@popularnewsjournal: နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိလာသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် မော်စကိုမြို့ရှိ ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး Mr, Maxim Gennadievich Reshetnikov ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာနဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့် သံရုံး၊ စစ်သံရုံးမိသားစုများကကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် လေဆိပ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အလေးပြုခံနေရာ၌ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြု ခြင်းကိုခံယူစဉ် ဂုဏ်ပြုတပ်ဖွဲ့မှ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများအား တီးမှုတ်ဂုဏ်ပြုအလေးပြုကြပြီးနောက် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူခဲ့သည်။ #Popularnews #Popular #News #Russia #Myanmar
Popular News Journal
Region: US
Monday 17 August 2026 17:58:04 GMT
Music
Download
Comments
A Shin Uttara :
မနာလိုတာလည်းမပြောနဲ့လေ
လူတယောက်ရဲ့ ရှေးဘုန်းရှေးကံဆိုတာ
ယှဥ်လို့ရတဲ့အရာမဟုတ်ဘူး
2026-08-17 21:10:18
347
မေမေ့ရဲ့သားငယ် :
နိုင်ငံတော်သီချင်းနဲ့အလေးပြုခြင်းခံရတဲ့ငါတို့ရဲ့သမတကြီး
မြန်မာနိင်ငံသားတရောက်အနေနဲ့.ဂုဏ်ယူလေးစားပါတယ်
2026-08-18 00:01:23
100
Jo kar my love :
ကြည့်ထားခေါင်းဆောင်ကောင်းခေါ်တယ်နိုင်ငံကြီးတွေနဲ့ပေါင်းတာဘာမဟုတ်တဲ့နိုင်ငံတွေကတို့နိုင်ငံရုပ်မာနေတာ
2026-08-17 18:27:44
117
Moe Oo :
ရုရှားဟာမြန်မာနိုင်ငံထက် အများကြီးကို အရာရာသာပါတယ် တို့နိုင်ငံကိုသူလေးစားတယ် အရင်အချိန်ကတည်းက မိတ်ဖက်နိုင်ငံအဖြစ်သူရပ်တည်ခဲ့တယ် 👍👍👍👍
2026-08-17 23:35:18
218
lwin :
ပူတင်က လာမကြိုတာ
အိပ်ပျော်နေလို့တဲ့
2026-08-18 02:24:13
6
kozayar :
NLDပါတီခေါင်းဆောင်တွေထက်တော့ အပုံတစ်ရာသာပါတယ်။
2026-08-18 00:27:13
9
KO Myo aung :
လူရာသွင်းတာဆိုလို့ဒီနိူင်ငံဘဲရှိတယ်
2026-08-17 22:44:51
9
Kazuki :
မိန့်ခွန်း ပြောလို့
ရုရှား ဘာသာစကား များ
အသုံးပြုခဲ့ရင် အသံထွက်မှန်ပါစေလို့
အဘ အတွက် ဆုတောင်းနေပါတယ်ဗျ .
2026-08-17 18:51:09
7
ဦးကျော်ခိုင်ပန်းရံဆောက်လုပ်ရေး :
အမှန်တကယ် ဘုန်းကံကြီးမားပါတယ်
2026-08-17 23:29:24
82
MYANMAR BURMESE :
NUG ရဲ့ သမ္မတရော မဖိတ်ဘူးလားဗျ
ဘယ်ပွဲမှ မမြင်မိလို့
2026-08-18 08:55:21
26
MG :
😂😂နိုင်ငံတော်သမတတဲ့
2026-08-18 02:18:35
6
Thiha Lwin :
ရုရှခရီးစဥ်အောင်မြင်ပါစေ ရုရှ မြန်မာမဟာမိတ်
2026-08-17 18:47:11
40
ChitKhoonCho :
သက်တော်ရာကျော်ရှည်ပါစေ❤️❤️🌹🌹🌹🌹
2026-08-18 04:29:01
7
Gu Gu :
နိုင်ငံတော်အလံတလူလူလွင့်နေတာကဂုဏ်ယူစရာပါ
2026-08-18 00:42:07
15
🇲🇲🇲🇲zawye. thwil🇲🇲🇲🇲 :
သမတကြီဘေးရန်အပေါင်းကင်ပါစေ🙏🙏🙏🇲🇲
2026-08-17 22:42:17
15
TT paw ka shwe min thar :
တိုင်းပြည်တိုးတက် စည်ပင်သာယာ ငြိမ်းချမ်းမည်။
2026-08-18 02:17:39
15
U Khun Maung Gyi :
မြင်ရတဲ့မြင်ကွင်းကတော့ကျက်သရေအပေါင်းနဲ့ပြည့်စုံ၍နိုင်ငံသားတယောက်အနေဖြင့်ဝမ်းသာပိတိဖြစ်ရပါတယ်လေးစားဂုဏ်ယူပါတယ်
2026-08-18 01:03:00
27
သွင်ဦးဈာန်လေး :
👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍အဘသမ္မကြီးသက်ရာကျော်ရှည်ပါစေ
2026-08-18 03:19:06
5
Toe Toe Cho :
ကမ္ဘာ့အကောင်းဆုံး မြန်မာနိုင်ငံ နိုင်ငံတော် သီချင်းပါ။
2026-08-18 03:57:19
17
သားချောနှစ်ယောက်ရှိသည်ST@SNyi :
ကမ္ဘာမှာ နိုင်ငံတော်သီချင်းအကောင်းဆုံး နိုင်ငံနှစ်နိုင်ငံ🇷🇺🇲🇲
2026-08-18 04:57:56
6
May Ree :
သမတ္တကြီး သက်တော်ရာကျော် ရှည်ပါစေ🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-08-17 22:51:04
13
koung Myat Khin :
ဂုဏ်ယူတယ်ဗျာ
လူပုဂ္ဂိုလ်ကိုဂုဏ်ပြုနေတာမဟုတ်ဘူး
ဒါကျနော်တို့နိုင်ငံကိုဂုဏ်ပြုနေတာဗျ
2026-08-18 03:57:35
5
Dawhtay Htay :
ဒို့သမတ္တကြီးကိုကြိုဆို နေတာ လေးစားဂုဏ်ယူစရာ ကောင်းလိုက်တာ
2026-08-18 04:19:37
8
that hter111111111111111 :
လေထဲမှာတလူလူဝင့်ကြွားနေတဲ့ဒို့မြန်မာနိုင်ငံတော်အလံနဲ့အတူနိုင်ငံတော်သီချင်းသံကိုနားစွင့်ရင်းတိုင်းတပါးနိုင်ငံမှာဂုဏ်ယူဝင့်ကြွားစွာရောက်နေတဲ့ဒို့မြန်မာနိုင်ငံရဲ့ချစ်ဘဘကိုမြင်တွေ့ရတာဝမ်းသာပီတိဖြစ်ရပါတယ်🥰🥰🥰🥰🥰🥰🥰
2026-08-18 05:12:44
7
To see more videos from user @popularnewsjournal, please go to the Tikwm
homepage.