@nant7596: ခေါင်းစဥ် = ✝ဘုရားသခင်နှစ်သက်သောအစာရှောင်ခြင်း✝ 📖ကျမ်းစာကဘာပြောသလဲ? ငါနှစ်သက်သော အစာရှောင်ခြင်း ဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသော ဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသော သူတို့ကိုလွှတ်ခြင်း၊ ထမ်းဘိုးရှိသမျှကို ချိုးခြင်း မဟုတ်လော။ မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ဆောင်ခြင်း၊ အဝတ်မရှိသော သူကိုမြင်လျှင်၊ အဝတ်ကိုပေးခြင်း၊ ကိုယ်အသားကိုမရှောင် ဘဲနေခြင်း မဟုတ်လော။ ဟေရှာယအနာဂတ္တိကျမ်း ၅၈း၆မှ၇ ✍ဘယ်လိုအဓိပ္ပါယ်ရှိသလဲ? သူတပါးကိုသနားခြင်းမရှိ၊သူတပါးအပြစ်ကိုလွှတ်ခြင်းမရှိ၊ကိုယ်တိုင်လည်းသခင့်အချစ်ကိုမခံစားရဘဲ၊အချည်အနှောင်လေးသောဝန်များစွာနဲ့အစာရှောင်နေလျှင်၊ဘုရားသခင်နှစ်သက်သောအစာရှောင်ခြင်းမျိုးမဖြစ်လာနိုင်ပါ။ 🚶♀️ဘယ်လိုလက်တွေ့ကျင့်သုံးမလဲ? ကျွန်ုပ်အသက်တာမှာ၊အပြင်ပိုင်းအားဖြင့်အစာရှောင်သော်လည်း၊အတွင်းနှလုံးသားမူကား၊အချည်အနှောင်များနဲ့ပြည့်နေတတ်တယ်။ထိုသို့အစာရှောင်ခြင်းမျိုးမဖြစ်ရအောင်သတိပြုဆင်ခြင်ကာ၊ဟေရှာယ ၅၈း၆မှ၇အတိုင်းအစာရှောင်တတ်ရပါမယ်။ 🙏ဆုတောင်း🙏 အဘဘုရားသခင်၊အချည်အနှောင်များစွာဖြင့်အစာရှောင်ခဲ့မိတဲ့အပြစ်များကိုလွှတ်တော်မူပါ။နောင်တွင်ဘုရားသခင်နှစ်သက်သောအစာရှောင်ခြင်းများဖြင့်အစာရှောင်တတ်စေဖို့အကျွန်ုပ်အသက်တာကိုစောင့်ထိန်းပေးတော်မူပါ။ခရစ်တော်ဘုရား၏နာမတော်မြတ်၌ဆုတောင်းပါ၏။အာမင်🙏
LanAi
Region: TH
Wednesday 12 August 2026 23:49:09 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @nant7596, please go to the Tikwm
homepage.