@denashun6: စာကြိုးစားရတာ အဓိပ္ပါယ်ရှိစေတာ အိပ်မက်တွေပါ။ နောင်တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ့်အိပ်မက်တွေ တကယ်ဖြစ်လာမှာပဲလို့ ယုံကြည်ထားလို့သာ မမတို့ဆက်ကြိုးစားနေကြတာပါ။ မမကိုလာပြောကြတယ်။ အိပ်မက်မရှိဘူး မမတဲ့၊ ဘာလုပ်ရမလဲတဲ့။ ဘာလုပ်ရမလဲဆို ကိုယ်မက်လို့ရတဲ့ အိပ်မက်ကို ကိုယ်ကိုယ်တိုင် ရှာဖွေရပါမယ်။ လူတစ်ယောက်မှာ အိပ်မက်ရှိဖို့ အင်မတန်အရေးကြီးပါတယ်။ အိပ်မက်ရှိမှ တက်ကြွတယ်၊ ကြိုးစားချင်စိတ်ရှိတယ်။ တစ်ချိန်က မမကိုယ်တိုင်လည်း အိပ်မက်မရှိတဲ့ သူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ မနက်မိုးလင်းလာရင် အိပ်ရာကနေထ၊ မျက်နှာသစ်၊ သွားတိုက်၊ ဝေလေလေနေပြီး TV ကလာတဲ့ ကိုရီးယားဇာတ်ကားတွေနဲ့ အစီအစဉ်တွေ တစ်ခုပြီးတစ်ခု ထိုင်ကြည့်ရင်း အချိန်ကုန်ခဲ့ဖူးတယ်။ အနာဂတ်ကိုလည်း ပုံမဖော်ခဲ့ဘူးပေါ့။ အိပ်မက်ဆိုတာလည်း မရှိဘူး၊ ကြိုးစားချင်စိတ်လည်း မရှိဘူးပေါ့။ ဘဝရဲ့အဓိပ္ပါယ်ဆိုတာ မသိဘူး၊ ဘယ်လိုရှင်သန်ရမယ်ဆိုတာ မသိခဲ့ဘူး။ အဲ့လိုနဲ့ အိပ်မက်ဆိုတာ တိုးတက်ချင်စိတ်ကနေ ဖြစ်လာတာပါ။ မမစိတ်ထဲမှာ မမအသက်ကြီးလာတာနဲ့အမျှ အရေးပါ အရာရောက်ချင်လာတယ်၊ နေရာတစ်ခုရချင်လာတယ်။ အဲ့လို အရေးပါ အရာရောက်ဖို့အတွက် မမမှာ အရည်အချင်းတစ်ခုရှိဖို့ လိုအပ်တယ်။ အဲ့ကိုယ်လိုချင်တဲ့ အရည်အချင်းက ကိုယ့်အိပ်မက်ပဲ။ အဲ့လို အရည်အချင်းကိုရဖို့ အိပ်မက်ဆိုတာ လူတိုင်း မက်ခွင့်ရှိပါတယ်။ ဒါပေမယ့် ကိုယ်လုပ်နိုင်တဲ့၊ ကိုယ်တကယ်ဖြစ်ချင်တဲ့ အိပ်မက်ဖြစ်ဖို့ လိုပါတယ်။ ကိုယ်တကယ်မဖြစ်နိုင်ဘဲ မဖြစ်နိုင်တဲ့ အိပ်မက်ကြီးကို ထိုင်မက်ပြီး ငါ့မှာ အိပ်မက်ရှိတယ်လို့ ကြွေးကြော်နေမယ်၊ အိပ်မက်ဆီရောက်ဖို့ကျတော့ မဖြစ်နိုင်ဘူးဆိုပြီး ဘာမှမလုပ်ဘူးဆိုရင်တော့ ကိုယ့်ကိုကိုယ် လိမ်နေတာပဲ ဖြစ်ပါတယ်။ အဲ့ဒီလို အိပ်မက်မျိုး မက်နေတဲ့သူဟာ အလုပ်ကို မကြိုးစားဘဲ မသိမသာ အရှုံးပေးနေတဲ့ လူမျိုးပါပဲ၊ အချောင်ခို ရေသာခို အကြောင်းပြနေတဲ့သူမျိုးပါပဲ။ တချို့ကျတော့လည်း အိပ်မက်မရှိဘူးတဲ့။ အိပ်မက်မရှိတာဟာ တိုးတက်ချင်စိတ် မရှိသေးလို့ပါ။ တိုးတက်ချင်စိတ်ဆိုတာ ပေါက်ဖွားလာတာထက် တည်ဆောက်ယူရတာပါ။ အပျင်းထူနေတဲ့စိတ်ကို အပျင်းမထူအောင် တည်ဆောက်ယူရတယ်၊ အားငယ်နေတဲ့စိတ်ကို အားမငယ်အောင် ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ ပြန်တည်ဆောက်ယူရတယ်၊ အမှူမဲ့ အမှတ်မဲ့နေတတ်တဲ့ စိတ်ကို သတိနဲ့ကပ်ပြီး တည်ဆောက်ရတယ်။ ဒါမှသာလျှင် တိုးတက်ချင်စိတ်ဖြစ်တယ်၊ တိုးတက်ချင်စိတ်ရှိတဲ့သူဟာ အမှန်အကန် ဖြစ်နိုင်ပြီး အမှန်အကန် ကြိုးစားမှုရမယ့် ထိုက်တန်တဲ့ အိပ်မက်ကို သူ မက်တယ်။ အချောင်ခိုစိတ်နဲ့ ပေါ့ပေါ့ပါးပါး ရတဲ့အိပ်မက်မျိုးအတွက် သူ မမျှော်လင့်ဘူး။ အိပ်မက်မရှိတဲ့သူဟာ ရုပ်သေးရုပ်ကနေရသလိုပဲ၊ ဘဝမှာ သူများကြိုးဆွဲရာက နေရမှာပါ၊ သူများပြောတဲ့အတိုင်းလုပ်၊ သူများပြောတဲ့အတိုင်းနေပြီး ပဲနေရတဲ့ အခြေအနေမျိုးမှာ ရှိတတ်တယ်။ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ့်ဘဝကို ပုံမဖော်တတ်ဘူး၊ သူများကြိုးဆွဲမှ၊ သူများတွန်းအားပေးမှ ထကြိုးစားတယ်၊ ကိုယ်ကိုယ်တိုင် ဖြစ်ချင်စိတ်မရှိဘူး။ သူ့ဘဝဟာလည်း အမှောင်ထဲမှာ ကျနေတတ်တယ်၊ အနာဂတ်ကို မမြင်ရတတ်ဘူး။ အိပ်မက်မရှိတဲ့သူရဲ့ ဘဝနဲ့ အိပ်မက်ရှိတဲ့သူရဲ့ ဘဝဟာ ကွာခြားပါတယ်။ အိပ်မက်မရှိတဲ့သူဟာ မှောင်မိုက်တဲ့ လမိုက်ညမှာ လမ်းလျှောက်နေရသလိုမျိုး စမ်းတဝါးဝါးနဲ့ အမှားအမှန် မခွဲခြားနိုင်ဘဲ စိတ်အလိုလိုက်ပြီး လမ်းမှားရောက်တတ်ပါတယ်။ ဘဝအဓိပ္ပါယ်မဲ့ တတ်ပါတယ်။ နေရောင်ကြီး ထွက်နေပေမယ့်လည်း နေ့ရဲ့အလင်းရောင်ကို မခံစားရတဲ့ ကိုယ့်ရဲ့အမှောင်ကမ္ဘာထဲမှာပဲ ရှိနေပါတယ်။ အိပ်မက်ရှိတဲ့သူရဲ့ ဘဝကျတော့ မှောင်မိုက်တဲ့ညမှာ ဓာတ်မီးကြီး ထွန်းလိုက်သလို လမ်းဟာ ရှင်းလင်းစွာ တစ်ရှိန်ထိုး မြင်ရတယ်၊ အနာဂတ်ဟာ ရှင်းနေတတ်တယ်။ နေ့ရက်တိုင်းမှာ လန်းဆန်းတက်ကြွမှုတွေနဲ့ ကြိုးစားချင်စိတ် အသစ်တွေ နိုးထရတယ်၊ ဘဝရဲ့ အဓိပ္ပါယ်ရှိတယ်။ သူကလည်း အဓိပ္ပါယ်ကို သိတယ်၊ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုရှိပြီး အရသာအသစ်၊ အတွေ့အကြုံအသစ်တွေကိုလည်း ခံစားဖို့ မကြောက်တော့ဘူး၊ ခက်ခဲသည်ဖြစ်စေ လွယ်ကူသည်ဖြစ်စေပေါ့။ ဒါကြောင့် အိပ်မက်မရှိသူတွေ အိပ်မက်ကို ရှာကြည့်ကြဖို့ လိုအပ်ပါတယ်။ အိပ်မက်ဆိုတာလည်း ဘွားကနဲကိုယ့်ဆီ ရောက်လာတာမျိုး မဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် ကြိုးစားရင်း ရှာဖွေရတာပါ၊ ရှာဖွေချင်စိတ် ရှိမှလည်း ရှာတွေ့မှာပါ။ ကဲ ဒါကြောင့်မို့ စာဖတ်သူတိုင်း ကိုယ့်ဘဝအတွက် ဖြစ်နိုင်သော၊ ကိုယ်တကယ်ဖြစ်ချင်သော၊ ကိုယ်တကယ်ဖြစ်အောင် စွမ်းဆောင်နိုင်မယ့် အိပ်မက်များကို ပိုင်ဆိုင်ကြပါစေ။ #g12 #dreams #dreamscometrue #hope #lifeisahighway

Dena Shun
Dena Shun
Open In TikTok:
Region: FR
Monday 17 August 2026 13:09:21 GMT
84493
14507
28
832

Music

Download

Comments

korjai4
NGU📚🥇 :
အိပ်မက်မဟုတ်ပါဘူး အမ အိမ်မက်ပါ အိပ်လိုက်လို့ မက်တာမဟုတ်ပါဘူး မျော်လေင့်ချက်တွေ /မက်မောမှုတေ ကြောင့်ဖြစ်လာတာ အိမ်မက်ပါ အိမ်မက်တေအတွက်ဆက်ကြိုး စားနေပါတယ် အမစာလေးက motiအများရီးရပါတာ် ကျေးဇူးပါ။💕
2026-08-18 12:39:51
7
chan42112
𝐂🍀 :
စာသားလေးပေးပါလားမမ💞
2026-08-18 11:51:53
2
cendihmue1
နာမည်က စင်ဒီမှူးပါ :
motivationမလို disciplineနေ့တိုင်းလုပ်
2026-08-18 04:19:09
13
hsuyoonwady9
Hsu Yoon Wady :
မမ ခုမှလုပ်ရင်ရင်မှီသေးလားဟင် နွေရာသီထဲကအချိန်တွေဖြုန်းနေခဲ့မိတာ💔
2026-08-19 02:30:42
1
m.b.k846
羅|•𝙉𝙞𝙠𝙤✓.🌀.🍀 :
တစ်နေ့စာ တစ်နေ့လုပ်
2026-08-17 13:59:19
6
tz_ump
Tz :
အစာကတော့သိချင်လို့Vdကိုမကျော်ဘဲကြည့်မိတယ် အောက်ကဖတ်ရမယ့်စာအရှည်ကြီးတွေ့တော့Vdကိုကျော်လိုက်တယ်
2026-08-18 07:39:47
3
nonchalantfinalboss812
6'5"sub3 :
တကယ်တန်ဖိုးရှိတဲ့စကားတွေပါဗျာ
2026-08-19 09:51:43
0
dari_anth
dari_anth :
အခုချိန်ထိg12ကိုမစရသေးဘူးစိတ်လေနေတုန်းပဲဗျာ ကျူရှင်exam တွေရှိလဲရှောင်ပြေးမိနေတယ်ကိုယ့်ကိုယုံကြည်မှုလဲမရှိတော့ဘူး အမျိးတွေဆရာဆရာမတွေကငယ်ငယ်ထဲကတော်ခဲ့တော့အများကြီးမျှော်လင့်ထားကြတယ် သုတို့မသိတာက ကျွန်တော် G11ထဲကပျက်စီးနေခဲ့ပီဆိုတာ အခြေမခိုင်ဘူးဗျာ…
2026-08-18 06:15:58
1
borealis7
ဦးကျော်ဇော၀င်း :
2026-08-18 13:58:06
0
unknowwwww_001
Unknow :
မမစာသား တွေကအား တွေဖြစ်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ် 🥰
2026-08-17 16:27:13
1
google31083
N✨ :
အဓိက က အိမ်မက်ရှိဖို့မလား အိပ်ပီနော်🙂‍↔️
2026-08-18 17:17:23
0
ran...sojfi
ယံယံ instock :
စာသား
2026-08-17 15:24:23
0
aungkhantmaw49
Aung Khant :
အထုံပါတဲ့ထိ ကျက်ကြည့်ပါ
2026-08-19 00:36:14
0
geo87593
Geo :
💯🤍
2026-08-18 02:13:59
1
parsauttb77
Nan pee :
😁
2026-08-18 05:57:05
1
ttpotay
potay :
🥰🥰🥰
2026-08-18 22:05:15
1
To see more videos from user @denashun6, please go to the Tikwm homepage.

Other Videos


About