@baby.ko.ko102: အရွယ်တစ်ခု ရောက်လာတော့.... ပျော်ရခြင်း၊ မပျော်ရခြင်းထက်.... အဆင်ပြေခြင်း၊ မပြေခြင်းကို ပိုဦးစားပေး ရွေးချယ်တတ်လာတယ် ။ ဖြစ်ချင်တဲ့ ဆန္ဒထက်.... ဖြစ်သင့်တဲ့ အရာကိုပဲ လုပ်ဖြစ်တော့တယ် ။ သွားချင်တဲ့ နေရာထက်.... သွားသင့်တဲ့ နေရာကိုပဲ သွားဖြစ်တော့တယ် ။ လုပ်ချင်တဲ့ အလုပ်ထက်.... လုပ်သင့်တဲ့ အလုပ်ကိုပဲ လုပ်ဖြစ်တော့တယ် ။ ဒေါသထွက်တိုင်း ပေါက်ကွဲလွယ်တဲ့ အရွယ်ကနေ..... ဒေါသကိုမြိုသိပ်ရင်း ဟန်ဆောင်ပြုံးတတ်တဲ့ အရွယ်ကို ရောက်လာခဲ့ပြီ ။ ဝမ်းနည်းတိုင်း မျက်ရည်လွယ်ပြီး ငိုတတ်တဲ့ အရွယ်ကနေ..... ဒီလောက်လေးကို ငိုစရာလားဆိုပြီး ငိုတာဟာ ပျော့ညံ့တယ်လို့ ထင်လာတဲ့အထိ စိတ်ဓာတ်တွေ မာကျောလာတဲ့ အရွယ်ကို ရောက်လာခဲ့ပြီ ။ တခုခုဆို စိတ်မြန်လက်မြန် လုပ်တတ်တဲ့ အရွယ်ကနေ..... ခေါင်းအေးအေးနဲ့ အချိန်ယူ စဉ်းစားပြီးမှ လုပ်တတ်တဲ့ အရွယ်တစ်ခု ရောက်လာခဲ့ပြီ ။ ချစ်ခြင်းမေတ္တာမှာလဲ ဦးနှောက်နဲ့ နှလုံးသားယှဉ်လာရင် နှလုံးသားကို ဦးစားပေးတတ်တဲ့ အရွယ်ကနေ..... ဦးနှောက်ကို ဦးစားပေးရွေးချယ်တဲ့ အရွယ်ကို ရောက်လာခဲ့ပြီ ။ ဒီလိုနဲ့ပဲ နောက်ဆုံးတော့လဲ..... အတူရှိခြင်း၊ မရှိခြင်းက အရေးမကြီးတော့သလို..... ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းကလဲ အရေးမကြီးတော့ပဲ..... အဆင်ပြေခြင်း၊ မပြေခြင်းကသာ အဓိက ကျတော့တာပါ ။#foryou #trend #crdစာသား
Aye Aung🩵
Region: MM
Friday 14 August 2026 07:18:43 GMT
Music
Download
Comments
09685596926 :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-08-14 07:35:25
0
happy my like :
🥰🥰🥰
2026-08-16 15:29:44
0
Lu soe :
💕💕💕
2026-08-15 18:50:03
0
อู สมุย :
🥰🥰🥰🥰🥰
2026-08-14 13:32:42
0
Zwe :
🥰🥰🥰
2026-08-14 11:53:53
0
❤ S M ❤ :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-08-14 11:29:42
0
Khaing Mar Htun :
🤪🤪
2026-08-14 08:25:29
1
To see more videos from user @baby.ko.ko102, please go to the Tikwm
homepage.