ်ကို သံယောဇဥ်ဖြစ်သွားလို့ မရမက ပြန်တာ အရမ်းချစ်တယ် ကလေးရေ😘 ကျန်းမာရေး ကောင်းပါစေနော် ဘုရားမှာ ရေချမ်း ပန်း ဆီမီးကပ် ပုတီးစိတ်တဲ့ ကုသိုလ်အား ကလေးဆီပေးပါတယ်ရှင် ကလေး ကျန်းမာရေးကောင်းမွန်ပါစေ
2026-08-12 17:46:39
422
thiri32796
Thiri Mon :
တိရိစ္ဆာန်ဆေးခန်းလေးပြပီး ဆေးတစ်လုံးလောက်ထိုးပေးလိုက်ပါ နွေးနွေးထွေးထွေးထား ပေးရင် ကောင်းလာမှာပါ...
2026-08-12 16:18:25
127
itsme_avahsuu
Ava Hsu :
ကလေးခြေထောက်က ဘယ်လိုဖြစ်သွားတာလဲဟင်
2026-08-13 02:28:17
15
shwe.zin.win6670
SHWE ZIN WIN 🦥 :
သူ့စိတ်လေး အရမ်းနာကျင်သွားတာနေမှာ🥺
2026-08-12 16:22:18
79
yadanar.linn7221994
Yadanar Linn :
သူ့အပေါ်ကောင်းပေးခဲ့တဲ့သူကိုသစ္စာရှိတာကလေးက သနားလဲသနားချစ်လဲချစ်စရာလေးပါ🥺
2026-08-12 17:33:39
10
zin.ko.ko905
Zin Ko Ko :
ဘယ်သတ္တဝါဖစ်ဖစ် စွန့်ပစ်ခံရတယ်လို့ ခံစားရရင်စိတ်နာတတ်ပါတယ်ဗျ။တိလေးတွေလဲ လူလိုသာဦးနှောက်မကောင်းတာ နှလုံးသားကတော့ လူလိုပဲ ချစ်တတ်ပါတယ်။ပြန်ဂရုစိုက်ပေးရင် အဆင်ပြေမှာပါ။
2026-08-12 19:30:47
23
aye.chann21
Aye Chann :
တိမချစ်တတ်တဲ့အိမ် နဲ့ လူနဲ့ တွေ့ရင် က လေး တွေဘဝက ခုလိုရှင်ရက်နဲ့ သေသလိုပါပဲ 😔 သနားလိုက်တာ
2026-08-13 01:49:51
27
phuepwint675
Phue Pwint :
ကလေးလေးကို ဆေးပြကြည့်ပါ့လားရှင့်
2026-08-12 16:21:21
10
al.sin61
Al Sin :
ကိုယ့်ကြောင်လေး လဲ အောက်ပိုင်း ယိုင်ယိုင်ပြီး လမ်းသိပ်မလျှောက်နိုင်တော့လို့ တစ်ခုခု ဖြစ်မှာ ကြောက်ပြီး ဆေးခန်း ၅ ရက်ဆက်တိုက်ပြတယ် အဖေပုဆိုး နဲ့ ဗိုက်ကနေ သိုင်းပြီး လမ်းလျှောက်ခိုင်းတယ် အားရင် သူခြေထောက်လေးတွေ နှိပ်ပေးတယ်ပြီးရင်ပြန်ကွေးလိုက်နဲ့ အကျောလျောပေးတာ အခုပြန်ကောင်းသွားပြီး
2026-08-12 17:12:05
36
linn103x
မီ🥀 :
စွန့်ပစ်သွားတဲ့သူကို ဘယ်သူကတွယ်ကပ်နေအုံးမှာလဲ🥺🥺
2026-08-13 05:09:18
5
kyawtnwesoe
Kyawt Nwe Soe :
အ်မ်ကခလေးလေးခွေးကိုက်ခံရတာ အဲလိုပဲလမ်းမလျှောက်တတ်တော့ဘူး အဲဒါ ဆေးခန်းသွားပြီး ဆေး ၃လုံးထိုးပေးတယ် အရိုးမာအောင် ensure တိုက်တယ် အခုဆို လမ်းလည်းပြန်လျှောကိနိုင်သွားပြီ ခလေးလေးကို အမြန်ဆုံးလမ်းပြန်လျှောက်စေချင်လို့ ပြောပြတာပါရှင့် ဆရာလုပ်ချင်းမဟုတ်ပါ
2026-08-13 04:41:56
18
yangyang.xiao5
Ocean 24 :
လမ်းမှာတ ခြားခွေးကြောင်တွေရန်ပြုနေအုံးမယ်ရောက်အောင်လိုက်ကြည့်ပေးရဲ့လားမသိ
2026-08-13 04:11:28
5
seesanmyahtun27
H🤍🖤 :
သေချာဂရုစိုက်ပေးပါအုံး မောင်လေးရေ 🥺 ခွေးတွေ လိုက်ဆွဲမှာ စိတ်ပူလိုက်တာ
2026-08-14 06:22:33
5
wityi27
༻♡𝓦𝓲𝓽𝔂𝓲❷❻♡༺ :
နောက်တခါထားခဲ့ခံရမှာကြောက်လို့သူ့ကိုမပစ်ပယ်တဲ့အိမ်ကိုပဲပြန်တာပါ
2026-08-12 17:37:35
6
its.harry.pari
mg.harry🐈‍⬛♑︎🖤 :
ကလေးလေးကို ပစ်မထားပါနဲ့ဗျ!🙏 သူ့ကို တဖြည်းဖြည်းချင်းချော့ပီး ပြန်ခေါ်ထားပါဗျ! btw camera က ဘာနဲ့ရိုက်တာလဲဗျ color tone လေးလှလို့!
2026-08-13 11:23:52
10
yuri202627
Yuri :
သူ့ခြေထောက်လေးကမကောင်းပဲမြေပေါ်ပဲသွားနေရတော့ ခွေးလေးတွေရန်ကနေလဲ ကာကွယ်ပေးပါဦးရှင့် ခွေးလေးတွေလဲတိလေးတွေမို့ ရိုက်ခိုင်းတာတော့မဟုတ်ဖူးရှင့် စိတ်ပူလို့ရှင့် သူ့ကိုပြနိနွေးထွေးပွေ့ပီးပြနိမွေးရင် သူ့စိတ်ကလေးအဆင်ပြေလာမယ်ထင်တယ်ရှင့်အကို💞
2026-08-12 17:48:24
8
nant.su.sandar.th
Nant Su Sandar Thein :
အစာမဝလို့ဖြစ်တာ။အိမ်ကမီးညောင်လည်းအဲ့လိုဖြစ်ဖူးတယ်။
2026-08-12 16:54:48
9
phyusinhtun204
Phyusin Htun🪡🧵✨ :
ချီ ပီး ပို့ပေးလိုက်ပါလားကွယ် သနားလိုက်တာ
2026-08-12 16:23:39
6
pawdramacouple
PawDramaCouple :
ကြောင်လေးကို အာရုံကြောအားဆေး နဲ့ ကယ်ဆီယမ်လေးတိုက်ပေးပါလားပြန်ကောင်းလာမှာပါ အခုကြောင်လေးကိုကြည့်ရတာ သွားလာချင်စိတ်လည်းရှိနေသေးတဲ့ပုံပဲ စိတ်ဓါတ်လည်းမကျသေးဘူးဆိုတော့ပြန်ကောင်းလာနိုင်တယ် အိမ်က ကလေးလည်း အောက်ပိုင်းလုံးဝမလှုပ်နိုင်တော့တဲ့အခြေအနေကနေ ခြေထောက်ကိုဆွဲဆန့်တဲ့လေ့ကျင့်ခန်းနေ့တိုင်းလုပ်ပေးပြီး ဆေးတိုက်လိုက်တာ အခုတော့လက်လက်ထပြီးပြေးနိုင်နေပြီ Neurobion အနီကတ် တစ်ရက် ၂လုံး နဲ့ ကယ်ဆီယမ် လေး တိုက်ကြည့်ပါလား
2026-08-12 17:51:19
12
mona6603reel
𝐌𝐲𝐨𝐞 𝐓𝐡𝐢𝐧𝐳𝐚𝐫 𝐒𝐨𝐞 :
စိတ်မကောင်းဖြစ်နေလို့ နေမှာပါ။ ငါငိုနေရပြီ။ ပြန်ခေါ်ပြီးနွေးထွေးနေပါနော်။ ဆေးလည်းကုပေးပါနော်။ ခွေးkite မှာစိုးလို့ပါ 😭😭😭😭😭😭
2026-08-13 15:31:51
9
theingi3930
*** :
ကြောင်လေးက စိတ်နာတက်ပါတယ် ကိုယ့်တွေ့စိအမြဲအစားလာတောင်တဲ့ ကြောင်ဝါလေးရှိတယ် အမြဲလာတာနော်အစာစားဖို့ သူကို အရမ်းချစ်တာ ချီရင်လည် လုံးဝမကိုက်ဘူး နောက်ကျတစ်ရက် ရှေ့ ခြေထောက်က ထော့နယ်ထော့နယ်ဖြစ်နေတော့ ကိုယ့်က အတင်းစွဲပိ ဆေးလူးပေးလိုက်တာ သုံးရက်လောက် သူအရမ်းနာတာသိပေမယ့် အမြန်ကောင်းအောင် သေချာလူးပေးလိုက်တာ အခုဆိုရင် ကိုယ့်ခေါ်ရင် လှည့်မကြည့်ဘူး အစားလည်ခေါ်ကျွေးတာတောင် မစားဘူး လုံးဝကို မကြည့်တာ ကိုယ့်ခေါ်ရင် စိတ်မကောင်းပေမယ့် ကိုယ့်သာ ဆေးသေချာမလူးပေရင် သူပြန်မကောင်းလောက်ဘူးဆိုပိတော့ နေလိုက်ပါတယ်
2026-08-13 07:52:38
6
To see more videos from user @aungsunaing74, please go to the Tikwm homepage.

Other Videos


About