@fit.x2020: ကြွက်သားတည်ဆောက်ခြင်းက တကယ်ပဲ အိုမင်းရင့်ရော်မှုကို ဟန့်တားပေးနိုင်သလား? (Building Muscle is Anti-Aging) 🏋️♂️✨ တစ်နေ့ထက်တစ်နေ့ ကြွက်သားထုထည်ကျပြီး အားနည်းသွားတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ဒီ ဗီဒီယိုလေးကို အဆုံးထိ ကြည့်ပေးသွားပါဦးနော်! ကြွက်သားတည်ဆောက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရုံတင်မကဘဲ အိုမင်းရင့်ရော်မှုကိုပါ တကယ် ဟန့်တားပေးနိုင်တာကြောင့် ကျွန်တော်တို့ရဲ့ အကောင်းဆုံး Anti-Aging ဆေးတစ်ခွက်ပဲ ဖြစ်ပါတယ်။ ဒီနေ့ ဗီဒီယိုထဲမှာတော့ အောက်ပါ အချက် (၃) ချက်ကို အသေးစိတ် ဝေမျှပေးထားပါတယ် - ၁။ ကြွက်သားထိထိရောက်ရောက် တည်ဆောက်ဖို့ ဘယ်လို Workout Program အမျိုးအစားတွေကို လေ့ကျင့်ရမလဲ? (ကိုယ်နဲ့ ကိုက်ညီမယ့် လေ့ကျင့်ခန်းပုံစံများ) ၂။ ကစားပြီးရင် ကြွက်သားတွေ နာကျင်နေမှပဲ လေ့ကျင့်ခန်းက ထိရောက်တာလား? (Soreness နဲ့ ပတ်သက်တဲ့ အမှားအယွင်းမယူဆချက်များ) ၃။ Muscle ရဖို့ Resistance Training အပြင် တခြား ဘာအချက်တွေကို မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်သလဲ? (အာဟာရ၊ အနားယူခြင်းနှင့် အလေ့အထများ) အသက်အရွယ်ကြောင့် ယိုယွင်းမသွားဘဲ သန်မာပြီး နုပျိုတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ ဗီဒီယိုလေးထဲမှာ အတူတူ ကြည့်ရှုလိုက်ရအောင်။ 🎬 💬 ဗီဒီယိုကြည့်ပြီး သိချင်တာ သို့မဟုတ် ကိုယ်တိုင် ကြွက်သားတည်ဆောက်ရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲများရှိရင်လည်း Comment မှာ မေးမြန်းသွားလို့ ရပါတယ်နော်! #FitXbyMyatMin #AntiAging #buildingmuscles #FitnessMyanmar#ResistanceTraining #HealthyAging #fitnesstips
Fit.X by Myat Min
Region: SG
Sunday 16 August 2026 12:30:00 GMT
Music
Download
Comments
Ngwe Nil :
ကျေးဇူးပါ
2026-08-16 13:07:43
0
min nay makha :
နေမျိုးလေးစားရတဲ့ ကိုမြတ်မင်း အရမ်းသဘောကောင်း စိတ်ရှည် မာနမထားတတ် သတိရမိပါကြောင်း?
2026-08-16 12:38:00
0
Kyaw Lwin :
💝💝💝💝💝
2026-08-26 09:23:50
0
min nay makha :
🥰🥰🥰
2026-08-16 12:37:08
0
ခွန်မေခ :
👍👍👍
2026-08-27 10:07:21
0
thanthannwe :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-08-30 22:21:11
0
To see more videos from user @fit.x2020, please go to the Tikwm
homepage.