@udhammika2: # မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး လက်ထက်က ရဟန်းတွေက မေးကြတယ်တဲ့ ဝဒေနာဆိုတာဘုရား ပုထုဇဉ်မှာလဲ ဝေဒနာရှိတာပဲ၊ ရဟန္တာတွေ ၊ ဘုရားတွေမှာလဲ ဝေဒနာရှိတာပဲ ဝေဒနာခံစားကြတာပဲ ခံစားပုံခြင်း ဘယ်လို ထူးသလဲတဲ့ ၊ ဒါကို အမေးထုတ်လိုက်တယ်။ အမေးထုတ်လိုက်တော့ ပုထုဇဉ်ခံစားတာကို ငါအရင် ရှင်းပြမယ်ကွာတဲ့.... ပုထုဇဉ်ကတော့ကွာ ၊ ခန္ဓာကိုယ်ထဲမှာ နာတဲ့ ဒုက္ခ ဝေဒနာ ဖြစ်တယ် ကိုယ်ပေါ်မှာ ဒုက္ခဝေဒနာဖြစ်တယ်။ ဥပမာ တစ်ခုခု နဲ့ ထိခိုက်တယ် ၊ ဒီလိုဝေဒနာ ဖြစ်တဲ့ အခါကျတော့ အပြင်ဘက်က ဒုက္ခဝေဒနာ ဖြစ်တော့ ..အတွင်းက ဒေါမနဿ ဖြစ်တယ်ကွ. တဲ့ အဲဒီတော့ ပုထုဇဉ်မှာ လှံတစ်ချက်ထိုးလိုက်တာ နှစ်ချက်ထိသွားတယ်တဲ့ ၊ ပြင်ဘက်ထိုးလိုက်တာ ပြင်ဘက်လဲထိတယ်အတွင်းလဲထိတယ်တဲ့ ၊ ကိုယ်ပေါ်မှာတစ်ချက် ဝမ်းထဲမှာ တစ်ချက်ထိတယ် ...ဒါ ပုထုဇဉ်ကွ ..တဲ့ ဒီဝေဒနာ ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်း ဆိုတဲ့ ဝေဒနာ နှစ်မျိုးဟာ သက်သာရင် ကောင်းမှာဘဲ ဆိုတဲ့ " တဏှာ "တောင်လာလိုက်သေးတယ် ဒီတဏှာ လာတဲ့ အခါ ကျလို့ရှိရင်လဲ ဒီတဏှာကို ဘယ်လိုနည်းနဲ့မှ ချုပ်အောင် မတတ်နိုင်တော့ဘူးလို့ စိတ်ထဲမှာပေါ်တော့ " အဝိဇ္ဇာ "ပါ ဝင်လာသေးတယ် ကွတဲ့ တဏှာ ချုပ်နည်းကို သူမရှာတတ်တဲ့အတွက် အဝိဇ္ဇာ နောက်ထပ် တိုးလာတယ်ဆိုတော့ ကို...လေးချက်ဖြစ်သွားတယ် ဒုက္ခ ဝေဒနာတစ်ခုပေါ်တယ် ၊ ဝမ်းထဲက ဒေါမနဿ တစ်ချက်ဖြစ်တယ် ၊ ဒေါမနဿ ဖြစ်တော့ ပျောက်ချင်တဲ့ " တဏှာ "လာပြန်တယ် ၊ ပျောက်ချင်တဲ့ တဏှာ လာပြန်တော့ သူမှာ မကောင်းတာ သုံးခု ဖြစ်သွားပြီ ၊ ဒုက္ခ ၊ ဒေါမနဿ ၊ တဏှာ..သုံးခု၊ ဒီ တဏှာ ချုပ်အောင်ဘယ်လို ကျင့်ရမယ်ဆိုတာ မသိပြန်တော့လဲ " အဝိဇ္ဇာ " ကလာပြန်တယ် ဒါဖြင့် သူ့မှာ လေးချက် ဖြစ်နေတယ် ပုထုဇဉ်မှာဒါ ပုထုဇဉ်တိုင်းမှာ ဒီအတိုင်းမှတ်ပါ။ ကိုယ်ပေါ်မှာ တစ်ချက်ထိတာနဲ့ ၊ သုံးချက်ပေါ်တယ် ဒေါမနဿ တစ်ချက် ၊ လောဘကတစ်ချက် ၊ အဝိဇ္ဇာ တစ်ချက်၊ အဲဒါ ပုထုဇဉ် ဝေဒနာ ခံစားတာ ဒီလိုပဲ။ ဒါဖြင့် ဘုရားတဲ့.. အရိယာ သို့မဟုတ် အရိယာတို့၏ တပည့်သား ခံစားတဲ့ ဝေဒနာပြောပါဦးလို့ ဆိုတော့ သူတို့က ကိုယ်ပေါ်မှာ ဒုက္ခဝေဒနာဖြစ်တယ် သူကလှံနဲ့ တစ်ချက်ထိုးလိုက်တယ် ဆို ကိုယ်က တစ်ခါ ပြန်ထိုးတယ် သူ ဒုက္ခဝေဒနာပေါ်တယ်ဆို ကိုယ်ကဖြစ်ပျက် ရှုချလိုက် ဖြစ်ပျက်ရှုချလိုက်တော့ ဒေါမနဿ မလာတော့ဘူး လောဘကော မလာတော့ဘူး မောဟကော မလာတော့ဘူး ဒါက ...သဠာယတနဝဂ္ဂ သံယုတ်မှာ လာတယ် အဲဒီတော့ ဒုက္ခ တစ်တန်းကြီး နေတယ်ဆိုတာ ကိုယ်က ပြန်မထိုး တတ်လို့ဖြစ်တာ သူက ဒုက္ခ တစ်ချက်ထိုးရင် ကိုယ်က ဥာဏ်နဲ့တစ်ချက် ထိုးရမယ် ဥာဏ်နဲ့ တစ်ချက်ထိုးလို့ရှိရင် ဒေါမနဿ ပြတ်သွားမယ် ၊ဒေါမနဿ ပြတ်သွားရင် ပျောက်ချင်တဲ့ လောဘကော လာသေးရဲ့လား ...( မလာပါဘုရား ) လောဘမလာလို့ရှိရင်လဲ လောဘ ဘယ်လို ချုပ်အောင် လုပ်ရပါ့မတုံးဆိုတာ မသိတဲ့ " အဝိဇ္ဇာ " ကော လာသေးရဲ့လား....( မလာပါဘုရား ) ဒေါမနဿရယ် ၊ လောဘရယ် အဝိဇ္ဇာရယ် ဒါဖြင့် ..လောဘ ၊ ဒေါသ ၊ မောဟ အကုန်ချုပ်တယ် အဲဒီတော့... ခင်ဗျားတို့ ကျင့်ကြံ တဲ့အခါမှာ ကိုယ်ပေါ်မှာ ဒုက္ခဝေဒနာ ၊ ဒုက္ခစိတ်တော့ ပေါ်မှာပဲ ပေါ်ရင် ဥာဏ်နဲ့ ပြန်ထိုးဖြစ်အောင်ထိုး ဥာဏ်နဲ့ ပြန်ထိုးလိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် တဲနောက်ဆက်တွဲ သုံးခု ...ပဋိစ္စသပုပ္ပါဒ် အဆုံးက ပြန်ပတ်မှာလဲ မလာဘူး ၊အလယ်က စ မှာလဲ မလာပါ ၊ အစ က စမှာ ကော မလာဘူး သုံးချက်ပြတ်သွားတယ် ၊ ဒါဖြင့် ဘုမသိ ၊ ဘမသိ ပုထုဇဉ်လူမိုက်တွေမှာဖြင့် ဒုက္ခလာရင် ဒေါမနဿ လိုက်တယ် ၊ လောဘလိုက်တယ် ၊ အဝိဇ္ဇာ လိုက်တယ် ၊ သိ ကြား လိမ္မာတဲ့ သတိပဋ္ဌာန် သမားတွေ အရိယာ အစစ်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ၊သို့မဟုတ် အရိယာတို့၏ တပည့်သားဖြစ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ သူကတစ်ချက်၊ ဒုက္ခက တစ်ချက် ထိုးလိုက်ရင် ကိုယ် က ဥာဏ်နဲ့ တစ်ချက် ပြန်ထိုး ဥာဏ်နဲ့ တစ်ချက် ပြန်ထိုးတဲ့အတွက် ဒေါမနဿ က စ ချုပ်တယ် ပြီးတော့လောဘကော( ချုပ်ပါတယ် ) ၊ အဝိဇ္ဇာကော ( ချုပ်ပါတယ် ) ၊ အဲဒါ...ပုထုဇဉ်တို့၏ ဝေဒနာခံစားပုံနဲ့ အရိယာ သို့မဟုတ် အရိယာတို့၏ တပည့်သား ဝေဒနာ ခံစားပုံ နဲ့ ဤ ကဲ့သို့ခြားနားပါတယ်ကွာတဲ့ အဖိုးမတန်ဘူးလား...( အဖိုးတန်ပါတယ်ဘုရား ) ( မိုးကုတ်ဆရာတော်ဘုရားကြီး)🙏🙏🙏 #fyp #foryou #tiktok #ဝိပဿနာ
U Dham Mi Ka
Region: MM
Saturday 15 August 2026 01:34:18 GMT
Music
Download
Comments
မြိုင်ဟေဝန် :
ဖောက်ပြန် ခံစား မှတ်သား ပြုပြင်
သိဝိဉာဏ် ငါးအင်ခန္ဓာမှတ်ဟု
နားကြားဘူး၍
2026-09-29 15:07:24
0
Nwe Nwe Win :
ဆရာတော်ကြီးအားအမြဲသတိရလွမ်းမိပါသည်ဦးထိပ်တင်ပါတယ်ဘုရား🙏🙏🙏
2026-09-30 01:17:43
0
U Than Htay :
🙏🙏🙏🙏🙏
2026-10-09 07:15:18
0
Hlaing :
🙏🙏🙏မှန်လှပါ ဘုရား🙏🙏🙏
သာဓု သာဓု သာဓု ပါ ဘုရား
2026-09-30 07:40:40
1
မင်းထက်သာ :
သာဓုသာဓုသာဓုပါဘုရား
2026-10-04 03:33:53
0
U Hla Than :
2026-08-31 15:45:19
1
ptk :
သာဓုသာဓုသာဓုပါ ဘုရား
2026-09-30 09:16:34
1
ပန်းကလေး :
🙏🙏🙏တရားနာယူ
🙏🙏🙏လိုက်ပါတယ်
🙏🙏🙏ဘုရား
2026-08-15 03:46:05
0
𝑊𝑖𝑛𝐾𝑜𝐾𝑜 :
🥰🥰🥰🥰🥰🥰
2026-10-01 03:40:17
0
Daw Ei 🌻🌻 :
🙏🙏🙏🙏
2026-08-15 12:14:42
1
U Myo Aung :
သာဓုသဓုသာဓုပါအရှင်ဘုရား
2026-08-15 20:59:59
0
mawmaw4571 :
2026-08-15 06:38:17
0
Ko Soe :
2026-08-15 10:56:26
0
U Myint Win :
🙏🙏🙏🙏🙏
သာဓု သာဓု သာဓုပါဘုရား
2026-09-30 17:38:48
0
ပါပါး မာမား :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-08-15 06:53:33
0
May Thu Kha :
🥰🥰🥰သာဓုသာဓုသာဓုပါဘုရား
2026-08-15 03:38:23
0
ayeaye :
🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
2026-08-15 03:03:31
1
Mä Moe ငွေလမင်း**ဆပ်ပြာခဲ :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-08-15 05:44:40
0
U Hla Than :
2026-08-31 15:45:12
1
Kokyaw :
2026-10-04 16:33:22
0
naturenature575 :
သာဓုသာဓုသာဓုပါဘုရား
2026-10-09 16:59:17
0
U Zaw :
သောတပန်တွေက မိမိကိုဆဲဆိုပြစ်တင်ခြင်း၊ ချီးမွမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်းများကို နှလုံးသားနဲ့ မခံစားတော့ဘူး။ တနည်းအားဖြင့် နှလုံးသားမှာ ပူလောင်ပင်ပန်းတင်းကြပ်ခြင်းမဖြစ်တော့ဘူး။
အထက်ဖော်ပြပါဝေဒနာအားလုံးကို ရဟန္တာများကြတော့ နှလုံးသား၊ ရင်ဘတ်၊ ဦးနှောက်၊ အသိစိတ်များနှင့်ပါမခံစားတော့ဘူး။ ထို့ကြောင့် ၎င်းအစိတ်အပိုင်းများ ပူလောင်၊ ပင်ပန်း၊ တင်းကြပ်ခြင်းများ မဖြစ်တော့ဘူး။ သတိထားပြီးဆင်ခြင်နေစရာလည်းမလိုဘူး။ သူ့အလိုလိုကို မခံစားပဲနေနိုင်သွားတာ။
2026-10-05 10:51:41
1
kopaing :
🙏🙏🙏
2026-10-09 12:35:39
0
U Hla Than :
2026-08-31 15:45:00
1
user6653765292998 :
🙏🙏🙏🙏🙏သာဓုသာဓုသာဓုပါအရှင်ဘုရား
2026-08-15 05:15:01
0
To see more videos from user @udhammika2, please go to the Tikwm
homepage.