@sayangnya.capanih: #fyp

Ziima✨
Ziima✨
Open In TikTok:
Region: ID
Thursday 13 August 2026 15:36:58 GMT
425180
483
1
41

Music

Download

Comments

j.u.n.i.y.a2
J U N I Y A 🌻 :
🔥🔥🔥
2026-08-17 18:12:29
1
To see more videos from user @sayangnya.capanih, please go to the Tikwm homepage.

Other Videos

ဖေ့ဘုတ်စ်ပေါ်က မှတ်ချက်တခုကြောင့် သေဒဏ်ချမှတ်ခံရတဲ့ အမျိုးသား
ဖေ့ဘုတ်စ်ပေါ်က မှတ်ချက်တခုကြောင့် သေဒဏ်ချမှတ်ခံရတဲ့ အမျိုးသား "ကျွန်မသားလေး လုပ်ခဲ့တဲ့ အမှားအတွက် ခွင့်လွှတ်ပေးပါ။ သူ့ကို ကျွန်မတို့ဆီ ပြန်လွှတ်ပေးပါ" လို့ မိခင်ဖြစ်သူ ရာဆာမာနစ်ကမ် ယိုဂါလတ်ရှ်မီ က မျက်ရည်ကျရင်း တောင်းပန်နေပါတယ်။ သူမရဲ့ အသက် ၂၄ နှစ်အရွယ် သားဖြစ်သူ အနိုဂျန် ဆီဗာရာဆာ (Anojan Sivarasa) ဟာ ဆော်ဒီအာရေးဗီးယားမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်နေသူပါ။ ေ ဖ့ဘုတ်စ် ကွန်မန့်တစ်ခုမှာ အစ္စလာမ်ဘာသာနဲ့ တမန်တော် မိုဟာမက်ကို စော်ကားခဲ့တယ်ဆိုပြီး သူ့ကို အယူခံတရားရုံးက သေဒဏ်ချမှတ်လိုက်တာပါ။ ဘာတွေဖြစ်ခဲ့တာလဲ ဒီသတင်းကြောင့် သီရိလင်္ကာတစ်နိုင်ငံလုံး တုန်လှုပ်သွားခဲ့ပါတယ်။ ပြဿနာရဲ့အစက ပြီးခဲ့တဲ့ ဇွန်လလယ်လောက်က သီရိလင်္ကာမှာ ဖြစ်ခဲ့တာပါ။ ဟိန္ဒူဘုရားဖူးတွေကို နောက်ကို လိုက်လာတဲ့ ခွေးလေးတစ်ကောင်ကို မွတ်စလင် လူငယ်တစ်ဦးက ကန်ကျောက်ခဲ့တဲ့ ရုပ်သံတစ်ခု အွန်လိုင်းမှာ ပြန့်သွားပါတယ်။ ဒါကိုအကြောင်းပြုပြီး လူမှုကွန်ရက်မှာ ဘာသာရေး အငြင်းပွားမှုတွေ ဖြစ်လာပါတယ်။ အဲဒီမှာ လူတစ်ယောက်က ဟိန္ဒူနတ်ဘုရားတွေကို စော်ကားရေးသားခဲ့ပါတယ်။ ဒါကို ဒေါသထွက်ပြီး အနိုဂျန်က တမန်တော် မိုဟာမက်ကို တမီးလ်ဘာသာစကားနဲ့ ပြန်လည်စော်ကား ရေးသားခဲ့တာပါ။ အနိုဂျန်က သူ့ကွန်မန့်ကို ချက်ချင်းပြန်ဖျက်ပြီး တောင်းပန်ဗီဒီယို တင်ခဲ့ပါတယ်။ ဒါပေမဲ့ တချို့က အဲဒီကွန်မန့်ကို စခရင်ရှော့ရိုက်ယူထားပြီး သူအလုပ်လုပ်တဲ့ ကုမ္ပဏီနဲ့ ဆော်ဒီအာဏာပိုင်တွေဆီ ပို့လိုက်ကြပါတယ်။ ဒါကြောင့် ဇူလိုင်လမှာ အနိုဂျန် အဖမ်းခံရပြီး သူ့ရဲ့ဖုန်းနဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေလည်း အသိမ်းခံလိုက်ရပါတယ်။ "ဆော်ဒီက လူတွေက ဒီကိစ္စကို ဘာမှမသိပါဘူး။ သီရိလင်္ကာက လူတွေကပဲ သူအလုပ်လုပ်တဲ့ ကုမ္ပဏီဆီ အီးမေးလ်တွေ လှမ်းပို့တိုင်တန်းခဲ့ကြတာပါ" လို့ အနိုဂျန်ရဲ့ အစ်ကို ဟမ်ဆီဒန် က ပြောပါတယ်။ ပြစ်ဒဏ် ကြီးလေးသွားခြင်း အစကတော့ Al-Ahsa တရားရုံးက သူ့ကို ထောင်ဒဏ် ၅ နှစ်နဲ့ ဆော်ဒီရီယယ် ၃ သန်း (အမေရိကန်ဒေါ်လာ ၈ သိန်းခန့်) ဒဏ်ငွေရိုက်ခဲ့ပါတယ်။ အပြစ်ပေါ့အောင် အယူခံဝင်ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ အခြေအနေတွေ ဆိုးသွားပါတယ်။ အစိုးရရှေ့နေတွေက ဆိုက်ဘာဥပဒေအစား Sharia လို့ခေါ်တဲ့ အစ္စလာမ်မစ် ဥပဒေနဲ့ ပြောင်းလဲအရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။ အယူခံတရားရုံးက ဒီတောင်းဆိုချက်ကို လက်ခံလိုက်လို့ အနိုဂျန်ဟာ သေဒဏ်အထိ တိုးမြှင့်ချမှတ်ခံလိုက်ရပါတယ်။ ကယ်တင်ရန် ကြိုးပမ်းမှုများ ဒီကိစ္စကို ကယ်တင်ဖို့ သီရိလင်္ကာအစိုးရက ကြိုးပမ်းနေပါတယ်။ သမ္မတ Anura Kumara Dissanayake ကိုယ်တိုင်က အနိုဂျန်ရဲ့ မိသားစုနဲ့ စက်တင်ဘာ ၂၁ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ သံတမန်ရေးအရ အစွမ်းကုန် ကြိုးစားပေးမယ်လို့ သမ္မတက ကတိပေးထားပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ ဟိန္ဒူဘာသာရေး ခေါင်းဆောင်တွေကလည်း အစိုးရကို အမြန်ဆုံးကူညီဖို့ စာချွန်လွှာ ပေးပို့တောင်းဆိုထားကြပါတယ်။ သီရိလင်္ကာ ရှေ့နေ ၄ ဦးပါဝင်တဲ့ အဖွဲ့ဟာလည်း ဆော်ဒီကို သွားရောက်ပြီး ဒေသခံရှေ့နေတွေနဲ့ တွေ့ဆုံကာ ဥပဒေကြောင်းအရ ဆက်လက်ကူညီဖို့ ပြင်ဆင်နေပါတယ်။ အဆက်အသွယ် ပြတ်တောက်နေ လက်ရှိမှာတော့ စက်တင်ဘာ ၂၈ ရက်နေ့ကစပြီး အနိုဂျန်နဲ့ မိသားစုကြား အဆက်အသွယ် လုံးဝ ပြတ်တောက်သွားပါတယ်။ ဆော်ဒီထောင်တွေမှာ သေဒဏ်ကျ အကျဉ်းသားတွေကို ဖုန်းသိမ်းလေ့ရှိပြီး ထောင်အာဏာပိုင်တွေကတစ်ဆင့်သာ ဖုန်းခေါ်ခွင့်ပြုပါတယ်။ မိသားစုက သံရုံးကို အကူအညီတောင်းထားပေမဲ့ အခုထိ ဘာသတင်းမှ မရသေးပါဘူး။ ဆော်ဒီအစိုးရဟာ သေဒဏ်ပေးမယ့်ရက်ကို ကြိုတင်ထုတ်ပြန်လေ့မရှိပါဘူး။ ပြစ်ဒဏ်စီရင်ပြီးမှသာ မိသားစုနဲ့ သံရုံးကို အသိပေးလေ့ရှိပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စိုးရိမ်မှု ဆော်ဒီမှာ အွန်လိုင်းက ရေးသားချက်တွေကြောင့် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးနေတာကို လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း တွစ်တာ မှာ ထင်မြင်ချက်ရေးခဲ့တဲ့ အငြိမ်းစား ကျောင်းဆရာ မိုဟာမက် အယ်လ် ဂမ်ဒီ ကို သေဒဏ်ပေးခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာမှ ထောင်ဒဏ် အနှစ် ၃၀ သို့ ပြောင်းလဲလျှော့ချပေးခဲ့ပါတယ်။ ဆော်ဒီအာရေးဗီးယားမှာ နိုင်ငံခြားသား အလုပ်သမား ၁၀ သန်းကျော် ရှိပါတယ်။ လစာနည်း ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘာသာစကား အခက်အခဲနဲ့ ရှေ့နေငှားဖို့ အခက်အခဲတွေကြောင့် ဆော်ဒီဥပဒေစနစ်အောက်မှာ အလွန်နစ်နာနေကြရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားပါတယ်။ ဒါပေမဲ့ ဆော်ဒီမှာ ဘာသာရေးစော်ကားမှုနဲ့ သေဒဏ်ပေးတာကတော့ မူးယစ်ဆေးဝါးနဲ့ လူသတ်မှုတွေလောက် အဖြစ်မများဘူးလို့ သိရပါတယ်။

About