@drabdulwahidyusuf: Join us For Jumu'ah In Shaa Allah

Dr. Abdul Wahid Yusuf
Dr. Abdul Wahid Yusuf
Open In TikTok:
Region: GY
Thursday 13 August 2026 06:09:44 GMT
61
4
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @drabdulwahidyusuf, please go to the Tikwm homepage.

Other Videos

မိခင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူရွေးချယ်တင်မြှောက်ထားသော ခေါင်း ဆောင်များကို ဖမ်းဆီးထားသရွေ့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ မရှိနိုင်ဟု သားဖြစ်သူ ကင်မ်အဲရစ်က နိုင်ငံတကာကို သတိပေး ရန်ကုန်၊ ဩဂုတ် ၁၂ မြန်မာနိုင်ငံတွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားသရွေ့ ဒီမိုကရေစီစနစ် ရှိနိုင်မည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် နိုင်ငံတကာကို သတိပေးပြောဆိုလိုက်သည်။ မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဟု ပြောဆိုနေသော်လည်း မြန်မာနိုင်ငံတွင် လက်တွေ့ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ဒီမိုကရေစီဆိုသည့် အဓိပ္ပာယ်မှာ လုံးဝကွာခြားနေကြောင်း ကင်မ်အဲရစ်က ထောက်ပြထားသည်။ ကင်မ်အဲရစ်က “မင်းအောင်လှိုင်က မြန်မာနိုင်ငံဟာ ‘ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပြီ’ လို့ ပြောနေပါတယ်။ ကိုယ့်ပြည်သူကို သတ်ဖြတ်နေသရွေ့၊ အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲနေသရွေ့၊ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထားသရွေ့ ဒီမိုကရေစီဆိုတာ မရှိနိုင်ပါဘူး။”ဟု ရေးသားပြောဆိုထား သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ် မကြာသေးမီက တွေ့ဆုံခွင့်ရခဲ့ခြင်းကိုလည်း ကင်မ်အဲရစ်က အရေးကြီးသည့် ပထမခြေလှမ်းတစ်ခုအဖြစ် အသိအမှတ်ပြုသော်လည်း ယင်းတွေ့ဆုံမှုတစ်ကြိမ်တည်းဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်း မဟုတ်ကြောင်း ပြောဆိုထားသည်။ “မကြာသေးခင်က ICRC က မေမေနဲ့ တွေ့ဆုံခွင့်ရခဲ့တာဟာ ပထမခြေလှမ်းတစ်ခုပါ။ ဒါပေမယ့် တွေ့ဆုံမှုတစ်ကြိမ်ဟာ လွတ်မြောက်မှု မဟုတ်ပါဘူး။” ဟု ကင်မ်အဲရစ်က  ဆက်လက်ပြောဆိုသည်။  မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်နေပြီး အာဆီယံ၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို လျစ်လျူရှုနေသရွေ့ စစ်အာဏာပိုင်များ၏ ဒီမိုကရေစီဆိုင်ရာ ပြောဆိုမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အသိအမှတ်မပြုသင့်ကြောင်းလည်း ကင်မ်အဲရစ်က တိုက်တွန်းထားသည်။ “ဆက်လက်အကြမ်းဖက်နေပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လျစ်လျူရှုနေသရွေ့ စစ်အာဏာရှင်ရဲ့ ဝါဒဖြန့်မှုကို နိုင်ငံတကာအသိအမှတ်မပြုသင့်ပါဘူး။ ဒီမိုကရေစီဆိုတာ ပြောရုံနဲ့ မရပါ၊ လက်တွေ့လုပ်ရပ်နဲ့ သက်သေပြရပါတယ်။”ဟု သူက သတိပေးသည်။  သားဖြစ်သူ ကင်မ်အဲရစ်၏ ယခုထုတ်ပြန်ချက်သည် အာဆီယံက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုထားသည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး စစ်ကောင်စီက တရားစွဲဆိုထားသည့် အမှုများအတွက် ထောင်ဒဏ်ချမှတ်ခံထားရသည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ စွဲဆိုထားသည့် အမှုများအပေါ် အပြစ်မရှိကြောင်း ငြင်းဆိုထားသည်။ အာဆီယံနှင့် မြန်မာစစ်ကောင်စီအကြား ဆက်ဆံရေးမှာလည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တင်းမာလာခဲ့ပြီး အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် စစ်တပ်ဘက်က ပျက်ကွက်လျက်ရှိသည်။ အာဆီယံက လက်ရှိတွင် မြန်မာ့အရေး အထူးကိုယ်စားလှယ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရေးကိုလည်း တောင်းဆိုထားပြီး နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရန်လည်း ထပ်မံတိုက်တွန်းထားသည်။ သို့သော် မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်များကို လူသားချင်းစာနာထောက်ထားမှုအရ လျှော့ပေါ့ပေးထားပြီးဖြစ်သော်လည်း အပြည့်အဝနှင့် ခြွင်းချက်မရှိ လွှတ်ပေးရေးကိစ္စကို ဥပဒေနှင့်အညီသာ ဆောင်ရွက်မည်ဟု တုံ့ပြန်ထားသည်။ ကင်မ်အဲရစ်ကမူ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အမှန်တကယ်ရှိ၊ မရှိကို စစ်အာဏာပိုင်များ၏ ပြောဆိုချက်များဖြင့်မဟုတ်ဘဲ ပြည်သူများအပေါ် လက်တွေ့ကျင့်သုံးနေသည့် လုပ်ရပ်များနှင့် ပြည်သူရွေးချယ်တင်မြှောက်ထားသည့် ခေါင်းဆောင်များ၏ လွတ်လပ်ခွင့်အပေါ် မူတည်၍ ဆုံးဖြတ်သင့်ကြောင်း နိုင်ငံတကာသို့ ဆက်လက်သတိပေးထားသည်။  ဓာတ်ပုံ- AP ။ (ပုံအဟောင်းဖြစ်ပါသည်။)@ZayarTBZ 11 News @ZayarTBZ 7.1News🍉 #ပြည်တွင်းသတင်း #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #zayartbz #မြန်မာသတင်း #ဒေသသတင်းရင်းမြစ်

About