@thethtarsan726: မာလာရေစင်လှူတဲ့အခါရွတ်ဖတ်ပူဇော်ခြင်း *********************************** အရဟံအစ ဘဂဝါအဆုံးရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့် ပြည့်စုံသော် မူသော ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးအား တပည့်တော်မ အဆင်းအနံ့ဖြင့် ပြည့်စုံသော ဤမာလာရေစင်ကို ကပ်လှူပူဇော်ပါ၏ အရှင်ဘုရား🙏🙏🙏 ဘဝဘဝဟောင်းများစွာကတော်စပ်ခဲ့ဖူးသော 🍁ဘိုးဟောင်းဘွားဟောင်းများနှင့် တကွ 🍁ပဌာန်းဆက်ရှိခဲ့ဖူးသော ဆွေတော်မျိုးတော် အပေါင်း၊ 🍁မမြင်အပ်တဲ့ပုဂ္ဂိုလ်တို့ အား ကျွန်ုပ်မှ အပြစ်များရှိပါက ♥️ကြေအေးပေးပါ ♥️ကျေနပ်ပေးပါ ♥️ခွင့်လွှတ်ပေးပါ သင်တို့အားလုံးရဲ့ကိုယ်စားကျွန်ုပ်မှ နေ၍ မြတ်စွာဘုရားရှင်အား ဤမာလာရေစင်ဖြင့် ကပ်လှူပူဇော်ပါသည် 🙏🙏🙏 🪷ဘုန်းတော်အနန္တ၊ 🪷ကံတော်အနန္တ၊ 🪷ဥာဏ်တော်အနန္တ၊ 🪷တန်ခိုးတော်အနန္တ၊ 🪷မေတ္တာတော်အနန္တ၊ 🪷သစ္စာတော် အနန္တ၊ 🪷ပါရမီတော် အနန္တ တို့ နှင့် ပြည့်စုံတော်မူသော 🙏သက်တော်ထင်ရှား အရှင်မြတ်စွာဘုရားအားဥဒ္ဒိသ ရည်မှတ်သမှု အာရုံပြု၍ အကျွန်ုပ်ကို စောင့်ရှောက်သော 🍀ကိုယ်စောင့်နတ်၊ အကျွန်ုပ်ကိုစောင့်ရှောက်သော 🍀အစောင့်အရှောက်များနှင့်တကွ 🍀ဆွေဆက်၊ မျိုးဆက်၊ပဌာန်းဆက်၊ ဆွေတော်၊ မျိုးတော်အပေါင်း၊ 🍀မမြင်အပ်တဲ့ပုဂ္ဂိုလ်များနှင့်တကွ 🍀သိုက်နန်းရှင် အားလုံး တို့အားရည်စူး၍ ၄င်းတို့နှင့်ပေါင်းစု၍ ၄င်းတို့နှင့် အတူတကွ ဤ မာလာ ရေစင်ကို 🙏💜🙏အရှင်မြတ်စွာဘုရားထံ သဒ္ဒါကြည်ဖြူစွာဖြင့် မွန်မြတ်သန့်စင်စွာ ကပ်လှူပူဇော်ပါ၏။ (အလှူခံတော်မှူပါဘုရား)(သုံးကြိမ်) အစအဆုံး(သုံးကြိမ်) ရွတ်ဆိုရပါမည်။ #ရေစင်ကပ်လှူပြီးသည့်အခါဆုတောင်းရန် ********************************* ဤရက် ဤအချိန် ဤစက္ကန့်မိနစ်မှစ၍ 🙏🏼ကျွန်ုပ်တို့မိသားစုသည် လှိုင်းကြီးလှေအောက်၊ 🙏🏼တောင်ကြီးဖဝါအောက်၊ 🙏🏼ကျွန်ုပ်တို့မိသားစုကံကြမ္မအပေါ်ရောက်စေသော်၊ 🙏🏼တောင်ထိပ်ကြာပွင့် နောက်နေထွက် 🙏🏼ကပ်ကြီးသုံးပါးမရှိစေသော်၊ 🙏🏼နေထွက်ရွှေခွက် 🙏🏼နေဝင်ငွေထမ်းပြန်စေသော် 🙏🏼မင်းခေါင်စကားပြောကြားများ ပါရမီရှိသူရစေသော် 🌟ယနေ့မှစ၍ ကျွန်ုပ်တို့မိသားစုသည် ဘယ်ခြေလှမ်းတိုင်အောင်၊ ညာခြေလှမ်းတိုင်အောင်၊ အောင်ဓါတ်တွေပြည့်စေ မရှိ၊ မသိ၊ မဝ၊ မရ၊ မလှ “မ” ငါးလုံးဖယ်စေသတည်း။ 🌟ဤရေစင်ကိုလှူဒါန်းပြီးအချိန်မှစ၍ ကျွန်ုပ်တို့မိသားစုတို့သည် 🙏🏼အညံ့တွေကျော်ပါစေ 🙏🏼ကပ်ဆိုးတွေကျော်ပါစေ 🙏🏼ဝမ်းနည်းမှုတွေကျော်ပါစေ 🙏🏼ကျပ်တည်းမှုတွေကျော်ပါစေ 🙏🏼ခွဲခွါခြင်းတွေကျော်ပါစေ 🙏🏼ပြိုကွဲခြင်းတွေကျော်ပါစေ 🙏🏼ငတ်မွတ်ဘေးမှကျော်ပါစေသတည်း။ ⭐️(ဥုံသိန္ဓိ..သိန္ဓိ..သိန္ဓိ.. မဟာသိန္ဓိအပေါင်း ထောင်သောင်းမက တည်စေသတည်း) ၃ခေါက် ရွတ်ဆိုရပါမည်။#thethtarsan #မာလာရေစင်ကပ်လှူခြင်း💦💦 #tiktok #foryoupage
Thet Htar San 🐼
Region: MM
Monday 17 August 2026 16:15:14 GMT
Music
Download
Comments
Zar Zar :
ဉပုသ်နေ့တိုင်းလှူလိုရလာူရှင့်
2026-08-23 09:19:08
1
Winpapasoe :
ကိုယ်နေ့လေးပဲလှူရင်ရောရလားရှင်
2026-08-29 10:46:25
1
လယ်သမားလေပါ :
ချစ်စရာလေ
2026-08-24 22:49:34
0
user98447841438656ZinMar :
🙏🙏🙏🙏🙏
2026-08-17 16:22:27
1
ToTo & SWEEP SGD💞💞 :
🥰🥰🥰
2026-08-17 16:19:54
1
To see more videos from user @thethtarsan726, please go to the Tikwm
homepage.