@yiweyiwehnit: သဘောကျတဲ့ စာသားလေးရှိတယ် ။ ဘယ်ဘုရားစင်ရှေ့ပဲ လက်အုပ်ချီချီ လူပီသဖို့က အရေးကြီးဆုံးပဲ တဲ့ သိပ်မှန်တယ် ဘာသာတရားဆိုတာ ယုံကြည်မှုရဲ့ သင်္ကေတ တစ်ခုပဲ ။ တချို့က ဘုရားရှင်ကို ရှိခိုးကြတယ်။ တချို့က ဘုရားကျောင်းမှာ ဆုတောင်းကြတယ်။ တချို့က ဗလီမှာ ဦးညွတ်ကြတယ်။ လူသားတစ်ယောက်ရဲ့ တန်ဖိုးကို ဆုံးဖြတ်ပေးတာက ကိုးကွယ်ရာ မဟုတ်ပဲ လုပ်ရပ်တွေသာ ဖြစ်တယ် ယုံကြည်ရာပုံစံကတော့ မတူနိုင်ပါဘူး။ လက်အုပ်ချီတတ်တာထက် လက်ကမ်းပေးတတ်ဖို့ ပိုလိုတယ်။ ဆုတောင်းတတ်တာထက် ကတိတည်တတ်ဖို့ ပိုလိုပါတယ်။ ဘုရားစင်ရှေ့မှာ ငြိမ်သက်နိုင်တာထက် လူတွေအပေါ် မေတ္တာ၊ စာနာမှု၊ တရားမျှတမှုနဲ့ ဆက်ဆံနိုင်ဖို့က ပိုအရေးကြီးပါတယ်။ ဘာသာတရားတိုင်းဟာ မကောင်းမှုကို ရှောင်ပြီး ကောင်းမှုကို ပြုဖို့ မုန်းတီးဖို့ထက် ချစ်ခင်ဖို့ လိမ်ညာဖို့ထက် ရိုးသားဖို့ ဖျက်ဆီးဖို့ထက် တည်ဆောက်ဖို့ ကိုပဲ လမ်းညွှန်ကြတာပါ ။ ဘာသာရေးရဲ့ အနှစ်သာရတိုင်းဟာ လူကို ပိုကောင်းတဲ့လူဖြစ်လာစေဖို့ပဲ ဖြစ်တယ်။ လူတစ်ယောက်ဟာ ဘယ်ဘာသာကို ကိုးကွယ်တယ်ဆိုတာထက် သူ့ကြောင့် ဘယ်နှစ်ယောက် အပြုံးပွင့်ခဲ့ရ သလဲ ဘယ်နှစ်ယောက် မျက်ရည်ခြောက်ခဲ့ရသလဲ ဆိုတာက ပိုပြီး အဓိက ကျတယ် ။ လူ့အဖွဲ့အစည်းက လိုအပ်နေတာလည်း ဘာသာရေးအငြင်းပွားမှု မဟုတ်ဘဲ လူပီသတဲ့ နှလုံးသားတွေပါ။ ဘယ်ဘုရားစင်ကိုပဲ လက်အုပ်ချီချီပါ ကိုယ်ယုံကြည်ရာကို လေးစားပါ။ သူတစ်ပါးရဲ့ ယုံကြည်ချက်ကိုလည်း လေးစားပါ။ လူကို လူဖြစ်စေတာ ဘာသာတရားတစ်ခုတည်း မဟုတ်ဘူး။ ကိုယ်ကျင့်တရား၊ စာနာမှု၊ မေတ္တာနဲ့ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်တွေကသာ လူပီသမှုကို အဓိပ္ပာယ်ပြည့်စုံစေတယ်။ #ရိပ်ငြိမ်
မရွယ်
Region: MM
Sunday 16 August 2026 13:56:24 GMT
Music
Download
Comments
နန်းထိုက်စံ ရခိုင်ချိတ်/ထည် :
လူပီသဖို့သာလိုပါတယ်
အသားအရောင် ဘာသာမခွဲခြားဘူး။
လူထဲကလူသားတွေချည်းပါပဲ🥰🥰
2026-08-30 03:52:24
23
⚡nakarshiphyo⚡ :
nice song
2026-08-29 12:37:22
1
🎌"Kimi Ga Yo" 🇯🇵TZMM🇯🇵 :
Be kind
2026-08-30 04:59:41
1
user22140104772056 :
ဘာသာရေးကို အရေးမြကီးသယောင်ဆိုထားတဲ့ Postပါဘဲ မှန်ပါတယ် ဘယ်ဘာသာဝင်ပါဆိုပီး လူမပီသတဲ့လူတေဟာလည်း အရမ်းများပါတယ် သို့သော် အဲ့ဒါဟာ ထိုလူများနှင့်သာဆိုင်ပါတယ် ဘာသာတိုင်းဟာ ကောင်းရာမွန်ရာကိုသာဆိုဆုံးမတယ်ဆိုတာလည်းအမှန်ဘဲ သို့သော် Postပိုင်ရှင်တစ်ခုလွတ်နေတာရှိပါတယ် လူဘဲပီသပီး ပညာမပါရင် အဲ့လူဟာ လူနုံ လူအ လူ့အနင်းခြံဖစ်သွားတတ်ပါတယ် စာဘဲတတ်ပီး သို့မဟုတ် လောကီပညာတေတတ်ပီး နှလုံးသားအသိအားနည်းရင်လည်း ယုတ်မာတော့တာပါဘဲ ဒါ့ ေြကာင့် လူလည်းပီသပီး ဘာသာတရားအဆုံးအမ ဉာဏ်ပညာနဲ့ ြပည့်စုံပီး လောကအမှန်အမှား ခွဲတတ်ပါမှ ဗုဒ္ဓဘာသာဆိုရင်လည်း သပ္ပုရိသ ြဖစ်ပါမှ သမ္မဏ ြဗဟ္မဏ ြဖစ်နိုင်ပါမှ တကယ့်လူ ြဖစ်တာပါလို့ စကားလက်ဆောင်ပေးလိုက်ပါရစေ
2026-08-30 15:16:22
5
༄ 𝕸𝖆𝖗𝖎𝖓𝖆 ࿐ :
စာသားလေးတွေယူသုံးခွင့်ပြုပါ နော်ရှင်
2026-08-30 11:39:46
2
dawzinmarwin :
စာသားလေးကျွန်မအရမ်းကြိုက်တယ်ရှင့်
copyလေးပေးလို့ရရင်လိုချင်လို့ပါရှင့်
2026-08-30 03:28:31
6
ma kyawt kyawt win :
အရမ်းကောင်းလို့ပြန်တင်ခွင့်ပြုပါရှင့်🥰🥰🥰
2026-08-28 13:50:52
5
Ei Phyu Phyu Hlaing :
ယူသုံးခွင့်ပြုပါရှင်🙏🙏🙏
2026-08-29 16:04:57
1
ရာဇဝင်ထဲက သရဲမ :
စာသားလေးပြန်တင်ခွင့်ပြုပါရှင်🥰🥰🥰
2026-08-30 02:11:32
1
Lin Lin :
စာသားလေး ယူပါရစေ
2026-08-30 01:02:28
1
Thae Su Wai :
ပြန်လည်မျှဝေပါရစေ
2026-08-29 17:12:14
1
Jue Jue :
သီချင်းနာမည်လေးသိပါရစေ🥰
2026-08-30 12:36:13
0
nwe nwe soe :
ပြန်တင်ခွင့်ပြုပါ
2026-08-30 01:59:09
1
💥𝓥𝓔𝓝𝓤𝓢💥 :
ကူယူးပါရစေရှင့်
2026-08-29 19:50:31
1
Khin Moe Moe Chit :
လူပီသအောင်နေထိုင်ကြမယ်☺️
2026-08-30 03:12:15
4
Ei Shwe Zin :
ယူပါရစေရှင်
2026-08-29 14:54:39
1
Daw youn :
copyယူပါရစေ
2026-08-29 14:09:47
1
Thiri :
ပြန်တင်ခွင့်ပြုပါနော်🥰
2026-08-29 01:09:28
1
Zar Kyi :
လောကကြီးက ကမ္ဘာကြီးက မေတ္တာတရားတွေခေါင်းပါးလွန်းလို့ မသိခြင်ရောင်ဆောင်ကြလို့ ဒဏ်ခတ်ပြီ မတရားတာတွေကိုယ် လက်တွေ့ကျကျ စိတ်ဆိုးပြလိုက်ပြီ
2026-08-29 13:25:46
5
❤️May Kar Yan❤️ :
ပြန်တင်ခွင့်ပြုပါနော်
2026-08-27 09:29:55
1
Hla Myint Mu 🇯🇵🇯🇵🇯🇵 :
နားထောင်လို့ကောင်းတယ်
2026-08-30 03:48:31
2
𝓦𝓪𝓻🌹 :
copy ယူပါရစေရှင်🥰🥰🥰🌹🌹🌹
2026-08-29 17:16:36
1
Royal dragon :
ကူးယူပါရစေ
2026-08-29 15:44:07
1
Yu Yu :
စာလေးယူသုံးပါရစေမင်မင်ရေ
2026-08-29 15:28:45
1
Thu Thu :
ဘုရားကန်တော့ပြီးလူမပီသတဲ့သူတွေရှိတယ်ကိုယ်တိုင်မှမကြုံဘူးရင်ကိုယ်ချင်းမစာတတ်သလိုလူမှုရေးလည်းမရှိကြဘူးသားသမီးခြင်းကိုယ်ချင်းမစာကြဘူးကိုယ့်ကလေးဆေးရုံဆင်းလာလို့အညော်လုပ်ရင်အော်ပေးပါစိုတာကိုမအော်ပဲနဲ့လုပ်တာရှောင်ချိန်မရလိုက်လို့အညော်မိပြီးကလေးမှာခွဲခန်းပြန်ဝင်ပြီးအစိမ်းထက်ချုပ်ရတယ်တချို့သောလူတွေကလူသားချင်းကိုယ်ချင်းစာစိတ်မရှိကြပါဘူး
2026-08-30 14:28:21
3
To see more videos from user @yiweyiwehnit, please go to the Tikwm
homepage.