@x201033: ကျွန်တော် ပြောင်းလဲလာတယ်ထင်တယ် ... အရင်တုန်းကလို မဟုတ်တော့ဘူးဆိုတဲ့စကားကို အင်း ဟုတ်တယ် ... ကျွန်တော်ကိုယ်တိုင်လဲ သတိထားမိသလို ကျွန်တော်ကိုယ်ကျွန်တော်လဲ အရင်လို ဟုတ်မနေတော့ဘူးဆိုတဲ့ ခံစားချက်မျိုး ရနေတာ ။ မတူတော့ဘူး ... အတွေးတွေကော ပြီးတော့ အပြုံးတွေကော စိတ်တွေကော အရင်ကလို သိပ်မနူးညံ့တော့ဘူးထင်တယ် ။ တွယ်တာတတ်တာ မကောင်းဘူးဆိုတာမှန်းသိရဲ့နဲ့ ခဏခဏ တွယ်တာခဲ့ပြီးသွားပြီ ခဏခဏ နာကျင်ခဲ့ရပြီးသွားပြီ ထပ်ပြီး တွယ်တာဖြစ်ဦးမယ်ဆိုရင်တောင် အရင်ကလောက် လေးနက်တော့မှာ မဟုတ်ဘူး ပြီးတော့ ... တစ်စုံတစ်ယောက်ကို လိုအပ်ပြီး ခဏခဏ ချန်ထားခံရပြီးတဲ့နောက်မှာ နောက်ထပ် ဘယ်သူ့ကိုမှ မလိုအပ်လောက်ဘူးထင်တယ် အင်း ... လိုအပ်ဦးမယ်ဆိုရင်တောင် မဖြစ်မနေကြီး မဟုတ်တော့ဘူးပေါ့ ။ ကျွန်တော် ... ပြောင်းလဲလာပြီထင်တယ် ခံစားချက်တွေရှိရင်တောင် အရင်ကလောက် ထုတ်မပြဖြစ်တော့သလို စကားတွေလည်း အရင်တုန်းကလောက် မပြောဖြစ်တော့ဘူး အင်း ... နှလုံးသားတွေလည်း ဒီလိုပုံနဲ့ပဲ တဖြေးဖြေး အေးစက်သွားမယ်ထင်ပါတယ်။ ဟုတ်တယ် ကျွန်တော် အရင်လို မဟုတ်တော့ဘူး ။ #စာရှည် #fyp #crd
𝕏
Region: MM
Thursday 13 August 2026 10:01:16 GMT
Music
Download
Comments
𓆩𝑲𝒉𝒂𝒏𝒕𓆪 :
ဘရိုပြောင်းလဲသွားတာမဟုတ်ဘူးဗျာ ဘရိုချစ်တဲသူကပြောင်းလဲသွားတော့ ဘရိုတိပ်ဆိတ်သွားရုံပါပဲ💔
2026-09-04 14:13:39
3
@..~; :
စားသားလေဗျာ
2026-08-14 11:04:01
1
။။။ :
ငါနဲ့ဘာလို့တူနေရတာလဲမင်းလဲ
2026-10-03 17:12:38
1
𝑀𝑦𝑖𝑛𝑡🍓💓 :
ယူသုံးမယ်နော်
2026-09-06 12:52:42
0
pyae Song Aumg🌀 :
စာသားယူပီးပြန်တင်လို့ရလားbro
2026-09-26 14:39:00
0
𝑬𝒊 𝑴𝒚𝒂𝒕 :
စာသားယူသုံးပီနော်...💐
2026-09-19 23:44:13
0
. :
ပိုက်သာဂိုရပ်သီရိရမ်အရ ေပြာရရင်လက် ေလျာ့လိုက်ပါတော့ကွာ😣
2026-09-17 01:51:12
0
👑 Hᴇʀʀʏ 🦅 :
ယူသူံးမယ် broတိုက်ဆိုင်လို🥺
2026-09-16 11:49:24
0
doemeow :
ရည်းစားမထားကျနဲ့နော်ပြတ်သွားရင်ရှက်စရာကြီး💁🏽♀️💕
2026-09-24 10:52:00
0
Y :
2026-09-05 16:22:23
0
van2633 :
ယူမယ်ဗျာ
2026-08-31 10:10:15
0
🌀💢루크💢🌀 :
2026-09-26 11:51:20
0
To see more videos from user @x201033, please go to the Tikwm
homepage.