@black46543: ဒီညမှာ... မင်းဆီကို စာမပို့တော့ဘူး။ ပြောချင်တာတွေအများကြီးရှိနေသေးတယ်။ တစ်ချိန်က မင်းကိုပြောချင်ခဲ့ပြီး မပြောဖြစ်ခဲ့တဲ့စကားတွေ... မင်းနားလည်စေချင်ခဲ့တဲ့ခံစားချက်တွေ... မင်းသိစေချင်ခဲ့တဲ့ ကိုယ့်ဘက်ကအမှန်တွေ... အခုထိ ရင်ထဲမှာ တစ်ခုချင်းစီကျန်နေသေးတယ်။ တစ်ချိန်ကတော့ အဲ့ဒီစကားတွေကို မင်းဆီပို့လိုက်ရင် အရာအားလုံး ပြန်ကောင်းသွားမယ်လို့ ထင်ခဲ့ဖူးတယ်။ တစ်ကြောင်းလောက် စာပို့လိုက်ရင် မင်းပြန်ပြောမယ်လို့ မျှော်ခဲ့ဖူးတယ်။ တစ်ခါလောက် ပြန်ရှင်းပြလိုက်ရင် မင်းနားလည်သွားမယ်လို့ ယုံခဲ့ဖူးတယ်။ ဒါပေမယ့် အချိန်တွေကြာလာတော့ နားလည်လာတယ်... စကားတချို့က ပြောလိုက်ရုံနဲ့ အတိတ်ကို ပြန်မပြင်နိုင်ဘူးဆိုတာ။ တစ်ယောက်ယောက်က စိတ်ပြောင်းသွားတာကို ကိုယ့်စကားတွေနဲ့ အတင်းပြန်မပြောင်းနိုင်ဘူးဆိုတာ။ တံခါးပိတ်ပြီးသား အချိန်တစ်ခုကို ဘယ်လောက်ခေါက်ခေါက် အရင်လိုပြန်ဖွင့်လို့မရတော့ဘူးဆိုတာ။ ဒါကြောင့် ဒီညမှာတော့စာမပို့တော့ဘူး။ ဖုန်းကိုကိုင်ပြီး မင်းနာမည်ကို ရှာမိရင်တောင် စာရေးမယ့်နေရာမှာတိတ်တိတ်လေး ပြန်ပိတ်လိုက်မယ်။ ပြောချင်တာတွေရှိနေသေးတယ်။ ဒါပေမယ့် ပြောပြီးလည်း ဘာမှပြောင်းလဲမှာ မဟုတ်တော့ဘူးဆိုရင် ကိုယ့်စိတ်ကို ထပ်ပြီးနာကျင်စေဖို့ မလိုတော့ဘူး။ တစ်ခါတလေ မပြောဖြစ်တဲ့စကားတွေက ရင်ထဲမှာပဲပြီးဆုံးသွားတာ ပိုကောင်းတယ်။ မင်းမသိခဲ့တဲ့ ကိုယ့်ခံစားချက်တွေကို မင်းမသိခဲ့သလိုပဲ ထားလိုက်မယ်။ မင်းနားမလည်ခဲ့တဲ့ အကြောင်းတွေကိုလည်း ထပ်ရှင်းပြမနေတော့ဘူး။ ကိုယ်ဘယ်လောက် နာခဲ့လဲဆိုတာကို သက်သေပြဖို့လည်း မလိုတော့ဘူး။ တစ်ချိန်က မင်းနားလည်ပေးဖို့ အရမ်းလိုခဲ့တယ်။ အခုတော့ မင်းနားလည်မလည်ထက် ကိုယ်တိုင်နားလည်လာတာက ပိုအရေးကြီးလာပြီ။ ကိုယ်တို့ကြားမှာ ဖြစ်ခဲ့တာတွေကဖြစ်ခဲ့ပြီးပြီ။ ကောင်းခဲ့တာတွေကိုအမှတ်တရအဖြစ် သိမ်းထားမယ်။ နာကျင်ခဲ့တာတွေကို သင်ခန်းစာအဖြစ် ထားခဲ့မယ်။ မပြောဖြစ်ခဲ့တဲ့ စကားတွေကိုတော့ ဒီညရဲ့တိတ်ဆိတ်မှုထဲမှာပဲ တဖြည်းဖြည်း လွှတ်ချလိုက်မယ်။ မင်းကို မမုန်းဘူး။ မင်းကို အပြစ်လည်း မတင်တော့ဘူး။ တစ်ချိန်က မင်းကိုတကယ်ချစ်ခဲ့ဖူးတာကိုလည်း မငြင်းဘူး။ ဒါပေမယ့် ချစ်ခဲ့ဖူးတာကြောင့် အခုထိ မင်းဆီကိုပဲ ပြန်လှည့်ကြည့်နေဖို့တော့ မလိုတော့ဘူး။ ဒီညမှာ မင်းဆီကို စာမပို့တော့ဘူး။ ပြောချင်တဲ့စကားတွေကိုရင်ထဲမှာပဲ သိမ်းထားလိုက်မယ်။ တချို့စကားတွေက ပြောဖို့မဟုတ်ဘူး... ကိုယ့်စိတ်ထဲမှာ တိတ်တိတ်လေး အဆုံးသတ်ပေးဖို့ပါ။ ဒီတစ်ခါတော့ မင်းကို မစောင့်တော့ဘူး။ မင်းပြန်လာမလားဆိုတာလည်း မတွေးတော့ဘူး။ မင်းမရှိတဲ့ နေ့ရက်တွေကို ကိုယ်တိုင်ပဲတဖြည်းဖြည်း ဆက်လျှောက်သွားမယ်။ ဘာလို့လဲဆိုတော့... တချို့အချစ်တွေက အဆုံးသတ်ပြီးတဲ့နောက်မှာ ပြန်ရဖို့မဟုတ်ဘဲ လွှတ်ပေးတတ်ဖို့ သင်ပေးခဲ့တာပဲ...။ 🥀#foryou #sadfeelings #black🍀
Black🍀
Region: TH
Sunday 16 August 2026 14:18:57 GMT
Music
Download
Comments
မုန်းတယ်😭😭😭 :
စာသားလေးလင့်ပေးပါလားဟင်🥺🥺
2026-08-17 04:02:05
2
MSNgurn8 :
ရင်ထဲမာပဲ မြိုသိပ်ထားတော့မေ☺️
2026-09-08 07:03:06
0
Thu. ya :
ပြောစရှိတာပြောလိုက်ပေါ ကျုပ်ကပြောချင်တာဘယ်လိုမှကိုပြောလိုမရတာဗျ
2026-08-16 14:27:56
3
thuzar👻😘 :
စာသားလေးပြန်တင်မယ်နော်
2026-08-17 05:43:40
3
𝑲𝑯𝑨𝑵𝑻𝑺𝑶𝑬 :
ဟုပ်တယ်
2026-08-17 03:54:23
2
🇰🇭hlaing gyi🇲🇲⚡🌏 :
ပြန်တင်းမယ်နော်
2026-08-22 15:48:36
0
J_Van :
အဲ့လိုဆိုမပြောနဲ့လေ
2026-08-17 14:50:03
1
minkhatwai :
ထိတယ်ကွာစာသားတေက ငိုချင်လာp😥
2026-08-25 16:29:28
0
🍓🍓 9/ ပျော်ဘွယ်သူလေး🍓🍓 :
ဟုပ့နော်😔😔😔
2026-08-27 12:46:28
0
🥀🥀 H 🥀🥀 :
ဘယ်သူနဲ့မှမပြောချင်တော့ဘူး😌
2026-08-18 08:22:26
0
🇯🇵🇯🇵Gue Gue🇯🇵🇯🇵 :
ေြပာမထွက်လို ့ မျိူသိပ်ခဲ့ရတဲ့ ညေတွ များြပီ😭😭
2026-08-22 15:23:39
0
ကိုကိုအပိုင် :
သူကိုပြတ်မယ်ပြောတောသူကလက်ခံတာလွယ်သွားပြိ😳
2026-08-17 16:05:20
0
𝓗✌️ :
လွမ်းတယ်အရင်လိုမျိုးဆိုသိပ်ပျော်မှာပဲမင်းမျက်နှာလေးကိုမြင်ချင်သေးတယ်မဖြစ်နိုင်တော့ဘူးလေ
2026-08-18 11:54:07
0
"😓"💯 :
ဟုပါတရ် ကိုနာကြင်ရမာထက်သူခံစားရမာစိုးးလို့တစ်ယောက်ထဲခံစားခဲ့ရတဲ့ညတေလဲများပါပီ😭
2026-08-19 15:50:44
0
KTL :
ပြန်ရနိုင်ပါတယ်
2026-08-17 15:12:43
0
Thu. ya :
နောက်တောသိမှာပေါ
2026-08-17 10:22:12
1
khinekhinekhine :
အားပေးဝန်းရံခဲ့ပီ ပြန်ဝန်းရံပီး Follow လေးလဲပြန်လုပ်ပေးပါရှင့်
2026-08-17 16:29:19
0
pyaephyo5227 :
🥺🥺🥺
2026-08-17 04:18:05
1
jockerboy86 :
🥰🥰🥰
2026-08-17 04:34:56
1
🎻🌲🎼🕊️🤍🕊️🎼🌲🎻 :
😢😢😢
2026-08-16 18:00:57
1
PHYO LAY :
🥰🥰🥰🥰
2026-08-17 13:34:20
1
🥰🥰သီရီ😘😘😘 :
🥰🥰🥰
2026-08-16 15:20:07
1
To see more videos from user @black46543, please go to the Tikwm
homepage.