@idgf00122: “ကိုယ့်အပေါ်လေးစားမှုမရှိ၊ အလေးထားမှုမရှိတာသိလျက်နဲ့ ဘာလို့ အရင်ကထက် ပိုပြီးတိုးဝင်နေရတာလဲဆိုရင် သေချာချင်လို့လေ ပြီးတော့ စွန့်လွှတ်လိုက်တော့မှာမလို့” ကိုယ့်ဘက်ကို နည်းနည်းလေးတောင်ထည့်မတွေးပေးပဲ သူ့တို့သဘောဆန္ဒအလျှောက် ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်နေလဲ ခွင့်ပြုပေးနေတာဟာ ကိုယ်သတ်မှတ်ထားတဲ့ limitကိုမရောက်လာသေးလို့ (တစ်နည်းအားဖြင့်) ကိုသတ်မှတ်ထားတဲ့limitကို ကျော်သွားအောင်ခွင့်ပြုလိုက်တာမျိုးပေါ့။ ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို ဘယ်လိုလူနဲ့ ဘယ်အချိန်မှာ ဆက်ဆံရေးတွေဖြတ်တောက်ရမလဲဆိုတာ ဟိုးအစတွေမှာကတည်းက ကိုယ်ကရည်ရွယ်ထားခဲ့ပြီးသားပါ။ အတူတူရှိပြီး စိတ်မသက်မသာဖြစ်ရတာတို့၊ ဒေါသစိတ်ဖြစ်ရတာတို့ဟာ ဒီဆက်ဆံရေးတစ်ခုမှာ တဖက်လူကမစစ်မှန်လို့ပဲပေါ့ ကိုယ်ကချည်းသည်းခံနေရပြီး ကိုယ်ကပဲအမြဲဖြည့်တွေးပေးနေရရင် အဲ့ဆက်ဆံရေးမှာ ကိုယ်က ပိုပြီးတိုးဝင်သွားလိုက်တယ်။ နာကြင်ရလဲသည်းခံပြီး၊ ဒေါသတွေဖြစ်ရလဲ ကြိတ်မှိတ်မျိုးသိပ်ပြီး အရှေ့ကိုပဲတိုးဝင်ကြည့်လိုက်တာ အရင်ကထက်ပိုပြီးဂရုစိုက်ပြီး၊ အရင်ကထက် ပိုပြီးနွေးထွေးပေးလိုက်မှာ။ ဘာလို့ဆို အဆုံးမှာ နောင်တတွေနဲ့နောက်ပြန်လှည့်ရတာမျိုးမရှိချင်လို့ အဲ့လိုစိတ်ကြောင့်ပဲ နောက်ပြန်လှည့်ခဲ့တဲ့အချိန်တွေဆိုတာလဲ ကိုယ့်ဘဝတစ်လျှောက်လုံးရှိမနေခဲ့တာပေါ့။ ကိုယ်ကအဲ့လိုပဲ နောင်တမရချင်တဲ့အခါ အနာကြင်ခံပြီး မိုက်ရူးရဲဆန်ကြည့်တာမျိုးပေါ့ အဆုံးမှာတော့ ကိုယ့်စိတ်ကိုမသက်မသာဖြစ်စေတဲ့ ဘယ်လိုဆက်ဆံရေးမျိုးကိုမဆို သေချာပေါက်စွန့်လွှတ်လိုက်မှာပါ။💭 #fyp #💔 #crd
IDGAF
Region: MM
Monday 17 August 2026 06:39:22 GMT
Music
Download
Comments
ကီကို :
7နှစ်တာသံယောဇဥ်ကို စွန့်လွှတ်ခဲ့လိုက်ပြီ🥰
2026-08-20 07:00:40
5
🐇T H I N 🐇 :
ပြန်တင််မယ်ရှင့်🥺
2026-08-23 17:07:15
0
🎗️sumyatthu🎗️ :
အဲ့လိုဇွတ်တိုးဝင်ပစ်လိုက်တာဟာ
တချိန်ချိန်မှာစွန့်လွှတ်မိခဲ့တဲ့ခါ ချစ်ပေးနေရခြင်းမှာနောင်တကင်းတယ် လိပ်ပြာလုံခဲ့တယ်။
2026-08-21 08:04:15
15
Ÿíñ Ĥťŵè🍀 :
ကိုယ်ဆို လက်လွတ်ဖို့ 1နှစ်ကျော်လောက် စဉ်းစားပီမှာ
မခံစားနိုင်တဲ့အဆုံ ကိုယ်ဖက်ကပဲ့ စွန်လွတ်ပီ သူစီက အပီထွက်ခဲ့တယ်😊
2026-08-18 08:56:53
17
M.A :
ပိုနာကျင်ရလေ လက်လွှတ်ဖို့သေချာလေပါပဲ ဒဏ်ရာနက်တော့ စိတ်ကကုစားရမြန်တာပေါ့
2026-08-18 12:50:40
1
✨Khin Yoon San✨ :
အခု လုပ်နိုင်လိုက်ပီ
2026-08-20 20:45:59
1
pan.pan🌸🍀 :
နာကျင်လွန်းလို့ ငိုဖို့မျက်ရည်တောင်မရှိတော့ဘူး လွတ်ချလိုက်ပြီ🌸
2026-08-18 13:52:11
5
Cookie🐿️ :
အဆုံးထိသွားပြီးပြီး လက်လွှတ်လိုက်ပြီ နဲနဲတောနာကျင်နေရသေးတယ်တနေ့တောနေသားကျသွားမှာဆိုးပြီး နေနေရတာပဲ
2026-08-17 15:46:53
6
☘️H☘️💚🏡💲 :
သီးခံနိုင်သလောက် သီးခံကြည့်လိုက်အုံးမယ်😥😥😥
2026-08-18 15:43:54
1
𝓣𝓱𝓮𝓽 𝓟𝓱𝔂𝓸 𝓐𝓾𝓷𝓰🇹🇭 :
ကိုယ့်ရှေ့မှာဖောက်ပြန်နေတာတောင်လက်မလွှတ်နိုငိခဲ့ဘူးအက်တာအချစ်လား[Broken heart]
2026-09-18 15:57:23
1
ThawThaw :
ကိုယ်လဲပြတ်သားချင်နေပြီဘယ်လိုလုပ်ရမလဲ😌
2026-08-21 13:53:33
0
Hlaing3881920475085 :
သေချာပြီဆိုမှစွန့်ပစ်ခဲ့တာပါ😊
2026-08-21 12:33:02
0
"E"🐚🐌 :
copyလေးလိုချင်လို့🥰
2026-08-22 13:07:21
0
桜 :
မသေချာခင်ကထဲက စွန့်လွှတ်ခဲ့လိုက်တယ် သူလဲအေးချမ်း ကိုယ်လဲ လွတ်လပ်သွားတာပေါ့
2026-08-22 16:34:00
0
အာလူးမ🤭🥔 :
မစွန့်ပစ်နိုင်သေးလို့ ဆွဲထားတုံးပါသူမှားတိုင်းလဲ ငါဘယ်အချိန်မှမှားသွားလဲလို့တွေးမိနေတုံးဘဲ့နာကျင််တယ်စွန့်လွှတ်ချင်တယ်
2026-08-23 16:06:53
0
𝚂𝚞 :
သူနဲ့အကြာကြီးအတူရှိချင်မှန်းသိရဲ့နဲ့ ဝေးရာကိုတွန်းပို့တာလည်းသူပဲ သူ့အပေါင်းသင်းတွေလောက်တောင်အချိန်မပေးနိုင် တစ်နေ့လုံးအလုပ်လုပ်နေရတာချင်းတူတူ ညပိုင်းလေး စကား 1နာရီပြောဖို့ကို ည 11.30လောက်ထိထိုင်စောင့်ပေးနေရတာ ဒီလူဒေါသထွက်ပြီးစကားတွေရိုင်းတော့ သိက္ခာမဲ့တဲ့သူဖြစ်ရတယ် မနူးညံ့တော့ဘူးလားတဲ့ ဟန်ဆောင်မနေနဲ့တော့တဲ့ ကိုယ်တွက်မဟုတ်တော့တဲ့အချိန်တွေ ခယပြီးမတောင်းတော့ဘူး သူ့အတွက် သိက္ခာရှိတဲ့သူငယ်ချင်းတွေနဲ့အတူပျော်လို့ရအောင် ကိုယ်ကပဲ အပြီးတိုင် ဘေးထွက်ပေးလိုက်တယ်...😔😔
2026-08-21 14:12:26
5
🌻H. K. H(hnin)❤ :
ပြန်တင်ခွင့်ရမလားရှင့်😊
2026-08-22 10:32:30
0
Shwe Bone Nan Htet :
ပြန်တင်ခွင်လေးပေးပါ
2026-08-26 14:39:05
0
Cho Sandar🇲🇲🇸🇬 :
အဆုံးထိသွားခဲ့လိုက်တယ် တစ်ဖက်ကမလိုချင်တော့ဘူးဆိုတာသေချာမှစွန့်လွတ်လိုက်တယ် လွမ်းလိုက်ငိုလိုက် အလုပ်တွေဖိလုပ်လိုက်နဲ့၂နှစ်လောက်ထိကိုကုစားလိုက်ရတာ အခုတော့စိတ်လေးတွေတော်တော်အဆင်ပြေနေပါပြီ
2026-08-23 10:21:14
4
Daw Khin Khet Khet Khine :
စွန့်လွှတ်လိုက်တဲ့အခါ ကိုယ့်အတွက်အရမ်းအေးချမ်းသွားတယ်🥰
2026-08-21 13:25:13
0
(H🍻W🍺Y❤️🩹)🌈🍀🌧️ :
အာ့ကြောင့်အဆုံးစွန်ထိတိုးနေတာပါတနေ့တော့😔
2026-08-22 08:59:10
0
🌶️Ma Htay Win 👸 သုံးခွသူ👑 :
အမှန်အဲ့စကားက🥰
2026-08-28 13:38:58
0
Htet :
၁၀နှစ်တောင်ဆိုတော့အရှိန်ယူရတာပေါ့🥺
2026-08-22 11:38:22
0
MZW♍🍀 :
နောင်တမရချင်လို့
2026-08-23 01:56:55
0
Sein lay 👻👻👻👻 :
သေချာလို့ စွန့်လွတ်ဖြစ်သွားပီ👍🏿
2026-08-22 15:27:46
0
To see more videos from user @idgf00122, please go to the Tikwm
homepage.