@amrisan26: အလုပ်ထဲမှာလေ အကြည်ဓာတ်ရှိပြီး လူချစ်လူခင်ပေါတဲ့အမတစ် ယောက်ရှိတယ်။ ကိုယ်ရော သူ့ကို ချစ်ခင်တဲ့အထဲ ပါတယ်။ကိုယ့်မှာ ဘာရှိရင် ဘာကျွေးချင််တယ်။သူ့အနားရှိရင် အေးချမ်းသလိုခံစာ:ရတယ်။စကားပြောတာလည်း နူးညံ့သိမ်မွေ့တယ်။ အကောင်းမြင်စိတ်များတယ်။ သူတစ်ပါးကို စိတ်ချမ်းသာအောင် ပြောတတ််တယ်။စကားပြော ကြွယ််တယ်။ညက်တယ်။ သူနဲ့စကားပြောလိုက်ရင်ကို စိတ်ထဲ ခံစာ:ချက်တစ်မျိုး ရတယ်။ သူ့ဆီက အကြည်ဓာတ်ပါ ကူးစက်သွားတယ်။နောက်ပြီး အရွယ်တင် နုပျိုသေးတယ်။ဒီလိုနဲ့ ကိုယ်ရော စပ်စုပြီး မေးတယ်။ အကြည်ဓာတ်ရှိအောင် အရွယ်တင်အောင် ဘယ်လိုနေလဲ။ အထူးတလည် လေ့ကျင့်တာမျိုး မရှိပါဘူး။သူပြောတဲ့အချက်တွေကို ပြန်လည်ဝေမျှပေးချင််တယ်။ 🌸 အတင်:မပြောခြင်း အတင်:ပြောတာက စိတ်ရဲ့အကြည်ဓာတ်ကို ပျော'က်စေတယ်။ သူတစ်ပါးရဲ့အကြောင်းကို အရသာခံပြီး ပြောနေချိန် စိတ်ထဲမှာလည်း ည'စ်ညမ်:သွားတယ်။လုံးဝ မပြောတာ မလုပ်နိုင်ပေမယ့် လျှော့ပြောပါတယ်။ 🌸 ဒေါသ မထွက်ခြင်း ဒီတစ်ချက်တော့ ဟုတ်တယ်။ သူ့ကို တွေ့လိုက်တိုင်း အမြဲပြုံးနေတာပဲ။ဒေါသအကြီးအကျယ်ထွက်တာ၊စကားပြော ကြမ်:တာ မတွေ့ရသလောက်ပဲ။ဒေါသ မထွက်တော့ ကြွက်သားအားလည်း ဒီလောက် အာ:မသုံးရဘူး။ဒီတော့ အိုမင်:ရင့်ရော်မှုကို ဆွဲဆန့်ပေးတယ်။ 🌸 ဘာသာရေးလုပ်ခြင်း အဓိကတော့ ဆုတောင်းမေတ္တာပို့သတယ်။ကျမ်:စာဖတ်တယ်။ ဆုတောင်းတဲ့အခါ တောင်းတဲ့လူတွေကို အာရုံထဲ မြင်ယောင်ရင်း တောင်းပေးတယ်။ ဘာသာရေးလုပ်တော့ တွယ်တာစိတ်တွေ နည်းလာတယ်။ အရာအားလုံးက သင်္ခါရပဲဆိုတာ ပိုတရားပေါက်လာတယ်။ ဒီတော့ attachment မလုပ်ဖြစ်တော့ဘူး။ 🌸 ညည်:ညူတာ မလုပ်ခြင်း နောက်ဆုံး အချက်ပေါ့။အမြဲ ညည်:တာမျိုး မလုပ်ဘူး။ဘာပြဿနာပဲ ကြုံလာပါစေ မညည်:တော့ဘူး။အကောင်းဆုံး ရင်ဆိုင် ဖြေရှင်းလိုက်တယ်။သူများရှေ့မှာ ကိုယ့်ရဲ့အဆင်မပြေမှုတွေကို မညည်:ပြဘူး။မချပြဘူး။ညည်:တော့ရော အဆင်ပြေသွားတာ မဟုတ်ဘူးလေ။ဒီတော့ ဘဝကို ပျော်ပျော်ပဲ နေပါတယ်။ စိတ်မည'စ်ဘဲ ပျော်ပျော်ရှင်သန်ပါတယ်။ ဒီအချက်တွေ လုပ်ဖြစ်ပါတယ် ဆိုပြီး ပြောပြပါတယ်။ လူချစ်လူခင်ပေါတာရော မင်္ဂလာပါ တစ်ပါး ဖြစ််တယ်။ အကြည်ဓာတ်ရှိတဲ့အခါ ကိုယ့်ကို မြင်တဲ့လူတွေ၊ကိုယ်နဲ့ဆက်ဆံတဲ့လူတွေ အကြည်ဓာတ်ကူးစေတယ်။ လူတွေကို အေးချမ်းမှု ပေးနိုင်တဲ့လူမျိုး ဖြစ်ရတာလောက် ပီတိဖြစ်စရာကောင်းတာ မရှိတော့ဘူး ထင်ပါရဲ့။ အကြည်ဓာတ် ရှိဖို့ လိုအပ်ပါတယ်။ #နူးနူးအောင် ##အကြည်ဓာတ် #စိတ်အေးချမ်းမှု #အကောင်းမြင်စိတ်
𝓢𝓢🫧
Region: SG
Sunday 16 August 2026 03:26:30 GMT
Music
Download
Comments
❣️ :
ကိုယ်လဲအကုန်လုပ်တယ်ဒါပေမယ့်တအားမချစ်ခင်ကြသလိုပဲ ကူလဲကူညီတက်တာကိုနားတောင်မလည်တော့ဘူးဒါပေမယ့်တချို့တွေကျအဲ့ဟာတွေနဲ့ပြောင်းပြန်ဖြး်နေတဲ့လူတွေနဲ့ပိုတည့်နေသလိုပဲ🥺
2026-08-17 03:47:31
9
Khaing Yati Soe :
လုပ်ငန်းခွင်ထဲ ဒေါသမထွက် ပြုံးပြုံးလေးနဲ့ တကယ် အလုပ်လုပ်နိုင်တာလားဟင် အမ အထက်အောက် ဆက်ဆံရေးတွေ ကိုယ်က ပြောဆိုဆုံးမ သင်ပေးရတဲ့ ရာထူးနဲ့ဆို စိတ်ညစ်ရ စိတ်တိုရတာမျိုးတွေ မရှိဘူးလားရှင့် negative အမြင်နဲ့မေးတာ မဟုတ်ပါဘူးရှင့် အဲ့လိုမျိုးဆို ဘယ်လိုလုပ်တာလဲ သိချင်လို့ မေးကြည့်တာပါရှင့်
2026-08-17 14:30:40
19
EiEi🍀 :
ကိုယ်တွေရုံးမှာလဲရှိတယ်ဘယ်အချိန်ကြည့်ကြည့် အကြည်ဓာတ်လေး🥰
2026-08-21 06:57:53
4
Su Lay Htet :
ဒီအချက်တွေအကုန်လုံးကိုလက် ေတွ့ကျင့်သုံး ေနတဲ့သူဟာကိုယ်ပဲ အာ့ဒါကြောင့်လဲ အသက်ပြောလိုက်ရင် အကုန်လုံးက ဟင်ဟုတ်လားဖြစ်သွားကြတာနေမှာ 😁
2026-08-16 16:10:50
5
🌺🌺Nandar🐉အိမ်ပြေး🌺🌺 :
ကြိုးစားပြီးနေထိုင်ကြည့်မယ်ကွယ်🥰
2026-08-17 04:01:03
8
𝓱𝓽𝓮𝓽 𝓽𝓭𝓶 :
ဒို့ရုံးမာလဲရှိတယ်
2026-08-21 06:47:39
2
TROLL :
2026-08-19 11:04:47
3
🍃Moe🍃 :
ဒီအချက်တွေကတကယ်ဟုတ်ပါတယ်။တကယ်ယုံကြည်တယ်သိလား။
2026-08-17 01:23:07
4
Daw Ei Lay :
ဟုတယ် ရှိတယ်။🥰တို့မြို့ကပေါ့
2026-08-18 12:41:31
3
11:11 :
စာသားလေးပေးပါလား ရှင် 🥰
2026-08-17 01:15:42
3
W🧣 :
ဟုတ်တယ် က်ိုယ်တွေအလုပ်ထဲမှာလဲ လက်တွေ့
2026-08-17 08:08:34
3
🦋🌙i me saung⭐💫 :
ဝင်ကြေးဘလောက်ပေးရလဲ
2026-08-16 08:26:43
2
PPann :
နံပါတ်တစ်က မလုပ်ဘူး ဒါပေမဲ့ စိတ်ညစ်ရင် သူကိုယ့်ပေါ်ဘယ်လိုချိုးသွားကြောင်း ရင်ဖွင့်တာတော့ရှိတယ်
2026-08-22 13:47:32
0
𝓢𝓢🫧 :
ပုံရိုက်ဖို့သွားမယ်ဆို ပိတ်ရက်တော့ မရွေးနဲ့နော် 🥹📸 မနေ့ကတောင် လူနည်းနည်းကြပ်နေပြီ။ လူရှင်းရှင်းနဲ့ ပုံလှလှရချင်ရင် ရက်လေးရွေးပြီးသွားပါ 🤭 အထဲမှာအေးတယ်နော်… အနွေးထည်လေးတော့ မမေ့ကြနဲ့နော်❄️🤍
2026-08-16 08:48:40
4
❦𝚂𝚑𝚠𝚎⋆㋡🦉🐭 :
@ying🐻 miss
2026-08-20 11:30:54
4
wangyueying :
🥰
2026-08-17 11:27:45
3
DeborahNNC" :
❤️❤️❤️
2026-08-16 17:40:46
3
🍒Karyan 🤍 :
❤️❤️❤️
2026-08-17 00:32:46
3
Flower 🌹 Dream🤗♈️🐉 :
🥰🥰🥰
2026-08-16 09:43:07
2
S & J Collection :
🥰🥰🥰
2026-08-16 03:29:59
3
Nang Thinzar :
🥰🥰🥰
2026-08-16 12:34:15
3
Ei Phyo :
🌺🌺🌺
2026-08-20 05:14:34
3
may htoo 🤍 :
🥰🥰🥰
2026-08-18 15:06:11
1
To see more videos from user @amrisan26, please go to the Tikwm
homepage.