@thant.zin0744: အပြုသဘောနှင့် ရေသားခြင်းဖြစ်ပါသည် ဇလွန်မြို့နယ် ညောင်ပင်သာကျေးရွာရှိရေကာတာကျိုးခဲ့လျှင် ဇလွန်မြို့နယ် ဓနုဖြူမြို့နယ် ရှိ မိုးစပါးစိုက်ဧက ၁၇၁၃၆၅ပျက်စီးဆုံးရူံးရုံတင်မက ဒီမိုးစပါးပေါ်မှာမှီခိုစားသောက်နေသောလူနေမူ့ဘဝတေ ပညာရေးနှင့်ကျန်းမာရေးပါ ဆုံးရူံးကြရမှာဖြစ်ပါတယ်.သို့ဖြစ်ပါ၍ သက်ဆိုင်ရာနိုင်ငံတော်အဆင့်လူကြီးမင်းများခင်ဗျာ ဇလွန်မြို့နယ်တွင် စိုးရိမ်နေရသော ညောင်ပင်သာရေကာတာ အိကျနေခြင်းကို တာမကျိုးခင် လေးမျက်နှာတာကျိုးပေါက်ပိတ်သလိုမျိုး သံများနှင့်အချိန်မှီပိတ်စေလိုပါတယ်. ပေ၅၀ လောက်ပိတ်လျှင် စိတ်ချရသည့်အနေထားမျိုးမှာ သက်ဆိုင်ရာနိုင်ငံတော်အဆင့်လူကြီးများဦးဆောင်ပေးခဲ့ပါလျှင် ကျွန်တော်တို့မြို့နယ်ရှိ ပြည်သူလူထုတစ်ရပ်လုံးနှင့်မြို့နယ်ကျေးရွာအဆင့်ဆင့်က တာဝန်ရှိလူကြီးများကလည်း ဝိုင်းဝန်းဖို့အသင့်ရှိနေကြပါတယ်.အကူအညီပဲတောင်းခံပီး ရပ်ကြည့်နေခြင်းမျိုးမဟုတ်ပါ ဇလွန်မြို့နယ်ရှိပြည်သူလူထုတစ်ရပ်လုံးနှင် ဓနုဖြူမြို့နယ်မှ လူငယ်တစ်ချို့ပါ ရေကာတာအတွက်နေ့စဥ်လုပ်အားအလူုရှင် ငွေအားအလူုရှင် ကျန်မာရေးအလူုရှင် လုပ်အား၁၀၀၀ ဝန်းကျင်နှင့် နေ့စဥ် လုပ်အားပေးလုပ်ဆောင်နေကြပါတယ် သို့သော်ပြည်သူလူထုအင့်အားနှင့်သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများပူးပေါင်းလုပ်ဆောင်နေခြင်းသည် နိုင်ငံတော်အဆင့် လေးမျက်နှာရေကာတာကျိုးပေါက်ပိတ်သကဲ့သို့ စိတ်ချရသည့်အနေအထားတစ်ခုကို မတွေ့ရသေးသည့်အတွက် ခုလိုရေးသားရခြင်းဖြစ်ပါသည်ခင်ဗျာ.ကျွန်တော်တစ်ဦးတစ်ယောက်၏အမြင်ဖြစ်ပါ၍ အမှားပါခဲ့လျှင် ခွင့်လွတ်ပေးစေလိုပါတယ်.ဆရာကြီးလုပ်၍ရေသားရခြင်းမဟုတ်ပါခင်ဗျာ. မှက်ချက်.ကျွန်တော်အမြင် တစ်ချို့သာဖြစ်သည့်အတွက် ဖြစ်သင့်သည်ဟုထင်မိပါလျှင် ဖြည့်စွက်အကြံပေးရေးသား ၍အဆင့်ဆင့် ရှယ်ပေးကြပါရန်
Thant Zin
Region: MM
Friday 14 August 2026 05:18:30 GMT
Music
Download
Comments
နုပဿီ :
@:အမှန်က ဒီတာရဲ့ အခြေမှာ ကြွက်တွင်းများရှိနေပါတယ်။လက်ရှိမိုးကာထားသော မြေသားက သေးငယ်ပါတယ်။ဒီနေရာကို
မထိရဲ မကိုင်ရဲပါကြဖူး။သဲအိတ်ဖို့ရင်လဲ တာနိမ့်ကျမယ့် သဘောပါပဲ။ပြုလုပ်သင့်တဲ့ နောက်တချက်က လက်ရှိ ရေယိုစိမ့်နေတဲ့ တာရှေ့ ခပ်ကွာကွာနဲ့ ပိုင်ရိုက်ပြီး ဘေးက ထရံကာပြီး ရှေ့က တစ်ဆင့် တားရပါလိမ့်မယ်။တွန်းလာတာကို ကန်ထားခြင်းက ခုလုပ်ထားခြင်းပါ။စီးဆင်းပြီး တွန်းလာမယ့်အားကို ရှေ့က ကာကွယ်ထားရင်
ပိုမို စိတ်ချရမှာ ပါ။ခု အခြေအနေက
အပြည့်အဝ စိတ်ချရမည့် အနေအထားမဟုတ်ပါ။မြစ်ရေက ဆက်တက်နေပါတယ်။လေးစားစွာဖြင့် အကြံပြု အကြံပေးတာပါ။
2026-08-14 08:27:30
39
အနဂ္ဂ :
နိုင်ငံတော်အဆင့် ဗဟိုအစိုးရရဲ့ နည်းပညာ ယန္တယား လိုအပ် ပစ္စည်းတွေနဲ့ ပုံအော အားစိုက်လုပ်သင့်တဲ့ အလုပ်ကို ခုလို့ မြို့ခံ နယ်ခံ အဆင့်လောက်နဲ့ လုပ်နေရတာကတော့ ရုပ်ပေါက်လွန်းပါတယ် ရည်ရွယ်ချက်ရှိရှိ ပြစ်ထားနေသလိုပါပဲ
2026-08-14 10:13:13
73
Kyaw Gyi :
ဘာအစိုးရလည်းဗျာပြည်သူတေကိုနဲနဲမှတောင်လှည့်မကြည့်ဘူးဗျာ
2026-08-14 08:19:10
18
မောင်ကောက်တေး :
တက်ကြွတဲ့ ရပ်ရွာလူထုအားနဲ့
စက်ယန္တယားအင်အား နည်းပညာအင်အားပေါင်းမှ စိတ်ချရမယ်လို့မြင်ပါတယ်
2026-08-14 08:50:55
12
user8307767602651 :
မနက်က အိတ်ခွံ၁၀၀ လှူလိုက်ပါတယ် ကိုယ်နယ်မဟုတ်သော်လည်း အဲအဖြစ်ဆိုးကိုလုံးဝလုံးဝကို အထိအခိုက်မခံနိုင်လို့ပါ
ချစ်သောမိတ်ဆွေများ ရေဘေးအန္တရယ်မှကင်းဝေးကြပါစေ
2026-08-14 11:16:47
22
Ko Lay :
ဘာကိုမှမျှော်လင့်မနေပါနဲ့ဗျာပြည့်သူမှာပြည့်သူပဲရှိတယ်
2026-08-14 10:52:37
8
UTM A :
မဆလခေတ် နဝတခေတ်တွေမှာ ရေကင်းစောင့်ရတယ်လို့ကြားဘူးတယ် ဒီမိုကရေစီခေတ်ရောက်တော့မှ ရေကင်းစောင့်ရတဲ့ဆိုတဲ့စကားမကြားမိတော့ဘူး
2026-08-14 11:08:59
2
လွင်ဖြိုး လ့င်ဖြိုး :
လေးမျက်နုာလိုမဖြစ်ခင်ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်ဖြစ်ပြီးမှလုပ်ရင်ဆုံးရှုံးမှုပိုများပါတယ်
2026-08-14 13:00:31
5
Thida :
ခုလိုရေးသားတင်ပြပေးလို့ကျေးဇူးတင်ပါတယ်အမှန်တကယ်ကိုလိုအပ်နေတာပါလူအင်အားနဲ့တင်မရပါပြည်သူတွေကညီပေမဲ့တာဝန်ရှိသူတွေဖြစ်မှာပဲလေးမျက်နှာလုပ်ကြမယ်ထင်ပါတယ်အချိန်လည်းရတယ်လူအင်အားလည်းရှိတယ်ဒါပေမဲ့တာဝန်ရှိသူတွေကိုယ်တိုင်ကသေချာကြီးကြပ်ကွပ်ကဲရင်အထိရောက်ဆုံးဖြစ်ပေမဲ့ဇလွန်သူဇလွန်သားများသည်ပြည်တော်ပြန်ဘုရားကြီးမှတပါးအားကိုးစရာမရှိပါဘုရားကြီးတန်ခိုးတော်ဖြင့်လယ်သမားကြီးများ၏လယ်ယာများနှင့်အိုးအိမ်များမပျက်ဆီးမဆုံးရှုံးစေဖို့ဆုတောင်းယုံမှတပါးအခြားမရှိပြီ
2026-08-14 11:35:38
5
Renn say :
ဟုတ်အကိုရေ တာဝန်သိပြည်သူတယောက်အနေနဲ့ပြန်ရှဲပေးထားပါတယ်နော် လေးစားပါတယ်ရှင့်
2026-08-15 03:35:22
2
Ko Hlaing Myo Aung :
ကျွန်တော်တို့လေးမျက်နှာြမို့လေးကို
ြကည့်ပါဗျာ😭😭😭😭
2026-08-14 14:27:43
0
Hero528 :
အခုအချိန်မှာနိုင်ငံတော်အဆင်အနေနဲ့ ပြင်ဆင်သင့်ပါတယ်တနေ့လာပြည်သူ
500/1000ယောက်ကပဲလုပ်နေရတာ
လူအားနဲ့စက်အားမတူလိုကိုနဲ့သက်ဆိုင်တယ်ထင်တဲ့နိုင်ငံတော်အကြီးအကဲများ ထိုင်မနေပါနဲ့ ကြိုးသွားမှ လာပြိးဓာတ်ပုံမရိုက် နဲ့သးးးးးးးး
2026-08-14 07:38:28
5
U Naing Win :
စိတ်ချင်းဆက်နေသလိုခံစားရတယ်
2026-08-14 14:14:42
2
Shine Beauty Parlour :
ဘာမဖြစ်ပါစေနဲ့🙏🙏🙏
2026-08-15 04:41:22
1
:⃟ :
အကူညီမြန်မြန်ရပါစေနော်
2026-08-15 03:49:35
1
🪷🪷KHAING🪷🪷 :
ဒီpostကို ဝိုင်း shareပေးကြစေချင်တယ်။ 🥺
2026-08-15 04:06:00
1
Shwe Htoo :
ဝိုင်းဝန်းကြိုးစားကြပါရှင်
2026-08-14 22:29:29
1
နုပဿီ :
နောက်ပို့စ်တစ်ခု တင်ပြီဗျာ။ခင်ဗျားတို့ အဖက်ဖက်က ပြင်ဆင်ကြဖို့ နှိုးဆော်ပါတယ်။
2026-08-14 10:45:23
8
Saw ayarwady1012 :
အချိန်ရတယ်နော်ပြင်တဲ့အချိန်
2026-08-14 11:41:25
4
Ayelayy :
ငါတို့အဘက မပူပါ သူ့မှာ သူ့မိသားစုဆယ်သက်စားမကုန်တဲ့ ရိက္ခာတွေ အပြည့်ရှိနေလို့
2026-08-15 12:15:37
2
@bachit13 :
ကြိုတင်ကာကွယ်ပြီးသတိနဲ့နေကြပါ
2026-08-14 13:06:22
2
Ko Oo :
နိင်ငံတော်မှအမြန်လုပ်ဆောင်ပေပါခင်ဗျာ
2026-08-14 07:29:31
5
thar nge :
ကျွန်တော်နဲ့အတွေးအမြင်တူတယ်
ကျွန်တော်လည်းအဲ့လိုလုပ်စေခြင်တယ်
ဒါပေမဲ့ လက်တွေ့မှာအဲ့လိုဖြစ်မနေဘူး
ရေထက်တက်ရင်တော့ မတွေးရဲစရာပါ
2026-08-14 12:38:33
3
#KoKoHtay ၁၄/ သားလေးပါ :
မဖြစ်ခင်ကကြိုတင်ကာကွယ်တာအကောင်းဆုံးပါ လေးမျက်နှာကိုကြည့်ပါ ကူညီသူများအမြန်လာရောက်ကူညီနိုင်ကြပါစေ
2026-08-14 09:56:18
3
ko Thet Kyaw Aung :
ဟုတ်ပါတယ်ဗျာ ပြည့်စုံကောင်းမွန် ပြုပြင်ပေးကြပါဗျာ
2026-08-14 07:35:25
3
To see more videos from user @thant.zin0744, please go to the Tikwm
homepage.