@zfii4ii:

Hdhddifnvcgduudfxfyeshf
Hdhddifnvcgduudfxfyeshf
Open In TikTok:
Region: SA
Friday 14 August 2026 13:34:41 GMT
452
14
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @zfii4ii, please go to the Tikwm homepage.

Other Videos

ချင်းလူမျိုးလို့ ပြောလိုက်ရင် လူအများစုရဲ့ စိတ်ထဲမှာ မြူနှင်းတွေ ဝေဆိုင်းနေတဲ့ ချင်းတောင်တန်းကြီးတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။  ဒါပေမဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ စိမ်းစိုတဲ့ လယ်ကွင်းတွေ၊ ပဲခူးရိုးမရဲ့ တောင်ခြေတွေ၊  ရခိုင်ရိုးမ အရှေ့ဘက်ခြမ်းနဲ့ နေပြည်တော်၊ မကွေးတိုင်းလို  မြေပြန့်လွင်ပြင်တွေဆီမှာလည်း မိမိတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ခိုင်ခိုင်မာမာ အမြစ်တွယ် စိုက်ထူထားတဲ့ ချင်းလူမျိုးစုတစ်စု ရှိနေပါတယ်။ သူတို့ကတော့ “မြေပြန့်ချင်း” လို့ လူသိများတဲ့ “အရှိုချင်း (Asho Chin)” လူမျိုးတွေပဲ ဖြစ်ပါတယ်။ တောတောင်ထူထပ်တဲ့ နေရာကနေ မြေပြန့်ဒေသတွေဆီ ခေတ်အဆက်ဆက် ရွှေ့ပြောင်းအခြေချရင်း မြေပြန့်သားတို့ရဲ့ Lifestyle နဲ့ သဟဇာတဖြစ်အောင် နေထိုင်ခဲ့ကြပေမယ့် သူတို့ရဲ့ သွေးသားထဲက ဇာစ်မြစ်နဲ့ အမှတ်သညာကိုတော့ ဘယ်တော့မှ အပျောက်မခံခဲ့ကြပါဘူး။ အများစုက ‘အရှို’ ဆိုတဲ့ စကားလုံးဟာ မြေပြန့်မှာ နေထိုင်တဲ့ ချင်းလူမျိုးစုတစ်ခုတည်းကိုပဲ သီးသန့် ခေါ်ဆိုတာလို့ ထင်မှတ်ထားတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ မြေပြန့်ချင်းတို့ရဲ့ မိခင်ဘာသာစကားအရ “အရှို (Asho)” ဆိုတဲ့ စကားလုံးရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်က “ချင်းလူမျိုး ” အားလုံးကို ခြုံငုံကိုယ်စားပြုတာ ဖြစ်ပါတယ်။ တောင်ပေါ်မှာ နေထိုင်သူပဲဖြစ်ဖြစ်၊ မြေပြန့်မှာ နေထိုင်သူပဲဖြစ်ဖြစ် သွေးချင်းညီနောင်အားလုံးဟာ သူတို့အတွက်တော့ တန်ဖိုးတူညီတဲ့ ‘အရှို’ တွေပါပဲ။ ဒီအခေါ်အဝေါ်ရဲ့ နောက်ကွယ်မှာ
ချင်းလူမျိုးလို့ ပြောလိုက်ရင် လူအများစုရဲ့ စိတ်ထဲမှာ မြူနှင်းတွေ ဝေဆိုင်းနေတဲ့ ချင်းတောင်တန်းကြီးတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ စိမ်းစိုတဲ့ လယ်ကွင်းတွေ၊ ပဲခူးရိုးမရဲ့ တောင်ခြေတွေ၊ ရခိုင်ရိုးမ အရှေ့ဘက်ခြမ်းနဲ့ နေပြည်တော်၊ မကွေးတိုင်းလို မြေပြန့်လွင်ပြင်တွေဆီမှာလည်း မိမိတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ခိုင်ခိုင်မာမာ အမြစ်တွယ် စိုက်ထူထားတဲ့ ချင်းလူမျိုးစုတစ်စု ရှိနေပါတယ်။ သူတို့ကတော့ “မြေပြန့်ချင်း” လို့ လူသိများတဲ့ “အရှိုချင်း (Asho Chin)” လူမျိုးတွေပဲ ဖြစ်ပါတယ်။ တောတောင်ထူထပ်တဲ့ နေရာကနေ မြေပြန့်ဒေသတွေဆီ ခေတ်အဆက်ဆက် ရွှေ့ပြောင်းအခြေချရင်း မြေပြန့်သားတို့ရဲ့ Lifestyle နဲ့ သဟဇာတဖြစ်အောင် နေထိုင်ခဲ့ကြပေမယ့် သူတို့ရဲ့ သွေးသားထဲက ဇာစ်မြစ်နဲ့ အမှတ်သညာကိုတော့ ဘယ်တော့မှ အပျောက်မခံခဲ့ကြပါဘူး။ အများစုက ‘အရှို’ ဆိုတဲ့ စကားလုံးဟာ မြေပြန့်မှာ နေထိုင်တဲ့ ချင်းလူမျိုးစုတစ်ခုတည်းကိုပဲ သီးသန့် ခေါ်ဆိုတာလို့ ထင်မှတ်ထားတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ မြေပြန့်ချင်းတို့ရဲ့ မိခင်ဘာသာစကားအရ “အရှို (Asho)” ဆိုတဲ့ စကားလုံးရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်က “ချင်းလူမျိုး ” အားလုံးကို ခြုံငုံကိုယ်စားပြုတာ ဖြစ်ပါတယ်။ တောင်ပေါ်မှာ နေထိုင်သူပဲဖြစ်ဖြစ်၊ မြေပြန့်မှာ နေထိုင်သူပဲဖြစ်ဖြစ် သွေးချင်းညီနောင်အားလုံးဟာ သူတို့အတွက်တော့ တန်ဖိုးတူညီတဲ့ ‘အရှို’ တွေပါပဲ။ ဒီအခေါ်အဝေါ်ရဲ့ နောက်ကွယ်မှာ "ငါတို့ ဘယ်နေရာမှာပဲ နေထိုင်နေပါစေ၊ ဘယ်လို ပထဝီဝင်အနေအထားအောက်မှာပဲ ကြီးပြင်းပါစေ... အားလုံးဟာ အနွယ်တူ၊ သွေးတူတဲ့ ချင်းလူမျိုးတွေပဲ" ဆိုတဲ့ စည်းလုံးခြင်း နှလုံးသားကိန်းဝပ်နေပါတယ်။ ဒါကြောင့် ‘အရှို’ ဆိုတဲ့ စကားလုံးဟာ သာမန်လူမျိုးစု ခွဲခြားမှုတစ်ခု မဟုတ်ဘဲ၊ ချင်းညီနောင်အားလုံးကို တစ်သားတည်းဖြစ်စေတဲ့ မေတ္တာကွန်ရက် သင်္ကေတတစ်ခု ဖြစ်ပါတယ်။ တောင်တန်းတွေနဲ့ ဝေးကွာသွားခဲ့ပေမယ့် မြေပြန့်ချင်းတို့ဟာ မိမိတို့ရဲ့ ရိုးရာ ကန်းရက်ထည်တွေကို မြေပြန့်ရာသီဥတုနဲ့ ကိုက်ညီအောင် ပြောင်းလဲရက်လုပ် ဝတ်ဆင်ကြပါတယ်။ အထူးသဖြင့် အနက်ရောင်နောက်ခံပေါ်မှာ အနီ၊ အဝါ၊ အစိမ်း လိုင်းကြောင်းလေးတွေနဲ့ ဖန်တီးထားတဲ့ ‘အရှိုချင်း’ ရိုးရာဝတ်စုံတွေဟာ ရိုးရှင်းပြီး ခန့်ညားတဲ့ အလှတရားကို ပေးစွမ်းပါတယ်။ ဒါ့အပြင် ရှေးဟောင်းရိုးရာ ယုံကြည်မှုတွေ၊ ပွဲလမ်းသဘင်တွေကိုလည်း မိသားစုအလိုက်၊ ရွာအလိုက် စုစည်းညီညွတ်စွာနဲ့ ယနေ့တိုင် မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ထားကြဆဲ ဖြစ်ပါတယ်။ အရှိုလူမျိုးရဲ့ စကားမှာ... ‘အရှို’ ဆိုတာ မြေပြန့်သားတွေကိုပဲ သီးသန့်ရည်ညွှန်းတာမဟုတ်ဘဲ ချင်းလူမျိုးအားလုံးကို ခြုံငုံခေါ်ဝေါ်တဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ဒါဟာ လူမျိုးခြားတွေရဲ့ အလယ်၊ မြေပြန့်လွင်ပြင်တွေကြားမှာ "ငါတို့ဟာ ချင်းလူမျိုးအဖြစ် အခိုင်အမာ တည်ရှိနေဆဲပဲ" ဆိုတာကို ရဲရဲဝံ့ဝံ့ သက်သေပြနေတဲ့ ပြုပြင်ပြောင်းလဲမရတဲ့ ရုပ်ဝတ္ထုအထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လူအများစု အထင်မှားနေကြတဲ့ အချက်တစ်ခု ရှိပါတယ်။ "ချင်းတိုင်းဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြတယ်" ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ တကယ်တမ်းတော့ ချင်းလူမျိုးတိုင်းဟာ ခရစ်ယာန်ဘာသာဝင်တွေချည်းပဲ မဟုတ်ကြပါဘူး။ ရိုးရာနတ်ကိုးကွယ်မှု (ဂူဝါ/ခေါနု)၊ ဗုဒ္ဓဘာသာနဲ့ အခြားသော ဘာသာတရားပေါင်းစုံကို မိမိတို့ရဲ့ လွတ်လပ်ခွင့်၊ ယုံကြည်ချက်အလိုက် လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြပြီး အပြန်အလှန် လေးစားကြတာဟာလည်း အရှိုချင်းတို့ရဲ့ လှပတဲ့ စရိုက်လက္ခဏာတစ်ခု ဖြစ်ပါတယ်။ “တောင်ပေါ်မြေပြန့် ကွဲပြားမှုမရှိ၊ ဘာသာတရား ယုံကြည်ချက်ချင်း မတူညီပါစေဦးတော့... အားလုံးရဲ့ နှလုံးသားထဲမှာတော့ ‘အရှို’ ဆိုတဲ့ ဇာစ်မြစ်တစ်ခုတည်းနဲ့ပဲ ထာဝရ စည်းလုံးနေကြမှာပါ။” လင်းလင်း,မိုင်မေသဇင်ဦး✍️ #AshoChin #ChinCulture #MyanmarHeritage #UnityInDiversity #KnowledgeStory

About