@nu.nu.shin3: သို့ ၁။ ဥက္ကဋ္ဌဆရာတော်ဘုရားကြီး မန္တလေးတိုင်းဒေသကြီးသံဃာနာယကအဖွဲ့ ၂။ ဝန်ကြီးချုပ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၃။ တိုင်းဒေသကြီးသာသနာရေးဦးစီးမှူး မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာန အကြောင်းအရာ။ ။ သာသနာ့တော်နှင့် ရဟန်းအင်္ဂါရပ်များအား ခုတုံးလုပ်၍ သာသနာတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သော နတ်ကတော်လုပ်ငန်း လုပ်ကိုင်နေသူ ဦးဥတ္တမ(ခ)မင်းခန့်အား သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားလျှောက်ထားခြင်း။ ၁။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးနယ်မြေ၊ အောင်မင်းခေါင်သာမဏေကျော်ကျောင်းတွင် နေထိုင်သော ခန်းနေကိုယ်တော် ဦးဥတ္တမ (လူအမည်-မင်းခန့်) သည် ရဟန်းသံဃာတစ်ပါး အနေဖြင့် စောင့်ထိန်းရမည့် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးနှင့် ဝိနည်းဒေသနာတော်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပါသဖြင့် ဤတိုင်စာကို ရိုသေစွာ တင်ပြလျှောက်ထားအပ်ပါသည်။ ၂။ အဆိုပါ ဦးဥတ္တမ(ခ)မင်းခန့်သည် ရဟန်းဘောင်သို့ မဝင်ရောက်မီကပင် နတ်ကတော်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး၊ ရဟန်းဝတ်လာပြီးနောက်တွင်လည်း သာသနာ့အဝတ်အစား (သင်္ကန်း) ကို ခုတုံးလုပ်ကာ သာသနာတော်နှင့် လုံးဝမအပ်စပ်သော နတ်ပွဲများတွင် ပါဝင်ကခုန်ခြင်း၊ နတ်ပွဲများ ဦးစီးကျင်းပခြင်းနှင့် နတ်ကတော် လုပ်ငန်းများကို ဗြောင်ကျကျ ဆက်လက်လုပ်ကိုင်နေပါသည်။ ယင်းလုပ်ရပ်များသည် မြတ်စွာဘုရားရှင်၏ ဝိနည်းဒေသနာတော်များ၊ သံဃာ့အဖွဲ့အစည်း ညွှန်ကြားချက်များနှင့် အောက်ပါအတိုင်း လုံးဝဆန့်ကျင်လျက် ရှိပါသည် - ရဟန်းသံဃာဟူသည် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်စွာ နေထိုင်ရမည်ဖြစ်ပြီး မိစ္ဆာဇီဝဖြစ်သော အတတ်ပညာများ၊ လောကီနတ်ပွဲများနှင့် ကခုန်တီးမှုတ်ခြင်းစသည့် သာသနာညစ်နွမ်းစေမည့် အမှုကိစ္စများမှ လုံးဝရှောင်ကြဉ်ရမည် ဖြစ်ပါသည်။ ဦးဥတ္တမ၏ လုပ်ရပ်သည် ရဟန်းသံဃာတို့၏ အိန္ဒြေသိက္ခာကို အများပြည်သူ အထင်အမြင်သေးစေရန် ဖျက်ဆီးနေခြင်း ဖြစ်ပါသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအရ ရဟန်းသံဃာများ အနေဖြင့် လောကီနတ်ဗေဒင်၊ နတ်ကတော်လုပ်ငန်းနှင့် ဆက်စပ်သော ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်း၊ လူဝတ်လဲ၍ဖြစ်စေ၊ သင်္ကန်းဝတ်ဖြင့်ဖြစ်စေ နတ်ပွဲများတွင် ပါဝင်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားပြီး ဖြစ်ပါသည်။ ရဟန်းသံဃာတို့၏ သိက္ခာပုဒ်ကို တန်ဖိုးမထားဘဲ နတ်ပွဲများ၌ လူဝတ်လဲကဲ့သို့ ပြုမူနေခြင်းသည် သာသနာတော်၏ ပုံရိပ်ကို အလွန်တရာ ကျဆင်းစေပြီး သဒ္ဓါကြည်ညိုသူ ဗုဒ္ဓဘာသာဝင်များအကြား သံဝေဂရစရာ၊ စိတ်ပျက်စရာ ဖြစ်စေပါသည်။ ၃။ သို့ဖြစ်ပါ၍ သာသနာ့အလံတော်နှင့် ရဟန်းအဝတ်အစားကို အရောင်ပြကာ မိစ္ဆာဇီဝလုပ်ငန်းဖြင့် သာသနာတော်ကို ဖျက်ဆီးနေသော ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးနယ်မြေ၊ အောင်မင်းခေါင်သာမဏေကျော်ကျောင်းမှ ခန်းနေကိုယ်တော် ဦးဥတ္တမ (ခ) မင်းခန့် အား သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဝိနိစ္ဆယလုပ်ထုံးလုပ်နည်းများ၊ သံဃာ့ဥပဒေများနှင့်အညီ စစ်ဆေးမေးမြန်းကာ ရဟန်းဘောင်မှ ထုတ်ပယ်ခြင်းအပါအဝင် ထိရောက်ပြတ်သားစွာ အရေးယူ ဆောင်ရွက်ပေးနိုင်ပါရန် သာသနာတော် အဓွန့်ရှည်တည်တံ့ရေးကို ရှေးရှု၍ ရိုသေစွာ တိုင်ကြားလျှောက်ထားအပ်ပါသည်။ (ပူးတွဲတင်ပြချက် - ဦးဥတ္တမ နတ်ပွဲကနေသည့် မှတ်တမ်း အထောက်အထားဗီဒီယို
Nu Nu Shin (Sleeper Agent)
Region: MM
Thursday 13 August 2026 16:44:02 GMT
Music
Download
Comments
MimiHtut :
နတ်နဲ့ ဘုန်းကြီးနဲ့ ဘာဆိုင်လို့လဲ ဟ
2026-09-08 13:32:26
148
Megga Depar :
ကိုယ်တေလဲနတ်ဆရာ လောကကပါပဲ ဒါမျိုးတော့လုံးဝလက်မခံပါပူး သာနာတော်ညှိုးနွမ်းပါတယ် ဘလိုမှအမြင်မသင့်တော်ပါပူးခင်ဗျာ
2026-09-09 06:09:36
145
ချစ်သောဒုဌဝတီ🥰🥰🥰🥰🥰🥰😍 :
မသင့်တော်ပါ ဆရာတော် အခြား
ဘာသာဝင်များမြင်တွေ့ရင် ကဲ့ရဲ့စရာ ဖစ်ပါလိုက်မယ် ကိုဘာသာ ကိုသာသနာ ကိုတိုင် တန်ဖိုးထားပီး လေးစား စေခြင်ပါတယ်
2026-09-09 10:07:34
50
ဥယျာဥ်မြေ :
သာသနာရေးမှူးများသိပါစေ
2026-09-09 01:50:02
41
Unay☀️(미안마🇲🇲) :
နဝကာမဝထ္ထုငွေ/လာဘ်လာဘအတွက်နဲ့သာသနာကိုမဖျက်စီးသင့်ပါဦးဇင်းဘုရား🤔လူနတ်ဝိဇ္ဇာဗြဟ္မာတောင်မကျန်အရိုသေပေးရတဲ့ရတနာသုံးပါးအနွယ်မှာသံဃာပါပါတယ်ဘုရား🥺သံဃာ့နာယကတွေမြင်ပါစေ။
2026-09-11 06:32:22
10
စိုင်းဝဏ္ဏ :
ဘုန်းကြီးနဲ့နတ်နဲ့မဆိုင်ဘူးလေ
2026-09-09 06:20:11
23
Hla Shwe :
ဒါကျတော့တစ်တော့ကမဖျက်ဘူးဗျ
2026-09-11 05:13:52
5
Oo kyi :
တာဝန်ရှိသူတွေ
အရေးယူဆောင်ရွက်ပေးကြပါဗျာ
2026-09-08 13:05:50
27
👑 𝓚𝓲𝓷𝓰 👑 𝓠𝓾𝓮𝓮𝓷💐🫧 :
ဒို့ငယ်ငယ်က ရွာဘက် ဘုန်းတော်ကြီးကျောင်းမှာ နတ်ပွဲပေးတာ ကြည့်ဖူးတယ်
ရှိသမျှ သိုက် အကုန်ဝင်ပူး ငါ့အမေပါ ဝင်ပူးလို့ အဖေက လေးခွနဲ့ ဓါးနဲ့လိုက်ပါလေရော[Tears of joy][Tears of joy][Tears of joy]
2026-09-09 10:44:25
14
moh moh :
ဘုန်းကြီးနဲ့ဘာဆိုင်လို့လဲကွယ်
2026-08-13 17:24:46
37
Win Ko :
ဘယ်လိုတွေဖြစ်ကုန်ပီလဲမြန်ပြည်ကြီးရယ်
လုပ်ကြပါအုန်း သာသနာတော့ပျက်ကုန်ပါပြီကွာ
2026-09-12 10:43:21
6
နန်းချယ်ရီ :
တို့နိုင်ငံလည်းတနေ့နဲ့တမျိုးမရိုးရဘူးနော်
2026-09-09 01:54:35
16
Kyaw Thu Aung :
ဘုန်းကြီးနဲ့နတ်ပွဲမအပ်စပ်ပါဘူး
2026-09-08 11:43:08
31
Aung :
သာသနာညိုးနွမ်းစေပါတယ် ထေရဝါရကိုဆန့်ကျင်နေသလိုဘဲ တက်နိုင်ရင်လောကီအလုပ်ဝင်မရှုတ်တာအကောင်းဆုံးပါအခြားသောဘာသာများတွေ့မြင်ပါကဘာသာတရားအကြည်ညိုပြတ်စေပါတယ်🥺🥺🥺🥺
2026-08-13 17:38:16
41
Chaw su :
ဩောမြင်ရကြာရဒုက္ခတွေခြည်ပဲ
2026-09-09 17:02:06
6
လွန်းမောင် :
အမြင်မတော်ပါဘူးဗျာ
2026-09-23 03:43:04
5
yannig :
ဘာတွေဖြစ်နေပီလဲသာသနာတောသွားပီ
2026-09-08 13:13:22
6
Nwe. Nwe. Aye :
ဘုန်းကြီးတွေကပါနတ်တွေကိုပူဇော်နေပီလား😳
2026-09-08 15:37:51
6
Aung Aung moe :
ငါ့နယ့်ဘာပြောရမှန်းကိုမသိ့တော့ဘူး
2026-08-13 17:25:28
5
Sue Shat :
ထိထိရောက်ရောက်အရေယူပေးသက်ဆိုင်ရာအထက်လူကြီးမင်းများ
2026-08-13 18:34:37
7
Kyilay :
အဖက်ဖက်ကဖျက်စီးနေကြတာဘုန်းကြီးနဲဘာဆိုင်လိုလဲအမြန်အရေးယူပေးပါ
2026-09-09 03:05:57
5
❤️Paing❤️❤️🔥 :
ဝိနည်းနဲ့မကိုက်ညီတာတော့အမှန်ပါပဲ့
သူငယ်ချင်းတွေကရောဘယ်လိုထင်သလဲ့
2026-08-13 18:43:17
5
U Myint Zaw Oo :
ဟုတ်တော့မဟုတ်တော့ဘူးကွာ ပြစ်မူ့ပြစ်ဒဏ်ပေါ့နေလို့အခုလိုဖြစ်နေတာပါ
2026-08-13 18:22:01
5
အာကာထက် :
စိတ်ပျက်စရာ
2026-08-13 17:49:08
9
mannkyi2 :
မသင့်တော်ပါ
2026-09-10 03:15:24
1
To see more videos from user @nu.nu.shin3, please go to the Tikwm
homepage.