@kyaw.thumaw: #breakingnews ■ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသဖြင့် ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် လမ်းဘေးအစားအစာဆိုင်များကို အနည်းဆုံး သုံးရက်မှ ငါးရက်အထိ ရောင်းချခွင့်မပြု ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသဖြင့် ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် လမ်းဘေးအစားအစာဆိုင်များကို အနည်းဆုံး သုံးရက်မှ ငါးရက်အထိ ရောင်းချခွင့်မပြုကြောင်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။ ကျောက်တံတားမြို့နယ်တွင် သြဂုတ် ၁၃ ရက်မှစတင်ကာ စျေးရောင်းချခွင့်မပြုကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံကြေညာလျက်ရှိသည်။ " လတ်တလောတွင် ဝမ်းပျက်ဝမ်းလျှောမှုဖြစ်နိုင် သောကြောင့် မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် စျေးရောင်းချမှုများအား ၁၃ ရက်နေ့မှစ၍ နောက်သုံးရက်မှ ငါးရက်အတွင်း စျေးရောင်းချခြင်းမပြုပါရန် အသိပေးတားမြစ်အပ်ပါသည်။ ရောဂါအခြေ အနေပေါ်မူတည်ပြီး စျေးပြန်လည်ရောင်းချခြင်းအား ပြန်လည်အသိပေးမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်" ဟု ကျောက်တံတားမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။ အလားတူ လသာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသည်ကို သိရှိသည်နှင့်တစ်ပြိုင်နက် ဌာနဆိုင်ရာများ၊ စည်ပင်သာယာ တာဝန်ရှိသူများ၊ ကြက်ခြေနီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး ပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ ဝမ်းပျက်ဝမ်းလျှောဖြစ်စေမည့် လက်လုပ်ချဉ်၊ အသုပ်၊ ဒုတ်ထိုး စသည့် ဆိုင်များအား ၂ ရက်၊ ၃ ရက်ခန့် ရပ်နားထားရန် ပြောကြားထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြသဲဖြူက ပြောကြားသည်။ သြဂုတ် ၁၂ ရက် ညနေပိုင်းအထိ သိရှိရသည့် သတင်းများအရ ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသနေသူ ၁၇၀ ဦးရှိပြီး ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၉၃ ဦးရှိကြောင်း သိရသည်။ #ဝမ်းပျက်ဝမ်းလျှောရောဂါ #သတိထားကြပါ

Kyaw Thu Maw
Kyaw Thu Maw
Open In TikTok:
Region: MM
Thursday 13 August 2026 05:41:02 GMT
1353048
143547
1611
45013

Music

Download

Comments

myo.zayar56
1+1+1+1+1+1= No. Love.... :
ရေသန့် စက်ရုံတွေ အဓီက စီစစ်ပါ သန့်ရှင်းမှုမရှိတဲ့ ဘုံဘိုင်ရေတွေ ဂျိုးဇော်နံတဲ့ ရေတွေ အသုံးပြုနေကြတယ်
2026-08-13 06:20:22
2366
hnin059960
Hnin :
သူတို့ဝမ်းလျှော ငါတို့ တစ်အိမ်းက ဝမ်းချုပ်နေလို့
2026-08-13 07:02:51
771
user16181361517
AyeAyeThin :
ရန်ကုန်မြိုရေသန်စက်တွေစစ်ပေပါ
2026-08-13 06:25:08
574
april04797
Ma Soe :
ရေသန့်တဘူး ၁၅၀၀ ဝယ်သောက်ရပြီး ရေညှိစော်နံနေတယ်😳
2026-08-13 08:14:46
247
hla.htay.u.hla.ht
Hla Htay U Hla Htay u :
BPI ဓားတ်ဆားတွေဈေးတင်ရောင်းချခြင်းမလုပ်ဖို့ဆေးဆိုင်တွေလဲသတိလိုက်ပေးသင့်တယ် ဖြစ်နိုင်ရင် BPI ဓာတ်ဆားထုပ်လေးများ လက်ကမ်းဝေငှပရဟိတ လုပ်စေချင်ပါတယ်
2026-08-13 06:58:54
320
user787262085723
ZawLay :
မန့်ထဲ တာဝန်ဝတ္တရားနှောင့်ယှက်တဲ့မန့်တွေ စီစစ်အရေးယူသင့် ဝမ်းပျက်ဝမ်းလျောကာလမှာ လိုအပ်လို့လုပ်ဆောင်တာကို အဖျက်မန့်တွေကရှိသေး မန့်တွေ SSရိုက်ထားပြီးဖော်ထုတ်အရေးယူသင့်တယ် အလကားမဖြစ်သေးလို့ ဘေတစ်ထောင်ထည့်ပြီး လိုင်းပေါ်အာချောင်နေတဲ့ဟာတွေ
2026-08-13 10:10:51
84
a.com1111111111a
Aung Hsan Min :
ရေသန့်စက် ရုံတွေ စစ်ဆေးပေးစေချင်ပါတယ်ဗျ🥰
2026-08-13 06:48:06
237
arkashram777
Htet Kaung Kin - Arkash :
ရန်ကုန် ရေသန့်စက်တွေက တချို့ မသန့်ဘူး။ ကျောက်မြောင်းမှာနေတုန်း က ပါကင်ပိတ်ထားတဲ့ လာပို့နေကြ ရေသန့်ဘူး မှာ ပိုးလောက်လန်းလေးတွေ အများကြီးပါလာတာ ကိုယ်တွေ့ပါ။ လာပို့တဲ့ သူတွေကို ပြောတော့ လဲ ခပ်ပေါ့ပေါ့ဘဲ ဖြေရှင်းတယ်( ပြန်လဲပေးပါ့မယ်တဲ့) ။ အသိ၊သတိ ( သူတို့ မဆင်ချင် ရင် ကိုယ်ဘဲ ဆင်ချင်နေထိုင်လိုက်တော့တယ်)
2026-08-13 06:37:58
184
user4175615639320
ဦး ကိုကို :
ရေကိုစစ်ရမှာလေ ဘာလို့စျေးတွေကိုပိတ်တာလဲ သောက်တစ်လွဲနိုင်ငံ
2026-08-13 11:33:43
24
chris.tina7200
Chris Tina :
ဖြစ်မှ အော်နေကြ မဖြစ်ခင်ကတည်းက လမ်း/ မြောင်းတွေတူးဖော် ရှင်းလင်းကြပါလား၊ အံ့ဩတယ် 😏
2026-08-13 06:23:54
48
sda22547
𝓐𝔂𝓮 𝓒𝓱𝓪𝓷 𝓒𝓱𝓸 𝓣𝓪𝓻 :
ရန်ကုန်ရေသန့်စက်ရုံတွေစစ်ပေးပါ အနည်တွေအရမ်းပါတယ်
2026-08-13 06:51:54
119
shizuku4996
Shizuku☆ :
ရေသန့်တွေရောပဲ စစ်ဖို့လိုတယ်။ရေဘူးတွေက ညစ်ပတ်နေတာပဲ ပလပ်စတစ်နဲ့ပဲအလွယ်အုပ်ပေးလိုက်သလိုပဲ
2026-08-13 07:46:59
179
loikaw697
🫀wai "🦴(Agri🌾🌱) :
ဟုတ်တယ်နော် ရေသန့်တွေကခုနောက်ပိုင်းညစ်လာတယ် အနယ်တွေပါလာတယ်
2026-08-13 08:04:42
78
kzofficialacc4
✅ K🖤Z🎬(Official acc)✅ :
ရေသန့် ရောင်းတဲ့ သူတွေကို စစ်ဆေးပေးပါ
2026-08-13 06:56:20
56
lae.lae.wai593
🦀 𝓛𝓪𝓮 𝓛𝓪𝓮 ♋ :
ရေသန့်စက်တွေ စစ်ဆေးပေးသင့်တယ်
2026-08-13 08:33:10
28
chait006
Chait006 :
ရေသန့်စက်တွေ စစ်ပေးပါဗျို့
2026-08-13 06:54:53
43
chityinhtoo538casper
Casper 👻👻👻 :
ရန်ကုန်တိုင်းတစ်တိုင်းလုံးက ရေသန့်စက်ရုံဆိုတာတွေစစ်ပေးပါ ရေထဲမှာ အမှုန်တွေပိုးလောက်လန်းတွေပါပါတယ် ကိုယ်တွေ့မို့ပါ
2026-08-13 06:36:23
26
susu58846
susu :
ရေသန့် ရောင်းတဲ့ စက်ရုံ စစ်
2026-08-13 07:50:11
5
tayx45
Tay Za :
ရန်ကုန်ဘယ်နေရာတွေမာ အဖြစ်များနေတာလဲ သိရင်ပြောပေးကြပါဦး ..... ကျနော်က ဂျပန်ရောက်နေလို့ အိမ်ကမိဘတွေကို စိတ်ပူလို့ပါ ....အိမ်ထောင်တော့မရှိသေးပါဘူး လူလွတ်ပါ.....
2026-08-13 11:13:22
8
july.leo567
☀𝙑𝙞𝙩𝙤🐴🕸 :
ေရသန့်စက်တေအများဆုံးညစ်ပတ်တယ်ရေတေက
2026-08-13 06:45:21
22
later.today0
later today :
ဈေးရောင်းတာနဲမဆိုင်ပါဘူဆိုင်ကြီးတွေမှာဝယ်စားရင်လဲဝမ်းလျောတာဘဲ
2026-08-13 08:06:13
9
nyi.nyi13136
NYI♑ NYI♑ :
ရေသန့်ဗူးအဖုံးအတွင်းမှာဆိုရေညှိတေအမြဲရှိနေတယ် ကျွန်တော်ကတော့သတိထားပြီးဆေးပေးတယ် ဝယ်သောက်တိုင်း
2026-08-13 06:39:12
59
pu.too455
Pu too :
FDA မှ လူကြီးမင်းများ ရေသန့်စက်ရုံ မုန့်တီခေါက်ဆွဲ စက်ရုံ များကိုလဲ သေချာစစ်ဖို့လိုပါတယ် ။ မိမိရပ်ကွက်အတွင်းမှစျေးများကိုလဲ ကျန်းမာရေး/စည်ပင်/FDA နှင့်မိတ်ဖက်အဖွဲ့အစည်းများ သေချာစစ်ဆေးပညာပေးတော်မူကြပါ။👍👍👍
2026-08-13 07:48:23
11
its.harry.pari
mg.harry🐈‍⬛♑︎🖤 :
လမ်း ဘေးဈေးသည်က မစားလဲရတယ်ဗျ? အဓိက စားသောက်ကုန် production တွေက အဓိက စီစစ်ပေးပါဗျ! ဥပမာ _ ရေသန့်စက်ရုံ #ရေသည် လူတယောက်အတွက် daily routine မှာမပါဖြစ် အရာဖြစ်ပီး သန့်ရှင်းမှုမရှိတဲ့သောက်ရေကို သောက်သုံးနေရင် အဆိပ်ကိုသောက်ပီး အသက်ဆက်နေသလို ဖြစ်နေပါတယ်ဗျ ဒါကြောင့် ရေသန့်စက်ရုံတွေ အဓိကစစ်ပေးပါ🙏 တပိုင်းတနိုင် ရေသန့်စက်ရုံအများစုက ပိုညစ်ပက်ပါတယ်ဗျ🙏
2026-08-13 07:33:42
10
mm28171568
Dreamy :
ရေသန့်တွေကိုအဓိကထားစစ်ပေးပါ အနည်တွေ အမှုန်တွေပါလာတာ အခါမနည်းတော့ဘူး စျေးသာတစ်ရက်ထက်တစ်းက်တိုးလာတယ် သန့်ရှင်းမှုကlevelကဆိုးသထဆိုးလာ
2026-08-13 08:45:41
43
To see more videos from user @kyaw.thumaw, please go to the Tikwm homepage.

Other Videos


About