@babbyboooo5:

Aloha
Aloha
Open In TikTok:
Region: US
Saturday 15 August 2026 01:59:17 GMT
89
18
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @babbyboooo5, please go to the Tikwm homepage.

Other Videos

ပြည်ပမှ ခွင့်ပြန် မြန်မာအလုပ်သမားများ နိုင်ငံခြားသို့ ပြန်လည်ထွက်ခွင့်ရရန် ခက်ခဲနေပြီး စစ်မှုထမ်းရန် ဖိအားများပါ ကြုံတွေ့နေရ ရန်ကုန်၊ ဩဂုတ် ၁၄ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိသားစုထံသို့ ခွင့်ဖြင့် ပြန်လာပြီးနောက် အလုပ်ရှိရာနိုင်ငံများသို့ ပြန်လည်ထွက်ခွာရန် စစ်တပ်၏ တင်းကျပ်သော စည်းမျဉ်းများ၊ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် လွှဲပို့ရမည့် သတ်မှတ်ချက်များနှင့် စစ်မှုထမ်းရန် ဖိအားများကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း UCA News က သတင်းဖော်ပြသည်။ စင်ကာပူနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်သားအဖြစ် အလုပ်လုပ်နေသည့် အသက် ၃၅ နှစ်အရွယ် ကိုကိုချစ်သည် မိခင်ဖြစ်သူ နေမကောင်းသဖြင့် ဇူလိုင်လအတွင်း မွန်ပြည်နယ်ရှိ နေအိမ်သို့ ပြန်လာခဲ့ပြီး တစ်လခန့်အကြာ ဩဂုတ်လအစောပိုင်းတွင် အလုပ်ရှိရာ စင်ကာပူနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် ကြိုးပမ်းရာ ရန်ကုန်လေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိက တားဆီးခဲ့သည်။ ကိုကိုချစ်သည် လွန်ခဲ့သည့်နှစ်များအတွင်း လစဉ်လစာ၏ ၂၅ ရာခိုင်နှုန်းကို အစိုးရခွင့်ပြုထားသည့် တရားဝင်ငွေလွှဲလမ်းကြောင်းမှတစ်ဆင့် မိသားစုထံ လွှဲပို့ထားခြင်းမရှိသည့် အတွက် တားဆီးခံရခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။ ၎င်းသည် ၂၀၂၄ ခုနှစ်အစပိုင်းတွင် စင်ကာပူနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး မိသား စုထံ ငွေလွှဲရာတွင် ငွေလဲနှုန်းပိုမိုကောင်းမွန်သည့် ဟွန်ဒီငွေလွှဲလမ်းကြောင်းများကို အသုံးပြုခဲ့ခြင်းဖြစ်သည်။  ပုဂ္ဂလိကဟွန်ဒီ ငွေလွှဲဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ကျပ် ၄,၄၀၀ ခန့်အထိ ရရှိနိုင်သော်လည်း အစိုးရခွင့်ပြုထားသည့် လမ်းကြောင်းတွင်မူ စျေးကွက်ပေါက်စျေးထက် အလွန်နည်းပါးကြောင်း သိရှိရသည်။  လက်ရှိတွင် ကိုကိုချစ်သည် စင်ကာပူသို့ အလုပ်ပြန်ဝင်နိုင်ရန် လေဆိပ်တာဝန်ကျသူများထံ “VIP လမ်းကြောင်း” ဖြင့် ငွေပေး၍ ထွက်ခွာခွင့်ရရှိရန် ကြိုးပမ်းနေရကြောင်း သိရသည်။ အလားတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၀၂၂ ခုနှစ်ကတည်းက အလုပ်လုပ်ကိုင်နေသည့် အသက် ၂၅ နှစ်အရွယ် ကိုမျိုးကိုဦးသည် ဇွန်လကုန်တွင် မိသားစုထံ ပြန်လာပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ ရန်ကုန်တွင် ပိတ်မိနေကြောင်း သိရသည်။ ၎င်းတွင် တရားဝင် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ရှိသော်လည်း စစ်ကောင်စီက PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေဖြင့် Overseas Worker Identification Card (OWIC) နှင့် Smart Unique Identification (UID) ကတ်များ ရယူထားရန် သတ်မှတ်ခဲ့ပြီး ကိုမျိုးကိုဦးတွင် အဆိုပါကတ်နှစ်မျိုးစလုံး မရှိသေးကြောင်း သိရသည်။ အဆိုပါကတ်များ လျှောက်ထားပါက စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံရနိုင်သည့် အန္တရာယ်ရှိမည်ကို စိုးရိမ်သဖြင့် လျှောက်ထားခြင်းမပြုရဲကြောင်း ကိုမျိုးကိုဦးက ပြောဆိုထားသည်။ လေဆိပ်မှ စစ်ဆေးမှုများကို ရှောင်ရှားရန် ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် ထွက်ခွာရန် ကြိုးပမ်းခဲ့သော်လည်း ရှမ်းပြည်နယ် တာချီလိတ်မြို့သို့ ရောက်ရှိပြီးနောက် စစ်ဆေးရေးဂိတ်များနှင့် စာရွက်စာတမ်း စစ်ဆေးမှုများကြောင့် ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းခွင့်မရဘဲ ရန်ကုန်သို့ ပြန်လာခဲ့ရကြောင်း သိရသည်။ ထို့ပြင် နိုင်ငံခြားရောက် မြန်မာလုပ်သားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် နိုင်ငံသို့ ခေတ္တပြန်လာခြင်းများတွင်လည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများနှင့် အလုပ်သမားအရေး လှုပ်ရှားသူများက ပြောဆိုထားသည်။ အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံကူးလက်မှတ်ဥပဒေအရ နိုင်ငံခြားရောက် မြန်မာလုပ် သားများသည် UID နံပါတ် ရယူပြီး နိုင်ငံကူးလက်မှတ် ပြန်လည်သက်တမ်းတိုးရန် လိုအပ်လာကြောင်း သိရသည်။  သို့သော် မြန်မာသံရုံးများတွင် UID မှတ်ပုံတင်စနစ် မရှိသဖြင့် လုပ်သားများအနေဖြင့် UID လုပ်ရန် မြန်မာနိုင်ငံသို့ ပြန်လာရမည့် အခြေအနေဖြစ်ပေါ်နေသည်။ ရန်ကုန်အခြေစိုက် ခရီးသွားအေဂျင်စီတစ်ခုမှ  တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ ဧပြီလမှ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည့် နိုင်ငံခြားရောက်လုပ်သား ၁,၀၀၀ ကျော်အနက် အများစုမှာ အလုပ်ရှိရာနိုင်ငံများသို့ ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။ ထိုလုပ်သားများအနက် အချို့မှာ လေယာဉ်လက်မှတ်များ ဖျက်သိမ်းရခြင်း သို့မဟုတ် လေယာဉ်မမီခြင်းကြောင့် ငွေကြေးဆုံးရှုံးခဲ့ရပြီး အချို့မှာ အလုပ်ပြန်ဝင်ရမည့် သတ်မှတ်ရက်ကို ကျော်လွန်သွားသဖြင့် အလုပ်အကိုင်များပင် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ အချို့လုပ်သားများမှာ ငွေကြေးအမြောက်အမြား ပေးဆောင်သည့် “VIP လမ်းကြောင်း” ဖြင့် ပြန်လည်ထွက်ခွာခွင့် ရရှိခဲ့ကြောင်း သိရသည်။ အလားတူ ၂၀၂၄ ခုနှစ်တွင် စစ်မှုထမ်းရန် ရှောင်ရှားရန် အဓိကရည်ရွယ်ချက်ဖြင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ ထွက်ခွာခဲ့သည့် ကိုမျိုးမြင့်မင်းသည်လည်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် အဘူဒါဘီရှိ မြန်မာသံရုံးသို့ သွားရောက်ရာ PV အစား PJ အမျိုးအစ

About