@pkkp800: .#မြေကြီးပြောတယ်..."လူတွေ ဘာဖြစ်နေကြတာလဲ...! ။ တစ်ယောက်နဲ့တစ်ယောက် မုန်းတီးသတ်ဖြတ်... လုယက်လိမ်ညာ ၊ အနိုင်ယူဖို့ပဲ ကြိုးစားနေကြတယ် ။ ငါ့အပေါ်မှာ နေကြရင်း 'ငါ့ဟာ' 'မင်းဟာ' ဆိုပြီး ငြင်းခုံနေကြတယ် ။ ဒါပေမယ့်... မင်းတို့အားလုံးဟာ ငါ့အပေါ် ခဏလာတည်းခိုတဲ့ ဧည့်သည်တွေ မဟုတ်လား...! ။ မနေ့က အသက်ရှင်ခဲ့သူတွေ ဒီနေ့ မရှိတော့ဘူး ။ ဒီနေ့ ပြုံးနေသူတွေ မနက်ဖြန် ဘယ်ရောက်မလဲ မသိဘူး ။တစ်ယောက်ပြီး တစ်ယောက် ငါ့ရင်ခွင်ထဲ ပြန်အိပ်စက်နေကြတယ် ။ ဒါကို မြင်နေရက်နဲ့ ဘာကြောင့် သံဝေဂ မရကြသေးတာလဲ...! ။ ဘာကြောင့်... လောဘတွေ မလျှော့နိုင်ကြသေးတာလဲ...! ။ ဘာကြောင့်...အမုန်းတွေ မစွန့်နိုင်ကြသေးတာလဲ...! ။ ဘယ်အချိန်အထိ လုယက်နေကြဦးမှာလဲ...! ။ ဘယ်အချိန်အထိ မာနတွေ ကိုင်စွဲနေကြဦးမှာလဲ...! ။ နောက်ဆုံးတော့... ဘုရင်ဖြစ်ဖြစ် ၊ ဆင်းရဲသားဖြစ်ဖြစ် ၊ ချမ်းသာသူဖြစ်ဖြစ် ၊ မချမ်းသာသူဖြစ်ဖြစ် ၊ အားလုံးရဲ့ အဆုံးသတ်က ငါ့ရင်ခွင်ထဲမှာပဲ မဟုတ်လား...! ။ မင်းတို့ စုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေ ၊ မင်းတို့ အလွန်တန်ဖိုးထားတဲ့ အာဏာနဲ့ ဂုဏ်သိက္ခာတွေ ၊ သေခြင်းရောက်လာတဲ့အခါ... တစ်ခုမှ ယူမသွားနိုင်ကြဘူး ။ ယူသွားနိုင်တာက ကောင်းမှုနဲ့ မကောင်းမှု ကံတရားတွေပဲ ဖြစ်တယ်။ ဒါကို သိနေရက်နဲ့ ဘာကြောင့်...မေတ္တာထက် အမုန်းကို ရွေးနေကြတာလဲ...! ။ ဘာကြောင့် ပေးကမ်းခြင်းထက် လုယူခြင်းကို နှစ်သက်နေကြတာလဲ...! ။ ထိုအခါ... မြေကြီးရဲ့ မေးခွန်းကို ပြန်ဖြေမယ့်သူ မရှိခဲ့ဘူး ။ တိတ်ဆိတ်စွာနဲ့သာ ကိုယ့်ဘဝကိုယ် ပြန်ကြည့်ရင်း "ငါလည်း တစ်နေ့ ဒီမြေကြီးရင်ခွင်ထဲ ပြန်လည်အိပ်စက်ရဦးမှာပါလား...ဆိုတဲ့ အသိနဲ့ သံဝေဂ ရနေမိသတဲ့...။ #creatorsearchinsights #wordofwisdomaboutlife #wisdom #quotes

★လူငယ်★
★လူငယ်★
Open In TikTok:
Region: MM
Sunday 16 August 2026 03:54:43 GMT
16906
2423
38
135

Music

Download

Comments

phy.phyo.thazin
T♓ :
ကမ္ဘာကြီးကိုဒုက္ခပေးတာတိရစ္ဆာန်တစ်ကောင်မှမပါဘူး လူတွေရဲ့လောဘဒေါသတွေနဲ့ အငုံစိတ်တွေကြောင့် လူတွေလဲပျောက်ကွယ်လားမယ်ကမ္ဘာကြီးလဲပျောက်ကွယ်သွားရမယ်တစ်နေ့မှ ဘယ်အရာမှမတည်မြဲဘူး အလယ်လာကြချင်းအတူတူ...နောက်ဘဝဆိုတာမသေချာဘူး အဲတော့ စိတ်ကောင်းထားနိုင်ကျပါစေ 🙏☘️✨️
2026-08-16 16:33:13
12
mg.htay.ln
ကျွန်တော်ချစ်သောမြကျေးတမာ :
အသိတစ်ခုရလိုက်တာမို့ 🙏🙏🙏သာဓု🙏 သာဓု🙏 သာဓု🙏 ပါကွယ်🙏🙏🙏
2026-09-02 03:50:28
3
alainmar231
Alainmar :
ဟုပ်ပါတယ်မရသေးပါဘူးဒါပေမယ့်ဘယ်သူ့ကိုမှမမုန်းပါဘူးအားလုံးကိုစိတ်ချမ်းသာစေချင်တယ်
2026-08-16 07:04:12
2
thet.lwin.oo847
𝐓 :
စာသားလေပေပါလာ bro crd ပေပ့မယ်
2026-08-20 14:15:10
1
thet.paing56958
🥰THET PAING🥰 :
ပြန်တင်ပြစေ😊
2026-08-17 08:24:35
1
lone.lone6099
💗𝑙𝑜𝑛𝑒 𝑙𝑜𝑛𝑒☸️📚 :
ပြန်တင်ခွင့်ပေးပါလာခဗျာ🥰
2026-08-28 03:39:41
1
hninthuta21
Hnin Thuta :
ကံသာလျှင်ကိုယ်ပိုင်ဥစ္စာ
2026-08-22 13:11:43
1
sai.lin.aung467
Sai Lin Aung :
ကောင်းလိုက်တာဗျာ 🥰🥰🥰
2026-08-16 12:46:47
1
jokerdheheheusje
KO AUNG NAING :
ကူးယူခွင့်ြပုပါ
2026-08-20 13:33:26
1
chocho1234552
shwe pyae eain ဟိုပိတ် :
တစ်နေ့ကြရင် သေရမည့်လူတွေပါဘဲရှင်
2026-08-19 07:49:00
1
user9256179195326
ထူးဆန်း :
Thank. you.🥰✌👍 များများတင်ပေးပါ
2026-08-16 14:55:06
1
ko.phyo35678
𝐀𝐬𝐡𝐢𝐧𝐩𝐲𝐚𝐧𝐚𝐫𝐣𝐨𝐭𝐚 :
ပြန်တင်ပါရစေ
2026-08-19 05:07:08
1
martinelli8976
Hincapie´ :
2026-08-28 14:59:46
1
hlamyotun07
𓃰 𝕳𝖊𝖓𝔇𝔯𝔦𝔵 𓃰 :
အကုသိုလ် ကုသိုလ်ဆိုတာ သေမင်းရဲ့ တံခါး၀ပါ
2026-08-29 10:37:36
1
ma.nwe945
นี จา♥️♥️♥️♥️✌️✌️💪 :
မှန်တယ်
2026-08-28 13:14:32
1
phoehtwe284
phoehtwe :
မြေကြီးပြောတာမှန်ဘဲ့🥰🥰🥰✌️
2026-09-05 08:46:03
0
tak35861
TAK :
copy. plz
2026-08-16 14:50:45
1
papa.winkhin7
🤍MiPa🤍 :
🥰🥰🥰
2026-08-16 03:59:56
1
ei.seng90
Ei Seng :
🥰🥰🥰
2026-08-17 05:00:31
1
kind.heart2527
Kind Heart :
🙏🙏🙏
2026-08-19 05:10:43
1
sanay6770
🥰TUN 🩷ONE💞 :
🙏🙏🙏
2026-08-17 15:05:57
1
kozawgyi441
ko zaw gyi🤝🤝🤝 :
🥰🥰🥰
2026-08-16 10:59:17
1
To see more videos from user @pkkp800, please go to the Tikwm homepage.

Other Videos


About