@moes8799: ဝမ်းတွင်းမြို့သဘင်ည လေးညကတော့ အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင်နဲ့ပြီးဆုံးသွားခဲ့ပါပြီ...။ သဘင်ရာသီအစ ဒုတိယပွဲစဉ်မှာတင် ဝမ်းတွင်းမြို့လေးမှာကမယ်ဆိုတော့ ပထမပိုင်းတော့စိတ်ပူတာပေါ့လေ။စိတ်ပူတယ်ဆိုတာတခြားမဟုတ်ပါဘူး။ဝမ်းတွင်းမြို့ဆိုတာ လူရိုးလူမှန်တွေနေတဲ့မြို့၊မြို့သူမြို့သားအားလုံးကလည်း အလုပ်ကြိုးစားကြတယ်။သဘာဝအထည်အလိပ်လုပ်ငန်းတွေတွင်ကျယ်ပြီးဇာတ်ကိုဇာတ်နဲ့တူအောင်ကမှကြိုက်တဲ့မြို့။အောင်ဇမ္ဗူတို့ကမယ့် မြတ်ညီနောင်ဘုရားပွဲဆိုတာလည်း တကယ့်သမိုင်းဝင်စေတီတစ်ဆူမို့ တော်ရုံပေါ့တီးပေါ့တန်နဲ့သွားကလို့တော့မဟန်လောက်ဘူးပေါ့။ ဇာတ်မကခင်ရက်တွေမှာဘဲ ဂယက်တွေကလည်းသိတဲ့အတိုင်းပါဘဲ။ဆည်ရေဖောက်ချလိုက်ရတာတွေ၊ရေကြီးမိုးကြီးပြီး လာကြည့်မယ့်ပရိတ်သတ်တွေကိုအဟန့်အတားဖြစ်စေမယ့် fake newsပေါင်းများစွာနဲ့ ပထမပွဲစဉ်ညမှာဘဲ အောင်ဇမ္ဗူဆိုတာဘာလဲ ပြသသွားနိုင်ခဲ့ပါတယ်။ ညဆိုပွဲက တစ်မနက်ခင်းလောက်အိပ်ပြီး ညနေသုံးနာရီဆို အကတိုက်နေတဲ့ ဇာတ်ဆရာဇာတ်မင်းသားလေးကိုလာကြည့်ကြပြီး အလုပ်ကြိုးစားတဲ့မြို့ခံတွေက အလုပ်ကြိုးစားတဲ့ဇာတ်ဆရာဇာတ်မင်းသားကို ထပ်မံသဘောကျအကြိုက်တွေ့ကြရပြန်တယ်။ ဝမ်းတွင်းသဘင်ညလေးညမှာ အောင်ဇမ္ဗူကတော့ ‌စီးနေတဲ့ရေလိုပါဘဲ။အမြဲစီးဆင်းနေတော့သန့်ရှင်းသလို သူ့ကိုယ်သူအမြဲ upgrade ဖြစ်အောင်လုပ်နေတဲ့သူမို့ ပွဲစဉ်လေးညစလုံး လိုအပ်ချက်အနည်းဆုံး ပရိတ်သတ်အကျေနပ်ဆုံးဖြစ်အောင် ခွန်အားရှိသလောက်နဲ့ကပြဖျော်ဖြေသွားပါတယ်။ သဘောကျအနှစ်ခြိုက်ဆုံးကတော့ ချစ်ခြင်းတရားတွေပါ။အောင်ဇမ္ဗူရဲ့ဖြည်းဖြည်းနဲ့မှန်မှန်လှမ်းလာတဲ့ချစ်ခြင်းတရားတွေပေါ့။ ကိုယ်ခံစားမိသလောက်ကတော့ တချို့အရင်ကလက်မခံတဲ့လူတွေအသိအမှတ်ပြုလာကြတယ်။negative လို့ကြားထားတဲ့တချို့အချက်တွေက လက်တွေ့မျက်မြင်တွေ့လိုက်ရတဲ့အခါ positive ဖြစ်သွားကြတယ်။ဒါတွေကို တကူးတက review ရိုက်တင်တာမဟုတ်တဲ့ ဝမ်းတွင်းသဘင်လေးညမှာတက်လာတဲ့ videoလေးတွေမှာတွေ့နိုင်ပါတယ်။ ကိုယ်ကတော့ယုံကြည်ပါတယ်။တစ်‌နေ့ကျ ဒီကလေးဟာ မေတ္တာတရားကြီးကြီး သည်းခံခြင်းတရားခိုင်ခိုင်မာမာနဲ့ ချစ်ခြင်းတရားတွေရှိတဲ့အရပ်ဆီကို သူတည့်တည့်မတ်မတ်လျှောက်လှမ်းသွားနိုင်မယ်ဆိုတာ...။ လုံးဝဥသုံတော့ အတိုက်အခိုက်တွေဆိုတာ ကင်းရှင်းမှာတော့မဟုတ်ဘူးပေါ့။ခုလည်းရှိတယ်။နောင်လည်းရှိနေမှာဘဲ။ဒါပေမယ့် အတော်များများကိုတော့ အောင်ဇမ္ဗူက ရှင်းလင်းနိုင်သွားလိမ့်မယ်။ဘာနဲ့လဲဆိုရင် မေတ္တာလက်နက်နဲ့ပေါ့။ ဒါ့ကြောင့်မေတ္တာနဲ့သာ အနိုင်ယူပါအောင်ဇမ္ဗူ🤍✨ @AUNG 7A BU #aungzabu #အောင်ဇမ္ဗူဇာတ်သဘင် #ဝမ်းတွင်းမြို့ #fyp မူရင်းvideoတင်သူများကို credit ပေးပါတယ်ရှင်🙏

Za Bu Hninn Phway
Za Bu Hninn Phway
Open In TikTok:
Region: MM
Sunday 16 August 2026 10:47:36 GMT
8100
1701
44
22

Music

Download

Comments

myint.zu.tun87
Myint Zu Tun :
သူလေးရဲ့အားသာချက်လေးပေါ့🥰
2026-08-16 11:23:13
5
khaingzt1983
Khaing :
fighting
2026-08-16 14:01:31
1
woo.hyung
💗C💗 :
အရွယ်နဲ့မလိုက်အောင် ဦးဆောင်နိုင်ပီး သည်းခံမှုများစွာနဲ့ ရှေ့ဆက်ပီး အများကြီးအောင်မြင်အုံးမှာ အများကြီးဆက်ပီးအချစ်ခံရအုံးမှာ တို့မင်းသားလေး အမြဲအဆင်ပြေအောင်မြင်မယ်ဆိုတာ ယုံကြည်တယ်🥰🥰
2026-08-16 11:55:53
10
khin.win.yee001
Khin Win Yee :
သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့သီးခံနိုင်စွမ်းကတော့အံ့မခန်းပါပဲ အမြဲချစ်ပြီးအားပေနေမှာပါကလေးတို့ရေ🥰🥰🥰🥰🥰
2026-08-16 11:46:44
6
user778705105600
ဇဗ္ဗူရဲ့မေမေလေး🤭🫣 :
အရမ်းစိတ်ထာဖြူစင်သူလေရုပ်ရှင်နဲဇတ်မင်းသားလေးဘယ်တော့မျာမှကြည့်ခွင့်ရမှာလည်သူပွဲခင်ကြီးကိုအရမ်းကြည့်ချင်နေပီ😭😭😭😭😭
2026-08-16 13:10:07
1
tha.zin.myaing
THA ZIN MYAING :
ခုတော့လွမ်းနေပီ🥺🥰
2026-08-16 13:48:38
1
zin17688zabu.family
Zin🌼(zabu's Family) :
ပါးလေးဖောင်းပေးသေးတာ ဆရာကြီးက
2026-08-16 14:51:26
0
marlay0975
🇲🇲♓၀က်ပေါက်ခလေး🐷♓🇸🇬 :
ပြနါယူတင်မယ်နော်🙏
2026-08-16 16:33:38
0
myathandarsoe92
Mya Thandar 🌸ရေနံချောင်းသူလေး :
🥰
2026-08-16 15:40:11
0
pyae25t
ပန်းကလေး :
ဘယ်တော့များမှမြင်တွေ့ခွင့်ရမလည်းအကိုရယ့်😭😭😭😭
2026-08-16 14:43:03
0
sandarshwe929
sandarshwe929 :
ဆုတောင်းနေရပါတယ်ကသူရောကြည့်သူရောမိုးလေကင်းလွှတ်ပါစေလို့ဆုတောင်းပြည့်တယ်🥰🥰🥰🥰
2026-08-16 16:10:32
0
july.1456
🤍July🤎 :
သူလေးကိုချစ်တက်လိုက်ကြတာ🥰
2026-08-16 15:25:52
0
ibxdq3
ibxdq3 :
🥰🥰🥰🥰
2026-08-16 15:09:43
0
u.htay.lwin741
သနပ်ခါးချစ်သူ :
ခေါင်းဆောင်ဆိုတာတော်ရုံပညာနဲ့တော့မရပါဘူး စေတနာနဲ့မေတ္တာရှေ့မှာထား သည်းခံစိတ်နဲ့ကြိုးစားပြတော့ 🥰🥰🥰🥰🥰🥰🥰🥰တနိုင်ငံလုံးရဲ့အသဲကြော်လေး🥰🥰🥰🥰🥰🥰🥰🥰
2026-08-16 15:08:27
0
zarkyi281983gmail
[email protected] :
ပါးလေးဖောင်းပေးတာလေးချစ်လိုက်ထာချစ်မဝလေးရယ်😘😘😘ပွဲထဲကိုကိုယ်တိုင်သွားကြည့်ရသလိုခံစားရပီး လွမ်းလိုက်တာ😌😌😌🤍🤍🤍🌻🌻🌻
2026-08-16 17:38:55
0
user171417860
mee mee :
2026-08-16 18:34:34
0
xiao.zhan.achit
Daw Gyi Zzar :
🥰🥰🥰
2026-08-16 11:29:44
1
eizabu.fangirl
Zabu💓 💓 :
🥰🥰🥰
2026-08-16 11:50:31
1
user778705105600
ဇဗ္ဗူရဲ့မေမေလေး🤭🫣 :
❤️❤️❤️❤️
2026-08-16 13:08:28
1
khinsoepyae99
Khinsoepyae99 :
❤️❤️❤️
2026-08-16 13:50:58
1
user8836269569617
Ma Pyar Pyar :
💕💕💕
2026-08-16 16:57:19
0
To see more videos from user @moes8799, please go to the Tikwm homepage.

Other Videos


About