@thihazkblw3: ကျူးလွန်သူတွေက နစ်နာသလို ဟန်ဆောင်ပြတဲ့အခါ ဒေါသထွက်ပြီး မပေါက်ကွဲလိုက်ပါနဲ့။ တိတ်ဆိတ်ခြင်းနဲ့ဘဲ အေးအေးချမ်းချမ်းပြုံးနေလိုက်ပါ။ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို ကိုယ်ကိုယ်တိုင်သိသလို သူတို့ လည်း သိပါတယ်။ ပြီးတော့ ဝဋ်ကြွေးဆိုတဲ့အရာကလည်း သိပါတယ်။ ကိုယ့်ကို မရွေးချယ်ခဲ့တာကိုလည်း အပြစ်မတင်ပါနဲ့။ မျှော်လင့်ချက်ထားမိတဲ့ ကိုယ့်စိတ်ကိုဘဲ ထိန်းသိမ်းလိုက်ပါ။ အတိတ်ဘဝက ကိုယ်မကောင်းခဲ့လို့ မကောင်းတဲ့သူနဲ့ ဆုံခဲ့ရတယ်လို့ နှလုံးသွင်းနိုင်တဲ့အခါ အေးချမ်းမှုရပါလိမ့်မယ်။ ကျူးလွန်သူတွေဟာလည်း ကျူးလွန်ခဲ့တဲ့အရာတွေအတွက် အမြဲတမ်းပျော်နေရပါလိမ့်မယ်လို့ မထင်ပါနဲ့။ ကျိန်စာလည်း မတိုက်ပါနဲ့ ဆုလည်းမတောင်းပေးပါနဲ့ ကိုယ့်ထံကို ပြန်လာနိုင်တဲ့ မည်သည့်အမှုမျိုးကိုမှ မပြုလုပ်တာ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံးပါ။ ဘဝအသစ်တခုကို လိပ်ပြာလုံလုံနဲ့ စတင်ခွင့်ရတာဟာ ကံကောင်းခြင်းတမျိုးဘဲ မဟုတ်လား။ လှလှပပရှင်သန်ပြပါ၊ အေးအေးချမ်းချမ်းနေထိုင်သွားပါ၊ ပူလောင်မှု စိုးစဉ်းမျှ မရှိအောင်သာ နေထိုင်ပါ။ ကိုယ့်အနီး နားမှာ အခုချိန်ထိ ရှိနေတဲ့အရာတွေကို အရင်ကထက်ပိုချစ်ပါ။ အကောင်းမြင်စိတ်ကို မွေးနိုင်သလောက်မွေးပါ။ ကျွန်တော်တို့ရလိုက်တဲ့ အခွင့်ရေးတွေကို အကျိုးရှိရှိ အသုံးချ လိုက်ပါ။ ကိုယ့်စိတ်အတွက် အညစ်ကြေးဖြစ်စေမဲ့အရာအားလုံးကို ရောက်လက်စနေရာမှာ ထားခဲ့ပါ။ ထားခဲ့ခံရသူတွေမှာလည်း ထားခဲ့ရမယ့်အရာတွေ ရှိသင့်တယ်မလား။

➳❤𝓔𝓷𝓳𝓸𝔂💔  𝐽𝑎𝑝𝑎𝑛🇯🇵
➳❤𝓔𝓷𝓳𝓸𝔂💔 𝐽𝑎𝑝𝑎𝑛🇯🇵
Open In TikTok:
Region: MM
Sunday 16 August 2026 12:56:32 GMT
48147
5995
179
812

Music

Download

Comments

mayhinnmoeoo3
May La Yar (poem)🦋🐝🌠🌸 :
စာသားလေးချပေးပါcopyယူပါရစေ🌹🌹
2026-08-17 13:30:16
4
phyo.gyi0378
Phyo Gyi :
ဗုဒ္ဓ ကိုတော့အားနာမိပါတယ် အခုခေါတ်တချိုတဝတ်က မေတာကိုနားမလည်ကြဘူး
2026-08-18 01:46:11
5
mabhote02
Ma Bhote :
ဟုတ်ပါတယ်ကျမနဲ့တိုက်ဆိုင်တဲ့အတွက်ကျမကိုပြောနေသလိုဘဲလို့ခံစားရပါတယ်ကျမနားလည်ပါတယ်ကျေးဇူးလည်းတင်ပါတယ်🙏🙏🙏🙏🙏
2026-08-18 07:55:13
2
dancer8358
Dancer :
မဟုတ် ဘူး သေ ချာ ပေါက် ရှူံး တယ်...အများ စု ကို မေး ကြည့်
2026-08-19 04:36:33
3
mama448381
MaMa448381 :
ဟုတ်တယ်
2026-08-17 06:31:59
1
zar.zar50204
🎀Zar Zar🎀 :
မှန်လိုက်တာ ကော်ပီချပေးပါလားစာသားလေး
2026-08-17 02:08:17
1
saimoon9680
user43737589982 :
ပြန်တင်မယ်နော်
2026-08-17 16:04:33
2
yamin7429
ᏕᎧᎮᏂᎥᏋ💯 :
copyလေးလိုချင်ပါတယ်
2026-08-19 03:09:44
2
tyzaw7
T Y Zaw :
မှန်ပဗျာ🥰🥰🥰
2026-08-16 17:31:07
2
user174886585
Myo Gyi :
🥺ပေးခဲ့ဘူးတယ်ယုံကြည်ခဲ့ဘူးတယ်🥺ဘာမှမကျန်တော့အောင်ဆုံးရှုံးခဲ့ပြီ🥺 ရခဲ့ဘူးတယ်နာကျင်မှုတွေ🥺ဖြစ်ခဲ့ဘူးတယ်သတိရခြင်းတွေ🥺သေဆုံးသွားပြီ🥺 မျှော်လင့်ချက်တွေ🥺ကျန်နေခဲ့တယ်ခုချိန်ထိ🥺တစ်ယောက်ထဲဘဲ🥺🥺🥺🥺
2026-08-19 11:40:15
1
user058447599
Ma Ma :
စိတ် ကောင်း လေး အမြဲ ထား ပါတယ် ရင်ထဲကချစ် သော လေး ရေ,စစ်မှန်တဲ့ မေတာ လေး မို့ ချစ် သော လေးမင်းအမြဲ အေးချမ်းပါ စေ🥰
2026-08-17 15:42:03
1
246789000433ken
တစ်ရက်ကို နစ်ရက် ထင်စေတယ် :
🙏🙏🙏အရှင်ဘုရားရယ် တပြည့်တော် နေရာများမှားခဲ့သလား 🥹🥹
2026-08-17 15:20:00
1
nwephyo65
nwephyo :
ကျမရဲလက်စကားဖစ်သလိုအဲလိုလေပဲပြုမူနေထိုင်ဖစ်တယ်ဘယ်သူအတွက်မှမဟုတ်တောင်ကို့အတွက်အေချမ်ဖို့ပါ☺️☺️☺️☺️
2026-08-17 14:23:41
1
myatshwesin150
ဟန် 🌹မြတ်ရွှေစင်🌹 :
copyလေးယူပါရစေ🥰🥰🥰
2026-08-17 07:26:53
1
u.kyaw2141
U kyaw :
စာသားလေးကူးယူခွင့်ပြုပါခင်ဗျာ #credit
2026-08-17 05:04:10
1
userpdzdto3ylk
ကဗျာ :
စိတ်ကောင်းလေထားပေးလိုက်ပါ
2026-08-17 08:15:48
1
user254056317
khiLay :
မဂ်လာပါနော့ စာသားလေး ကောင်းတဲ့ အားပေးပါတဲ့နော့😍😍😍
2026-08-18 11:42:17
1
chitpann722
🐱🍁🍀ချစ်ပန်း🌹🌹🌿🍀 :
ဟုတ်ပါတယ်♥️♥️♥️🥰🥰🥰
2026-08-17 02:39:26
1
khin.hla.mu0
Khin Hla Mu :
မှန် နေပါတယ်။စာ ရေး သူ မှာတဲ့အတိုင်း နား ထောင်ပါ တော့မယ်။ ကျေးဇူးပြုကူးယူ ခွင့်ပြုပါ။
2026-08-17 07:22:31
1
aye.min.aung538
Min :
အရမ်း အရမ်း ကိုတန်ဖိုးရှိတဲ့စာသားလေးတွေမလို့ copy ယူပီးတင်ခွင့်ပေးဗျ အရမ်းထိလို့ပါ🙏🙏🙏🙏🙏
2026-08-18 15:06:25
2
soe.lay6198
soe lay :
ကျေးဇူးပါ
2026-08-17 09:35:45
1
oakaww.78
ချစ် ရဲ့ ဉသြ :
🌹🌹🌹
2026-08-17 17:04:35
2
user6505151020665
မောင်သာထူး(ဧရာဝတီ) :
အမှန် သစ္စာတရားတွေပါ🥰🥰🥰
2026-08-20 15:28:48
1
mg.mg.nay.mein
မြတ်စွာဗုဒ္ဓ၏တရားတော်များသာ :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-08-16 14:22:33
1
To see more videos from user @thihazkblw3, please go to the Tikwm homepage.

Other Videos


About