@unseen.124: သိပ်ချစ်ရတဲ့ကောင်မလေး… စကားပြောနေရရင်၊ မျက်နှာလေးကို မြင်နေရရင် ကိုယ့်အတွက် တစ်လောကလုံးနဲ့တောင် အဆင်ပြေတယ်။ အဲ့ဒီအတွက် သူမတစ်ယောက်ဟာ ကိုယ့်အတွက် တစ်လောကလုံးနဲ့ ညီမျှတယ်ဆိုရင်တောင် ပိုတယ်လို့ မထင်ဘူး။ ကိုယ်နဲ့များ အဆင်မပြေရင် မကောက်ရရင် တွေ့ရာလူမဲတော့မယ် ဆိုပြီး ပြောတတ်တဲ့ကောင်မလေး။ စိတ်မကြည်ရင်လည်း ဂျွတ်ဆက်ဆက်လေးနဲ့ “မကောက်ပါဘူး” လို့ ပြောတတ်သေးတယ်။ မကောက်ဘူးသာပြောတာ… သူ့နှုတ်ခမ်းလေးက ထော်နေတာတော့ သူမသိရှာဘူး...... ညနေစာမစားလို့ ကိုယ်က စိတ်ပူနေရင်လည်း “ခေါက်ဆွဲစားလိုက်တယ်လေ” တဲ့။ တမင်တကာ ကိုယ့်ကို စိတ်ပူအောင်လုပ်တတ်တဲ့ ကောင်မလေးပေါ့။ ဘုကလန့်လေးနဲ့ ပြန်ပြောတတ်ပြီး… စိတ်ကောက်ရင်လည်း သူပဲဝမ်းနည်းတတ်ပြီး… ကိုယ့်ကို စိတ်ပူအောင်လုပ်ပြီးတော့လည်း ကိုယ်ပဲ အမြဲစိတ်ပူနေရတဲ့… အဲ့ဒီလို မင်းတစ်ယောက်ကပဲ ကိုယ့်အတွက်တော့ တစ်လောကလုံးထက် ပိုတန်ဖိုးရှိနေတာမို့ ..... မင်းအနားမှာ အမြဲနေခွင့်လေးပေးပါ။ #crush #Love #quotes #creatorsearchinsights #selflovepoetry

𝐔𝐧𝐬𝐞𝐞𝐧
𝐔𝐧𝐬𝐞𝐞𝐧
Open In TikTok:
Region: MM
Monday 17 August 2026 14:53:29 GMT
9089
693
11
164

Music

Download

Comments

user.zuhoney
Zuhoney :
အဆိုးလေးပေါ့လေ🤭
2026-08-17 23:50:35
1
leo540218
💕leo♌ :
စာသားလေးယူပါရစေ😍
2026-08-19 07:08:24
0
ilove.her597
@ilove her🐰🐰 :
🥰🥰🥰
2026-08-18 02:27:36
1
shwe2538
🍀🈴🤎🫧 :
🥰💜
2026-08-17 23:09:42
1
sander.oo40
sander Oo :
😊😊😊
2026-08-17 19:23:03
1
To see more videos from user @unseen.124, please go to the Tikwm homepage.

Other Videos


About