@myint.tar2: သောတာပန်မှာ ကာမဂုဏ်အာရုံတွေကို သာယာတပ်စွဲတဲ့ ကာမရာဂ-ဆိုတာလဲ ရှိပါသေးတယ်ဗျာ၊ ဗျာပါဒ-ဒေါသဆိုတာလဲ ရှိပါသေးတယ်၊ မောဟတို့၊ မာနတို့ ဆိုတာတွေလဲ ရှိပါသေးတယ်၊ ဒါပေမယ်လို့ သူတစ်ပါး၏ အသက်ကို သတ်နိုင်လောက်အောင်တော့ အကုသိုလ်က ပြင်းပြင်း ထန်ထန် ထက်ထက်သန်သန် မဖြစ်တော့ဘူး၊ လောဘ ဒေါသတွေမဖြစ်ပေါ်လာပေမယ်လို့ သူတစ်ပါးကို သတ်နိုင်လောက်အောင်တော့ မပြင်းထန်တော့ဘူး၊ အကုသိုလ် ဒီဂရီဟာ လျော့သွားပြီ၊ အဲဒါ ဘာကြောင့်တုန်းလို့ဆိုရင် သတိက ကောင်းနေလို့၊ သတိက နောက်ကလိုက်ပြီး ထိန်းနေလို့ပါဘဲ၊ ဒီလိုဖြစ်ပုံကို တရား အားထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ်တိုင်ပဲတွေ့ရပါတယ် ၊ အားမထုတ်ရသေးတဲ့ပုဂ္ဂိုလ်တွေကတော့ ဒါကိုမှန်းဆပြီး ကြည့်ကြပေါလေ၊ မှန်းဆပြီး ကြည့်ကြပေါ့လေ၊ မယုံမကြည်တော့ မရှိကြနဲ့၊ ဟုတ်ကောင်း ပါရဲ့လားလို့ ဒီလိုတော့ ယုံကြည်ထားမှ ဖြစ်မှာ၊ ဘာကြောင့်လဲဆိုရင် “သောတာပန်ဟာ အပါယ်ကျရောက်စေတတ်တဲ့ အကုသိုလ်ကို မပြုတော့ဘူး၊ သူတစ်ပါး အသက်ကိုလဲ မသတ်တော့ဘူး” ဆိုတာကို မြတ်စွာဘုရားကိုက ဟောထားတာ၊ ဘုန်းကြီးတို့လဲ တရားအားထုတ် ကြည့်ထားလို့ “အဲဒီအတိုင်း မှန်ကန်တယ်”ဆိုတာကို သိတန်သလောက် သိရပါတယ်၊ ဒါကြောင့် ကိုယ်တိုင်တွေ့သိချင်ရင် တရားကို တကယ်တမ်း အားထုတ်ကြည့်ပါ၊ ပိုင်ပိုင် နိုင်နိုင် အားထုတ်မိတဲ့ အခါမှာ ဒီသဘောကို ကိုယ်တိုင်ပဲ တွေ့ရပါလိမ့်မယ်၊ ဘယ်လို သဘောလဲဆိုရင် သတိအစောင့်အရှောက်ကလေးတွေက နောက်က ထက်ကြပ်လိုက်နေတဲ့သဘောပါပဲ၊ လိုက်လာပုံကတော့လိုချင်စရာ နှစ်သက်တပ်မက်စရာ အာရုံနဲ့တွေ့ရင် နှစ်သက်တပ်မက်တဲ့ လောဘဟာ ရုတ်တရက်ဆိုတော့ ဖြစ်ပေါ်လာတတ်သေးတာပဲ။ စိတ်ဆိုး စရာနဲ့တွေ့ရင် ဒေါသလဲ ဖြစ်ပေါ် လာတတ်သေးတာပဲ၊ စိတ်ဆိုးစရာနဲ့ တွေ့ရင် ဒေါသဟာလဲဖြစ်ပေါ် လာတတ်သေးတာပါပဲ၊ လုံးလုံးကင်းတာမှ မဟုတ်သေးဘဲဟာကိုး၊ ဖြစ်တော့ ဖြစ်သေးတာပါပဲ၊ ဒါပေမယ့် အဲလောဘ၊ ဒေါသတွေဟာ တော်တော်ပြင်းထန်လာပြီဆိုမှဖြင့်အစောင့် အရှောက် သတိကလေးက နောက်ကလိုက်ပြီး၊ အဲဒီလိုသတိကလိုက်ပြီး အုပ်လိုက်တော့ လောဘ၊ ဒေါသတွေဟာ အရှိန်လျော့ပြီး ပျော့ကျသွားတယ်၊ သာမန်ပုထုဇဉ် ပုဂ္ဂိုလ်များမှာလို ပြင်းပြင်းထန်ထန် မဖြစ်ရတော့ဘူး၊ ဒါကြောင့် လောဘ၊ ဒေါသတွေဟာ မကင်းသေးလို့ဖြစ်ပေမယ့် သူတစ်ပါးအသက်ကို သတ်နိုင်လောက်အောင်တော့ မဖြစ်ဘူး၊ သူတစ်ပါးဥစ္စာကို ခိုးနိုင် လောက်အောင်လဲ မဖြစ်ဘူး၊ သူတစ်ပါး အကျိုးမဲ့ လိမ်နိုင်လောက်အောင်လဲ မဖြစ်ဘူး၊ ဒါကြောင့် “သောတာပန်ဟာ အပါယ်ကျစေတတ်တဲ့ အကုသိုလ်ကို မပြုဘူး၊ အပါယ်လေးပါးလဲ မကျနိုင်ဘူး” မြတ်စွာဘုရားက ဟောထားတာတဲ့။ မဟာစည်ဆရာတော်ကြီးပြောပြသော အရိယာတို့သဘော စာအုပ်မှ ထုတ်နှုတ်၍ ဓမ္မဒါနပြုပါသည်။ Vibijja Mdy

ကြီးလေးကြီးဘိက္ခု
ကြီးလေးကြီးဘိက္ခု
Open In TikTok:
Region: MM
Friday 14 August 2026 02:22:53 GMT
42050
3464
106
207

Music

Download

Comments

tathu276
ကုမုဒြာ :
ဟုတ်တယ်ဆရာ ကိုယ်တွေ့ပဲ့ နော်ဆပ်ပြာရက်တိုင်း လားစားတဲ့နွားတစ်ကောင်းကို ခဲလုံးသေးလေးနဲ့ ပေါက်ဖို့လုပ်တာ ပေါက်လို့့မရတော့ဘူး ဘဝင် နှလုံးက ခါပါလေးရော အော် ငါဒေါသထွက်နေပါလားဆို တတ်သိတဲယ်ဆရာ
2026-08-14 04:43:10
5
secrets.super.star
Secret Super Star :
လက်တွေ့ပါပဲ ရှေ့က ဒေါသပေါ်ရင် နောက်က အသိ သတိက လိုက်လာတယ် ခဏပဲ ပြေလျှော့သွားတယ် ဆင်ခြင်တတ်လာတယ် သွားသတိစားသတိ နေထိုင်သတိ အရမ်းရှိသွားပါပြီ
2026-10-02 02:26:16
2
user9737801635152
🤍🤍ချစ်မဝလေး ရဲ့ ကိုကို🤍🤍 :
ဒါဆို တပည့်တော် လမ်းပေါ်ရောက်နေပီဘုရား🙏🙏🙏
2026-09-06 07:52:10
2
thae.thae0457
Thae Thae Oo :
တရား မထိုင်ပဲနဲ့ သောတာပန် ဖြစ်နိူင်ပါသလား အရှင်ဘုးရား ဖြေပေးပါ
2026-08-14 04:40:23
1
kohtet61186
ကြက်ဉကြော် :
တရားထိုင်စိတ်ထဲကဆွဲထားတာတွေ့ပြုသွားတယ် ခနေစိတ်ကအေးချမ်းသွားတယ်မသိလိုရှင်းပြပေးလား
2026-08-14 05:35:02
1
aungmyooo1926
Aung Myo Oo :
အရှင်ဘုရား ကိလေသာဆယ်ပါးကိုအနက် အဓိပ္ပါယ်လေးနဲ့တင်ပေးပါ အရှင်ဘုရား
2026-08-16 02:52:43
1
ma.cho2075
Ma Cho :
ပြန်လည် ကူးယူပီး မျှဝေခွင့်ပြုပါ ဘုရား🙏
2026-08-14 08:41:29
1
aungmin3468
aung :
🙏🙏🙏
2026-09-30 04:25:12
1
dahmazaydi
အရှင်အာဒိစ္စဝံသ (ဓမ္မစေတီ) :
အေးကွယ် အကုသိုလ်ပယ် ကုသိုလ်ကိုပွား မမှားစေရာ သတိဟာက မြဲလှပါ၏ သို့ပင်ဖြစ်ငြား သစ္စာတရားက သိထားကြလို အောက်ပိုင်းကိလေ သုံးပ်းသာမယ် တဏှဝယ်က အကုန်ကြသေး အမှားသေး၏ မိစ္ဆာအယူမရှိမူ၍ အပါးမလည် တရာူကယ်၏ ကံငါးပါးကို မဖြစ်လိဖူး အေး မဂ်လာစကားပါဗျ ဓမ္မိတ်ဆွေရ ရွှေခြံငားက သတိပေးပါ၏ဗျ
2026-08-14 03:37:12
4
phyo.htet.aung9195
Phyo Htet Aung :
ဒါတွေအားလုံးကကျွန်တော်နှင့်တိုက်ဆိုက်လိုက်ပုံများဗျာ မျက်ရည်ပါဝဲအိသွားသွားတယ်ဒါပေမဲ့ကျွန်တော်ကိုယ်ကျွန်တော်သောတပန်လို့မသတ်ထားပါဘူးသာမန်ပုထုစင်္ဥပါပဲ🥰🥺🥺🥰🥰
2026-08-14 21:20:07
1
user300470797726
မျိုးမျိုး :
ဒီလိုလေးရှင်ပြတာကျေးဇူးပါဘဲကိုတော်
2026-08-14 08:57:51
0
user7510385440070mdy
Moe Min Aung [MDY] :
နောက်တစ်ဆင့်တက်မည့်သူက အဒါတွေမပေါ်လွင်ဘူးရယ် ဆန့်ကျင်ဘက်တောင်ဖြစ်သွားသေးတယ် သောတပန်က ကံ အစွန်းရောက် သဓ္ဓါဂံက ညာဏ်အစွန်းရောက်
2026-10-03 04:40:49
0
.nay85
You Love :
အပြောလွယ်သလောက်အလုပ်ခက်ပါတယ်။မိမိသံယောဇဉ်ရှိသူ၊မိမိရဲ့မိသားစုဆွေမျိုးအပေါင်းသင်းတွေပေါ်မှာဖြစ်တဲ့လောဘ၊ဒေါသ၊မောဟသံယောဇဉ်မကင်းတဲ့သူတွေအပေါ်မှာထားတဲ့သီးခံချင်းမျိုးနဲ့မတူပါဘူး။ဘာသံယောဇဉ်အကြောင်းတရားမှမရှိတဲ့သူစိမ်းတွေပေါ်မှာဖြစ်တဲ့လောဘ၊ဒေါသ၊မောဟနဲ့မိမိရဲ့စိတ် ၊ပညာ၊သတိကပ်မှုကိုစစ်ကြည့်မှ70%လို့မြင်မိပါတယ်ဗျ။အခြားပညာဉာဏ်တွေတိုင်းရအုံးမှာပါ၊ကံကံ၏အကျိုးကိုအကြွင်းမဲ့ယုံကြည်မူ။စသည်ဖြင့်တိုင်းတာစစ်ရမှာတွေဖြင့်...............လေးစားစွာဖြင့်
2026-10-03 15:50:38
0
dawsu1995
Daw Su :
ဒေါသဖြစ်တော့မယ်ဆိုအသိနဲ့သတိကပ်တော့အဆင်ပြေသွားပါတယ်ဘုရား
2026-08-14 05:50:21
1
user1950406307838
ကိုကြီးစိုး :
မှန်ပါတယ်ဗျာ
2026-09-26 02:44:04
0
moemoethan024
မိုးမိုး :
ကျေးဇူးပါ
2026-08-14 05:25:06
0
mg.kyaw8361
💞mg kyaw💞 :
ဖြစ်ကြောမရှည်တော့ပါဘူး
2026-10-03 00:24:32
0
daw.soe2443
Daw Soe :
ရောက်အောင်တော့မကျင့်ရသေးဘူးအကျိုးအရင်မျှော်နေကြတယ်
2026-09-27 07:38:49
0
u.zaw9102
U Zaw :
အပါယ်ကျစေနိုင်သော ပြစ်မှုများမကျူးလွန်။ အရာရာကို ဓမ္မနဲ့လျော်ညီသော ကိုယ်ချင်းစာစိတ်ထားသွားတယ်။ ငါ့ကိုမင်းအခုလုပ်ထားတာ ငါ့အလည့်ရောက်ရင်သိရစေမယ်လို့ တေးမှတ်မထားတော့။ အတ္တကင်းခြင်း၏အရသာ၊ အနတ္တနဲ့နေရသော အရသာ ကောင်းစွာသိသွား။ သူတော်ကောင်းတို့ အပြစ်တင်မည့် ပြစ်မှုများကို မကျူးလွန်တော့။ သောတပန် အပါယ်မကျရခြင်း၏ အဓိကအကြောင်းရင်းမှာ အတိက်က မိမိပြုခဲ့မိဖူးသော အကုသိုလ်ကို ပြန်မြင်ယောင်မိသော်လည်း စိတ်နှလုံးမသာမယာ ဘယ်တော့မှ မဖြစ်တော့။ စိတ်နှလုံး မသာမယာဖြစ်စေသည့် အတ္တဒိဌိ(သက္ကာယဒိဌိ)ကို အပြီးတိုင်ပါယ်ပြီးခြင်းကြောင့်ဖြစ်သည်။
2026-09-08 10:19:25
0
myint.htoo726
Myint Htoo :
🙏🙏🙏 သာဓုသာဓုသာဓု
2026-09-03 06:19:48
0
nyo.min.nyi
Nyo Min Nyi :
ပူဇော်ပါ၏
2026-10-02 12:59:31
0
user3017190220419
AungPu :
အရှင်ဘုရား..တောင်ပန်ရှိခိုးပါ၏[Pray][Pray][Pray]
2026-10-02 21:39:35
0
si.thu7768
si thu :
ကျေးဇူးပါဘုရား
2026-08-16 05:46:46
1
user3017190220419
AungPu :
မဟာနဲ့နိဗ္ဗာန်...ဖြစ်ထွန်းတည်ကိုင်းရာ.. ရတနာသုံးပါးတို့ရှိရာ.. လောက..သူတော်ကောင်း လောက္ကုတ်..သူတော်စင် ဝိဇ္ဇာ..လေးချက်အင်ကာ စရဏ..စတည်ထိန်လန့်..အထွဋ်အမြတ်တို့ညဏ်ရွှေမြတ်...နိဗ္ဗာန်ရတနာသုံးတန်မျိုးစေ့မှန်..အနာဂတ်ကိုတန်ဖိုးထားပေးပါ..သာသနာငါးထောင်ဆိုတာ..အနာဂတ်ရတနာအလောင်းတော်များအတွက်..[Pray][Pray][Pray][Pray][Pray][Pray][Pray][Pray][Pray]
2026-10-02 21:38:04
0
sunami721
▄︻デDaweithar-9═══━一~ :
🙏🙏🙏
2026-08-14 06:03:18
0
To see more videos from user @myint.tar2, please go to the Tikwm homepage.

Other Videos


About