@thuyawin780: တကယ်တော့.... ကိုယ်တို့နှစ်ယောက်က တစ်ယောက်အကြောင်း တစ်ယောက် အသိဆုံးဖြစ်ခဲ့ကြသလို၊ တစ်ယောက်ကိုတစ်ယောက် အချစ်ဆုံးတွေလည်း ဖြစ်ခဲ့ဖူးပါတယ်.....။ ဒါပေမဲ့ လောကကြီးရဲ့ "အဆင်မပြေမှု" ဆိုတဲ့ စည်းမျဉ်းတစ်ခုကြားမှာ ကိုယ်တို့နှစ်ယောက်စလုံး ဒူးထောက်အရှုံးပေးခဲ့ရတယ်နော်။ မင်းကို ကိုယ်တောင်းပန်ချင်တာကလေ.... ကိုယ်တို့အတူတူရှိခဲ့စဉ်က မင်းအပေါ် နားလည်မှုမပေးနိုင်ခဲ့တဲ့ အချိန်တွေ၊ ကိုယ့်ရဲ့ မရင့်ကျက်မှုတွေကြောင့် မင်းမျက်ရည်ကျခဲ့ရတဲ့ ခဏတာတွေအတွက် တကယ်တောင်းပန်ပါတယ်။ ကိုယ့်ကြောင့် မင်းစိတ်ညစ်ခဲ့ရတာတွေကိုပဲ မေ့ဖျောက်ပစ်ခဲ့ပြီး ကိုယ်တို့အတူတူရယ်မောခဲ့တဲ့ အချိန်လေးတွေကိုပဲ မှတ်မိနေပေးပါ။ နောက်ပြီး..... မင်းကို ကိုယ်ကျေးဇူးတင်ပါတယ် ကိုယ့်ဘဝရဲ့ အမှောင်ဆုံးနေ့ရက်တွေမှာ မင်းဟာ အလင်းရောင်တစ်ခု ဖြစ်ပေးခဲ့လို့ပါ။ လူတွေအများကြီးကြားထဲမှာ ကိုယ့်ကိုရွေးချယ်ပြီး ချစ်ပေးခဲ့လို့၊ ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကို သည်းခံပေးခဲ့လို့ မင်းကိုအမြဲတမ်း ကျေးဇူးတင်နေမှာပါ။ မင်းနဲ့တွေ့ခဲ့ရတာဟာဘဝရဲ့အလှပဆုံး အချိန်တစ်ခုပါပဲ။ ကိုယ်မှာချင်တာကတော့..... ရှေ့ဆက်မယ့် မင်းရဲ့နေ့ရက်တွေမှာ ကိုယ်မရှိတော့တဲ့နောက် မင်းကိုယ်မင်း ပိုချစ်ပါ။ ကိုယ့်ကိုသတိရလို့ ဝမ်းနည်းနေမယ့်အစား မင်းရဲ့အိမ်မက်တွေကိုပဲ အကောင်အထည်ဖော်ပါ။ အချစ်ဆိုတာ ပိုင်ဆိုင်ရမှ အဓိပ္ပာယ်ရှိတာမဟုတ်ပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် ဝေးနေရင်တောင်တစ်ဖက်လူ ပျော်ရွှင်နေတာကို မြင်ရရုံနဲ့ ကျေနပ်ရတာမျိုးပါ။ တကယ်လို့ တစ်နေ့နေ့မှာ မင်းကို ကိုယ့်ထက်ပိုချစ်တဲ့သူ၊ ကိုယ့်ထက်ပိုပြီး ဂရုစိုက်နိုင်တဲ့သူနဲ့ တွေ့ခဲ့ရင်... ဝန်လေးမနေဘဲ အပြည့်အဝလက်ခံလိုက်ပါ။ မင်းရဲ့ပျော်ရွှင်မှုက ကိုယ့်အတွက် အဝေးကကြည့်နေရမယ့် ဆုလာဘ်တစ်ခုမို့ပါ။ အဆုံးသတ်မှာ.... ကိုယ်တို့ရဲ့ ဇာတ်လမ်းလေးက နိဂုံးမလှခဲ့ပေမယ့် "ကိုယ်တို့တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြဖူးတယ်" ဆိုတဲ့ အသိလေးနဲ့တင် ကိုယ့်ဘဝက ပြည့်စုံပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်သူ့အနားမှာပဲရှိရှိ... မင်းအမြဲတမ်း ပြုံးနေနိုင်ပါစေ။ #crd
ThuYaWin
Region: MM
Wednesday 12 August 2026 19:36:55 GMT
Music
Download
Comments
K—Chacky :
တကယ်တော့လေ အဲ့ဒါပိုင်ဆိုင်ချင်တဲ့စိတ်မျိုးမရှိလို့ တကယ်သာပိုင်ဆိုင်ချင်ရင်လက်လျော့မယ်လို့တော့မထင်မိဘူး 🥺
2026-09-12 10:31:51
7
Soe Yu 🇲🇲 :
ဒီတစ်ခါတော့တကယ်ဝေးသွားပါပီ💔
2026-09-21 09:54:22
1
🐻Pooh🐷 :
စာသားလေးယူတင်မယ်နော်🥺
2026-09-20 18:37:38
1
#Daw khaing zar💞💞💞 :
စာသားလေးက ထိရှ😭😭😭
2026-09-20 16:27:13
1
♚𝑫𝒊𝒛𝒛𝒚🇲🇲MLBB1621614471 :
အရှေ့ကိုက်100တွင် လမ်းခွဲရှိသည် ။
ဘယ်လမ်းရွေးရွေး ဝေးရမည်....🤪
2026-09-13 08:50:44
3
Thant zaw :
ရင်ထဲထိချက် စာတန်းထိုးလေးမာတော့ The End
2026-09-15 17:32:16
2
💫ÂXÊĹ💫 :
သီချင်းနဲ့လိုက်နေရော💔
2026-09-17 13:37:29
1
Shain Htet kø🇨🇳 :
ဒီတစ်ခါဝေးရင် ပြန်မဆုံနိုင်တော့ဘူးလို့ အတန်တန်ပြောခဲ့ပါရက်နဲ့ ပြန်မဆုံနိုင်တော့မယ့်လမ်းကိုမှ မင်းက ရွေးချယ်ခဲ့တော့ ကိုယ်တို့နှစ်ယောက်ဝေးကြယုံပဲပေါ့အချစ်ရယ်🥀🥀
2026-09-07 15:06:22
12
Z💥 :
မျက်ရည်တွေကျလာပြီ
2026-09-20 14:08:32
1
𝐉𝐎𝐘☆ :
စာကိုအပြီးထိမဖတ်နိုင်ဘူး လက်ရှိကောင်မလေးကို အားနာလို့[Heartwarming]
2026-09-20 04:31:42
2
𝐇♡𝑷 :
အိပ်ခါနီးငိုရပြန်ပီ🥺💔
2026-09-13 16:48:02
2
eaint_kh20 :
ချစ်သောရေအဝေးမှာ ပျော်တော့လေ 🤍🖤
2026-09-12 16:36:47
1
Su’➰ :
အိပ်ခါနီးဒီစာတွေ့လ်ု့ငိုရပြနါပီ
2026-09-14 02:35:06
1
💈Nyein Chan Twin..💈🌼 :
စာသားလေးယူမယ်ဗျ🥰🥰
2026-09-19 17:38:59
1
phaw :
လွမ်းတယ်ကိုး🥺🥺
2026-09-11 14:01:39
1
🍒TheintMhueEain🍒 :
စာသားလေးပြန်တင်မယ်နော်
2026-09-15 05:36:46
1
🍀KYU KYU🍀🍂 :
စာသားလေးဖက်ပီးငို့မိတယ် တကယ်ဝမ်းနဲ့ရတယ်😓😰
2026-09-13 17:25:53
1
Naing Myo Hein (SB) :
သူဘက်က ကိုယ်ကိုမရွေးချယ်တော ကိုလက်လွတ်ပေးခဲတယ် နာကျင်ပေမဲ့ တစ်ခြားသူလက်ထဲ့မှာ မင်းပျော်နေတာလေးမြင်ရတော ဝမ်းသာပါတယ်
2026-09-18 07:33:26
1
Kaythi Myintaung :
စာသားလေး ပေးသုံးလို့ရလားရှင့်
2026-09-22 03:56:03
1
Ulayaung :
ယူသုံးခွင့်တောင်းပါတယ်
2026-09-17 07:19:18
1
🐼ပေတေဆိုးလေး🐼 :
စာသားလေးကိုဖတ်ပီးအဆုံးမှာတိုက်ဆိုင်မှုတေနဲ့ကြုံနေရတော့မျက်ရည်ကျမိပါတယ်ဗျာ🥺🥺🥺
2026-09-14 17:24:40
1
Nyi Nyi Lin :
စာဖတ်ပြီးအဆုံးမှာ မျက်ရည်တွေ့ အလိုလိုကျလာတယ်🥺🥺😢😢
2026-09-13 04:47:56
1
. :
စာ သားလေးပြန်သုံးချင်ပါတယ်ဗျာ
2026-08-23 08:26:13
1
♕︎𝓐𝓼𝓪𝓱𝓲 ❣︎✔︎ :
စာဖတ်ပြီးအဆုံးမှာ မျက်ရည်တွေ အလိုလိုကျလာတယ်🥹🥹
2026-09-12 05:55:08
4
ŽΜÑ(Official) Sagittarius 🇰🇷 :
သူပျော်ပါစေ🥺ငါ့ထက်ပိုပြီးကောင်းတဲ့သူနဲ့တွေ့ပါစေလို့ဆုတောင်းပေးခဲ့ပါတယ် မနေ့ညကလမ်းခွဲခဲ့ကြတယ် အိပ်မပျော်ဘူးကွာတစ်ညလုံး ၆နှစ်ခွဲသံယောဇဉ်ဆိုတော့မလွယ်ကူဘူးလေ အရင်ကလိုကိုယ်မင်းကိုဂရုတစိုက်နဲ့မပြောနိုင်တော့ဘူး အာ့တာကြောင့်ကျန်းမာရေးဂရုစိုက်ပါ အိပ်ရေးမပျက်စေနဲ့ ၁၂လပိုင်းဖြေမယ့်သင်တန်းအတွက်ကြိုးစားပါ မင်းသွားချင်တဲ့jpကိုမြန်မြန်ရောက်ပါစေနော် တိုက်ဆိုကိမှုတွေရှိလာလို့သတိရတဲ့အခါအရင်ကကိုယ်မင်းကိုဘယ်လောက်ထိချစ်ခဲ့လဲဆိုတာကိုအမှတ်ရပေးပါ အရာရာတိုင်းအတွက်ကျေးဇူးပါ ပေးဆပ်ခြင်းအချစ်ဆိုတဲ့အရာကို ကိုယ်နားလည်ခဲ့ပါပြီ ဘယ်အရာမှမမြဲဘူးဆိုတာလည်းကိုယ်သဘောပေါက်ခဲ့ပါပြီ အတောင်စုံသွားပြီပဲကွာ မင်းပျံသန်းလိုက်ပါဟိုးအဝေးကြီးကို ငါငေးကြည့်ပြီးကျန်နေခဲ့ပါ့မယ် 😔💔
2026-09-13 02:47:21
3
To see more videos from user @thuyawin780, please go to the Tikwm
homepage.