@kyawswarhlaky: ဒီနေ့ ကျွန်ုပ် သေသွားပြီဆိုပါတော့ အရင်ဆုံးကျနော့်အလောင်းကို ရင်ခွဲရုံပို့မယ်၊ ဗိုက်ထဲက အူတွေကလီစာ ဘာညာတွေကို နှုတ်ပြီး ပြန်ချုပ်ပစ်လိုက်မယ်။ အထားခံအောင်လို့ မြို့ပေါ်မှာလုပ်လေ့ရှိတာမျိုးပေါ့။ အဲ့သလိုမှမဟုတ်လည်း ကျနော့်အလောင်းကို အထားခံအောင်ဆေးထိုးမယ်။ ကျနော့်အသားတွေက သွေးဆုတ်ပြီး ဝါတာတာ ဖြစ်နေမယ်၊ နမ်းကြည့်ရင် ညှီစို့စို့အနံ့ထွက်နေမယ်။ အရိယာမဟုတ်တဲ့အတွက် အလောင်းကောင်က တောင့်တင်းအေးစက်ဖို့များနေတယ်။ မိသားစုဝင်တွေက သိပ်မဖက်ချင်တော့ပါဘူး။ ကြည့်ပြီးတော့သာ ဝမ်းနည်းပူဆွေးနေကြလိမ့်မယ်။ ကျနော့်အလောင်းက လက်မနဲ့ခြေမတွေကို ကြိုးချည်လိမ့်မယ်၊ ကျနော့်အိတ်ထဲဖြစ်ဖြစ် ပါးစပ်ထဲဖြစ်ဖြစ် ကူးတို့ခကို ထည့်ပေးထားကြမယ်။ ကျနော့် အပေါ်မှာ ကျနော်ဝတ်ခဲ့တဲ့အဝတ်စားတွေ လွှမ်းပေးထားကြမယ်။ ကျနော့်အလောင်းကို မီးရှို့ရင်ရှို့မယ်၊ မြေမြှုပ်ရင်မြှုပ်မယ်။ သေချာပေါက်တော့ ရွံစရာကြီးဖြစ်မလာခင် ဖျက်စီးပစ်ဖို့မဖြစ်မနေလုပ်ကြရတော့မယ်။ အဲ့ဒီခန္ဓာကိုယ်ကြီးကောင်းစားရေးအတွက် အတတ်ပညာတွေသင်ယူခဲ့တယ်၊ အဲ့ဒီခန္ဓာကိုယ်ကြီးသက်သက်သာသာနေရေး အတွက်စီးပွားရေးတွေရှာခဲ့တယ်၊ လိမ်ညာပြီး ပြောခဲ့တာတွေရှိမယ်။ နောက်ဆုံးအချိန်ကျ အဲ့ဒါတွေက ဘာမှ အရေးမပါတော့ပါဘူး၊ ရွံစရာခန္ဓာကိုယ်ကြီးကို ဘယ်လို ဖျက်စီးပစ်ရမလဲဆိုတာပဲအရေးပါလာမှာပါ။ ကျနော့်အင်္ကျီအဝတ်စားတွေကို ခွဲဝေယူကြမယ်၊ ကျနော်ပိုင်တဲ့အရာတွေကို ခွဲဝေယူကြမယ်။ တကယ်တမ်းတော့ ဘယ်ရုပ်ဝတ္ထုကိုမှ ကျနော်မပိုင်ပါဘူး၊ ပိုင်တယ်လို့အမှတ်မှား ခဲ့တာပါ။ မိသားစုတွေက ၃ရက်လောက်တော့ငိုကြမယ်၊ နောက်တော့ သတိရမိတဲ့အခါမှ ဝမ်းနည်းကြမယ်။ နောက်တော့ ပုံမှန်ပြန်ဖြစ်သွားကြမယ်။ ကျနော့်အလောင်းကို သင်္ချိုင်းမှာ ဖျက်စီးခဲ့ပြီးတော့ ကျနော့်ရဲ့ ဝိညာဉ်အကောင်ကို သစ်ခက်နဲ့ ခေါ်တာတွေဘာတွေလုပ်လိမ့်မယ်။ လူတစ်ယောက်က သေပြီးရင် ဝိညာဉ်ကောင်အဖြစ် ကြားခံဘဝနဲ့ နေရမယ်လို့ထင်ကြတဲ့ သဿတဒိဋ္ဌိ အစွဲနဲ့ လျှောက်လုပ်ကြမှာပါ။ ကျနော့်အဝတ်အစားကို ဖြန့်ခင်းထားပြီး ကျနော့်အဝတ်စားဘေးမှာ ထမင်းနဲ့ရေကို ချထားပေးမယ်၊ ပိုးကောင်တွေလည်း ကျနေမယ် အဲ့ဒီအထဲကို။ ကျနော်က အဲ့ဒါတွေကို ဝိညာဉ်အကောင်အနေနဲ့ စားလိမ့်မယ်လို့ ယူဆကြတယ်။ ကျနော်က ၇ ရက်လောက် ဝိညာဉ်ကောင်အဖြစ်နဲ့ အိမ်မှာနေပြီးတော့ (၇)ရက်ပြည့်ရင် အိမ်မှာမနေနိုင်တော့ဘူးလို့ ယုံနေကြလိမ့်မယ်။ တကယ်တမ်း ကျနော့်ရဲ့ လားရာဂတိနိမိတ်ကို သေခါနီးမှာမြင်ပြီးတော့ ရုပ်နာမ်နှစ်ပါးပျက်ပြီး စုတိစိတ်ကနေ တစ်ဖက်မှာတန်းပဋိသန္ဓေစိတ် ဖြစ်မယ်ဆိုတာ သိချင်မှသိကြမှာပါ။ အဲ့ဒီတော့ ဓလေ့ထုံးစံအတိုင်း လျှောက်လုပ်ကြမယ်။ ကျနော်ဟာ အပါယ်လေးဘုံရောက်ရင်ရောက်မယ်။ လူနတ် စသဖြင့် ပဋိသန္ဓေတည်ရင်တည်နေမယ်။ ကျနော်ဟာ သာဓုခေါ်နိုင်တဲ့ ပြိတ္တာဘုံသားဖြစ် ရင်၊ သာဓုခေါ်နိုင်မယ်၊ မခေါ်နိုင်မယ့် ပြိတ္တာနဲ့ ငရဲတိရိစ္ဆာန် ဖြစ်ရင် သာဓုမခေါ်နိုင်ဘူး။ လူ/နတ် ဘဝတွေကို ရောက်ရှိရင်လည်း သာဓုမခေါ်နိုင်ဘူး။ ဒါပေမယ့် ဝိညာဉ်ကောင်ဘဝနဲ့ သာဓုခေါ်မယ်လို့ ယူဆကြမယ်။ ဒါကို လူတွေက ဝိညာဉ်အကောင်ထွက်တယ်၊ ရုပ်တရားပျက်ပြီး နာမ်တရားဟာ ထာဝရရှိတယ် ဆိုတဲ့အယူလွဲမျိုးဖြစ်နေကြပါတယ်။ ကျနော်သာဓုမခေါ်နိုင်တဲ့ဘဝကိုရောက်နေရင် သာဓုခေါ်နိုင်တဲ့ ပြိတ္တာဘုံဘဝမှာရောက်နေကြတဲ့ သံသရာတလျှောက်ကဆွေမျိုးတွေကခေါ်ကြ ပါလိမ့်မယ်၊ ကုသိုလ်ပြုအမျှတန်းဝေတာကတော့ အကျိုးယုတ်တဲ့ကိစ္စမဟုတ်ပါဘူး။ နောက်တော့ ကျနော်က ဘယ်ဘဝရောက်လို့ ရောက်နေမှန်းမသိ၊ ကျနော့်အသုံးဆောင်တွေကို ခွဲဝေယူကြသူတွေက စိတ်ထဲမသိုးမသန့်ဖြစ်ကြမယ်။ ကျနော့်အခန်းလည်းဝင်အိပ်ရဲမှာမဟုတ်ကြဘူး။ တရေးနိုးရင်အိမ်သာလည်း ရဲရဲသွားရဲကြမှာမဟုတ်ဘူး။ ကျနော်ဆုံးရှုံးသွားလို့ ဝမ်းနည်းတဲ့သူတွေက ကျနော်ကခြောက်မယ်လို့တွေးပြီးကြောက်ကြမယ်။ ကျနော့်ကုတင်ဘာညာကို တရော်ကင်းပွန်းတွေ ဘာတွေနဲ့လည်း ဆေးကြဦးမယ်။ အဲဒါတွေကိုဘယ်သူတွေကလုပ်မလဲဆိုတော့ ကျနော်တို့ချစ်လှပါပြီဟဲ့ဆိုတဲ့မိသားစု ကျနော်တို့တွယ်တာမြတ်နိုးလှပါတယ်ဆိုတဲ့ မိသားစုကလုပ်မှာပါ။ လူတွေက ငါတို့လည်း ဒီလမ်းသွားရမှာပါလားလို့ တွေးမိတဲ့သူ တွေးမိမယ်၊ တွေးမိပြန်တော့လည်း ငါတို့နဲ့ဝေးပါသေးတယ်ကွာလို့ ထင်မှတ်တာမျိုး ဖြစ်နေမယ်။ အဲ့လိုနဲ့ သေလိုက်ကြတာ ရေတွက်လို့ကိုမကုန်ဘူး။ သံသရာခရီးကို သွားကြဖို့အတွက် မိမိရဲ့ကုသိုလ်နဲ့ အကုသိုလ်၊ မိမိအားထုတ်ထားတဲ့ ဘာဝနာ၊ မိမိစောင့်ထိန်းထားတဲ့ သီလ အဲ့ဒါတွေကပဲ ကမ္မပစ္စည်းအနေနဲ့ အကျိုးပြုမှာပါ၊ မအိပ်မနေကြိုးစားပြီးရထားတဲ့ဘွဲ့တွေလည်း အလကားပါပဲ၊ သက်စွန့်စံဖျား ကြိုးစားပြီး ရှာဖွေထားတဲ့စည်းစိမ်တွေလည်း အလကားပါပဲ။ ဒီလိုပြောလို့ လူဝတ်ကို စွန့်တော့လို့ ဆိုလိုနေတာတော့ မဟုတ်ပါဘူး။ အနှစ်နဲ့အကာကို ခွဲခြားပြထားတာပါ။ အနှစ်ကို အနှစ်မှန်းသိဖို့ အကာကို အကာမှန်း သိဖို့ပေါ့ဗျာ။ နေ့စဉ် အနှစ်ရှိတာတွေ ဘယ်လောက်လုပ်မိလဲ အကာတွေကို အနှစ်အထင်နဲ့ ဘယ်လောက် လုပ်မိနေလဲ ဒါမျိုးတွက်ကြည့်ဖို့ပေါ့။ သားသမီး လင်သား မယားနဲ့ စည်းစိမ်ဥစ္စာကို စွန့်ဖို့ပြောတာက လွှင့်ပစ်လိုက်ဖို့ပြောတာ မဟုတ်ပါဘူး၊ အဲ့ဒီအပေါ်တွယ်တာနေတဲ့ တဏှာကို သတိလေးနဲ့ပယ်ဖို့ပြောတာပါ။ credit ## crd-@ကြီးလေးကြီးဘိက္ခု
Kyaw Swar Hla Kyi
Region: SG
Thursday 13 August 2026 12:48:21 GMT
Music
Download
Comments
Lin Thiha :
တကယ်ပါဗျာ ကျွန်တော်တို့ ဗုဒ္ဓဘာသာ တွေကို သေပြီးရင် သရဲဖြစ်မယ် လို့ ဘယ်သူက ပြောခဲ့လဲမသိပါဘူး သေပြိီးတာနဲ့ ကုသိုလ် အသုကိုလ် အလေးသာ ရာ ဘုံဘဝ ကို ဒီမှာပျောက်တာနဲ့ ဟိုမှာ တန်းဖြစ်တယ် ဆိုတာ လူကြီးတွေက အစ မသိကြဘူး သေပြိိီးရင် ၇ ရက် ဝိဉာဏ် ဘဝ နဲ့ ဘာလုပ်လို့ရတယ် ညာလုပ်လို့ရတယ် ထင်နေကြတုန်း တကယ်တော့ သေပြီးတာနဲ့ မရှိတော့ဘူး သက်ဆိုင်ရာ ဘုံဘဝ မှာ အသစ်ဖြစ်သွားပြီ သရဲ သစ္ဆေ ဆိုတာကလဲ အကုသိုလ် အကျိုးပေးတဲ့ အပယ်ဘုံပဲ လေ သေပြီးပြီးချင်း အာ့ဘဝ နဲ့ ခနနေရမယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ အခုလို စာတွေ မသိတဲ့ လူတွေကို ဖတ်စေချင်တယ်
2026-08-13 19:54:58
159
Grace~💗 :
အဲ့ဆို ဝိညာဉ်ဆိုတာမရှိဘူးပေါ့ သေပြီတာနဲ့ တန်း တခြားမှာ သ ေန္ဓ တည်တာလား အခုမှသိတေ့ာတယ်
2026-08-14 04:55:40
22
Charm Myae Bao❤️🔥 :
ကျွန်တော့် အဖေ ဒီနေ့ပဲ ဆုံးသွား တယ် ဗျာ ။
အဖေရဲ့ နောက်ဆုံး အချိန်မှာ တောင် ကျတော်ထိုင်းနိုင်ငံကို ရောက် နေတဲ့ အတွက် အနားမှာ မရှိပေး လိုက် နိုင်ခဲ့ ဘူး
2026-08-14 04:51:14
87
. :
ဆရာပြောတာ အမှန်တွေပဲလား
ဆရာများ သားသေနေလို့
ဘယ်ဟာကိုယုံကြည်ရမှန်းမသိဖြစ်နေတာ
ပထမ ကျွန်တော့်အတွေးက သေပြီးရင် ဘာမှမရှိတော့တာပဲ အဲ့အတွေးကမှန်နိုင်လား ဆရာ
2026-08-14 01:01:05
1
တည်တည်ကြည်ကြည်စိုး :
လေးစားပါတယ်ဆရာ...ကျွန်တော်လဲတက်နိူင်သလောက်အသိ..သတိနဲ့နေပြီး..ညစဥ်တရားထိုင်နေပါတယ်..အသက်ကတော့၃၀ကေျာ်ပါပြီ..ဆရာလဲကျန်းမာသက်ရှည်ပါစေ🙏
2026-08-13 16:56:18
19
Stefan :
ဝိညာဉ် အနေနဲ့ မရှိဘူးဆိုပြီး၊ နောက်ဘ၀ရှိတယ်
ဆိုတာကျ ယုံတယ်ပေါ့
2026-08-14 06:03:01
1
Dim Nou :
ကျတော်ကတော့ သေပီးရင် ငရဲနဲ့ ကောင်ကင် တခုဘဲမျော်မှန်းထားတယ် အသက်ရှင်နေတုန်းချမ်းသာချင်တယ် ကိုယ်ကြိုးအတွက်မဟုတ်ဘဲ အများအကြိုးအတွက် ကိုယ့်စီးစိမ်ကို မျှဝေပေးချင်တယ်
2026-08-14 06:36:10
13
yinyin :
အမေသေတော့ မငိုခဲ့ဘူး လူတွေကပြောကြတာ အသဲမာတာလားတဲ့ သူတို့မသိသေးတာလား ကိုယ်လဲတစ်နေ့သေအုံးမယ်ဆိုတာ အားလုံးဟာ ဒီခရီးသွားကြမှာပဲလေ ဘာလို့ဝမ်းနည်းနေမှာလဲ အမေကို သချုင်းမှာဘာနဲ့ပြန်ခေါ်မလဲမေးတော့ မခေါ်ပါဘူးလို့ဖြေခဲ့တယ် အမေမသေခင် ဝိညာဥ်ချုပ်ခါနီး မငိုကြဘူး တရားစကားလေးပဲပြောပြနေခဲ့တယ် အမေဓာတ်ပုံရှေ့စားစရာမတင်ခဲ့ဘူး ဒီလိုလုပ်တာ မှန်တယ်ဆိုတာသိနေလိူ့ပါ
2026-08-14 01:07:00
33
🇲🇲Dêcèmbëř Çĥâñ🇲🇾(ပီနန်း) :
စဉ်းစားမိတာလေးပါ သိချင်တာတစ်ခုရှိတယ် ရင်ခွဲပီးနှုတ်လိုက်တဲ့ အူတွေကလီစာတွေက ဘယ်မှာသွားပစ်တာလဲဗျ အခုထိမသိသေးလို့ သိတဲ့သူရှိရင်ရှင်းပြပါလား please..
2026-08-14 05:54:50
3
K Nine two :
စာအရှည်ကြီးအဲ့လောက်လိုင်းပေါ်မှာမဖတ်ဖူးဘူး ဖတ်ရင်းနဲ့ ဘာများထပ်သိရမလဲဆိုပီးစာသာကုန်သွားတယ် ဖတ်လို့မဝဘူး တကယ့်ကို ကောင်းတဲ့ အနှစ်နဲ့အကာပါ သံဝေဂရမိပါတယိယ်ဗျာ 🥰🥰🥰
2026-08-14 02:15:23
16
သက်ကို✍TATToo✍အနုပညာ✍✍ :
တကယ်ကောင်းပါတယ်ဗျာဒီစာလေဖက်လိုက်ရတဲ့အချိန်ကဘယ်လောက်မှမကြာလိုက်ဘူးဒါပေမဲ့စိတ်ထဲမှာတစ်ဘဝစာအတွက်အသိတရာတစ်ခုဝင်သွားတယ် တကယ်ကျေးဇူအထူးတင်ပါတယ်ဗျာ🙏🙏🙏
2026-08-14 03:27:49
5
Y .Y. A :
အမှန်ပါပဲမသေခင်မှာသေရင်ပါမဲ့ဟာကအိမိရဲ့ကောင်းမှူကုသိုလ်နဲ့တရားအားထုပ်မှူပါ
2026-09-07 02:24:07
1
Ye Lin Htun :
ဟုတ်တာပေါ့အကိုရာကျွန်တော်ခုမှစီးပွားရေးကိုစတင်လုပ်တာပါ အခုထိလည်းစားလို့ နေလို့ရတဲ့အထိဘဲရှိပါသေးတယ်အဲလိုအသိအတွေးတွေတစ်လကိုအနည်းဆုံး10ကြိမ်ထက်မကအတွေးတွေဝင်တယ် သူများဆီကမတန်မတလည်မလိုချင်သလို ေဘာဘတွေလည်းမကြီးချင်တော့တာအမှန် အလုပ်သွားအလုပ်ပြန်ကျွန်တော်နဲ့လုပ်ဖော် ကိုင်ဘက်ညီအကိုသယ်ချင်းများကိုကားမောင်းရင်းအမြဲပြောလေ့ရှိတယ်အကိုရာ
2026-08-14 14:44:13
6
𝐘𝐌📸 :
လောကမှာ မှာ ဧည့်သည်အဖြစ်နဲ့နေကြမယ် / ဝိညာဉ်က လူဆိုတဲ့ခန္ဓာမှာပဲရှိတယ်/ ဧည့်သည်ဖစ်တဲ့အတွက်ဘာမှ မပိုင်ဘူး/ ဘာမှ ယူသွားလို့မရဘူး/ သေပီးရင်ပီးသွားလားဆိုတော့မပီးပြန်ဘူး / တစ်ကယ့်ခရီးက သေပီးမှအစပြုမှာမို့လို့ /ဒါကြောင့် လောကကို ခဏအနားလာယူကြတဲ့အချိန်မှာ/ချစ်ချစ်ခင်ခင်နေ/ပျော်ရွှင်စွာနေ/အမုန်းတရားတွေဖျောက်ပစ်ဆိုတာအလကားမဟုတ်ပါ/ လောကကြီးဆိုတာ အနားလာယူတဲ့နေရာဖြစ်တယ်/ တစ်ကယ့်ခရီးအစစ်အမှန်ကသေပီးရင်ဖြစ်တယ် ☺️😊😇
2026-08-15 04:21:08
3
ခြူးဟန်နီထွန်း :
တန်းဖိုးရှိလိုက်ထာဖတ်အနှစ်နဲဘအကာနဲ့ခွဲခြာသိမြင်းနိုင်ကြပာစေ
2026-09-03 16:17:21
1
🇰🇷 HTET BHONE KYAW 🇰🇷 :
စိတ်ထဲမှာအတွေးများသွားပါတယ်သတိပေးလို့ကျေးဇူးပါ
2026-08-13 18:40:49
2
Myatzawaung :
သာဓုသာဓုသာဓု
2026-08-14 02:10:01
1
May Thu :
ဖတ်ရင်းနဲ့ သံဝေဂတွေလည်း ရပါတယ်၊သတိကပ်နိုင်အောင် ရေးပေးတဲ့ဆရာကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင်🙏
2026-08-14 00:49:31
1
ပဒုမ္မာ :
သတိပေးမျှဝေလို့ကျေးဇူးတင်ပါတယ်သားကြီးရေ...အများကြီးကျေးဇူးတင်ပါတယ်နော်
သာဓု သာဓု သာဓု
2026-09-06 12:48:43
1
𝓝𝓪𝓲𝓷𝓰 𝓨𝓮 𝓚𝔂𝓪𝔀 :
အနှစ်တွေပါပဲ😌
2026-08-13 17:40:10
1
𝙎𝙪 𝙎𝙪 ❤️ :
ဘာမှ မက်မောလို့မဖြစ်တဲ့ခန္ဓာတွေပါ 🥺
2026-08-14 10:10:25
1
Hawk 🤠 :
ငယ်ငယ်တုန်းက 2တန်းလောက်က စာသင်ကျောင်း အပေါ်က ညှောင်ပင်ကြီးပေါ်မှာ ကလေးအမေက ကလေးပွေ့ထားတဲ့ ပုံစံလို တွေ့ဖူးတယ် ရုတ်တရက် ပြန်ကြည့်ရင် ရဲသားတစ်ယောက်ပုံစံလို ပြန်ပြောင်းသွားတာ ဘယ်သူမှ မတွေ့ကြဘူး ကျွန်တော်တို့ ညီကို သုံးယောက်ပဲ တွေ့တာ ပြီးတော့ တစ်ညမှာ သူငယ်ချင်းအိမ် သွားတုန်းကလည်း လူခန္ဓာကိုယ်ကိုမှ တကိုယ်လုံး မီးတွေနဲ့ မီးကျောက်ပုံစံ အပေါ်က ပျံသွားတာ ငယ်ငယ်က ကြုံခဲ့တာ ရှိသေးတယ် ခုထိ မမေ့သေးဘူး
2026-08-14 04:44:34
2
Captain jack :
တွေးရင်န့ဲတောင်ကြောက်ဖို့ကောင်းတယ်
2026-08-14 00:43:17
4
💙Myint Myint Soe🍀♾️♾️ :
မိမိကိုယ်ကို လူသေကောင်တစ်လောင်းလိုမြင်ပီး စာ တွေကိုစိတ်နှစ်ပီးဖတ်လိုက်ပါတယ်🍀🍀🍀🍀🍀🍀🍀🍀
2026-08-14 05:51:10
1
Nay La Aung (Official Acc) :
ကျေးဇူးပါဗျာ တဏှာဆိုတဲ့ လိုချင်တပ်မက်မူ့တွေ လောဘ ဒေါသ မောဟတွေကို အသိတရားလေး ကပ်ဖို့ သတိပေးတဲ့အတွက်❤️
2026-08-14 06:19:57
1
To see more videos from user @kyawswarhlaky, please go to the Tikwm
homepage.