@apn497: ကြုံလာတဲ့ ပြဿနာတိုင်း လိုက်ရှင်းပြဖို့လည်း စိတ်မဝင်စားတော့သလို ထင်ချင်သလိုသာ ထင်ကြတော့ဆိုတဲ့ စိတ်တွေနဲ့ ရှောင်ထွက် တတ်ခဲ့ပါပြီ။ မခေါ်ချင်လို့ ရှောင်ဖယ်နေတဲ့ သူငယ်ချင်းတွေကိုလည်း အောက်ကျို့ခံပြီး ပေါင်းသင်းဆက်ဆံ မနေတော့ဘူး။ သူတို့ အသုံးလိုရင် ရောက်လာကြလိမ့်မယ် ဆိုတဲ့ နားလည်စိတ်နဲ့ မပတ်သက်မိအောင် ခပ်ကင်းကင်း နေတတ်ခဲ့ပြီလေ။ မချစ်နိုင်တော့လို့ စွန့်ခွာချင်နေတဲ့ ချစ်သူကိုလည်း အသနားခံ တွယ်ကပ်မနေတော့ဘူး။ သူရွေးချယ်မှု မှန်ကန်ပါစေဆိုတဲ့ မေတ္တာစိတ်နဲ့ စွန့်လွှတ်နိုင်ခဲ့ပါပြီ တစ်ချို့ ပြဿနာတွေမှာ တစ်ချို့လူတွေက အကျိုးအကြောင်း ရှင်းပြရင်လည်း သူတို့သာ အမှန်ဆိုတဲ့ စိတ်နဲ့ ရှင်းလေ ရှုပ်လေမို့ နှုတ်ဆိတ် နေလိုက်ခြင်းသာ စိတ်နှလုံး နာကျင်မှု သက်သာစေပါတယ်။ အခုတော့ ရင့်ကျက်လာတယ် ဆိုတာထက် အရာရာကို နားလည်လက်ခံတတ်တဲ့ စိတ်လေးအစားထိုး ဝင်ရောက်လာပြီမို့ ကြုံလာသမျှ အခက်ခဲတွေရယ် ကြုံလာသမျှ ပြဿနာတိုင်းကို လွယ်ကူစွာ ဖြတ်သန်းရင်း စိတ်ကို လွတ်လပ်ပေါ့ပါးစွာ နေတတ်ခဲ့ပါပြီ ..... #အရိပ် #tittokmyanmar #fypシ゚ #foryourpage
အရိပ်
Region: JP
Thursday 13 August 2026 05:08:16 GMT
Music
Download
Comments
khaingthuzarmaw :
စာသားလေးချပေးပါအုံးရှင့်
2026-08-17 15:37:06
1
moejuly35 :
စာသားလေးပြန်ကူးတင်မယ်ရှင့်
2026-08-19 06:25:08
1
Mi phyo💓 :
စာသားလေးယူပါရစေရှင့်
2026-08-17 11:04:31
1
user6100752181733 :
စာသားလေးပြန်တင်ခွင့်ပြုပါရှင့်🥰
2026-08-17 12:55:17
1
Thant :
@yasoe85 🥰🥰
2026-08-15 04:55:36
0
sumonsumon :
🥰🥰🥰
2026-08-13 11:54:18
1
🇲🇲 ပျောက်ရှနေတဲ💞 နှလုံးသာ🤍 :
😌😌😌
2026-08-14 05:46:07
1
To see more videos from user @apn497, please go to the Tikwm
homepage.