@press.officials: နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် မော်စကိုမြို့ရှိ ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ လေဆိပ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့သည်။ ထို့နောက်နိုင်ငံတော်သမ္မတသည် အလေးပြုခံနေရာ၌ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြု ခြင်းကိုခံယူသည်။ ထိုသို့ ဆောင်ရွက်စဉ်ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်း များအား တီးမှုတ်ဂုဏ်ပြုအလေးပြုကြသည်။ ထို့နောက် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူခဲ့သည်။ #Myanmar #Russia #MyanmarRussia #MyanmarRussiaRelations #OfficialVisit #RussiaVisit #VladimirPutin #MyanmarDelegation #StrategicCooperation #EconomicCooperation #MyanmarRussiaBusinessForum #MyanmarNews #RussiaNews #President #MinAungHlaing #Relations #officialvisit #မြန်မာသမ္မတ #နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် #ဦးမင်းအောင်လှိုင်

PPIB Official
PPIB Official
Open In TikTok:
Region: MM
Monday 17 August 2026 23:44:57 GMT
404785
52653
1210
1393

Music

Download

Comments

burmese.human
Han Shein Aung🤫 :
ဘယ်သူတွေဘာပြောပြော သူအလုပ်သူလုပ်နေတဲ့သမ္မတကြီး😊
2026-08-18 00:42:37
557
zayyenaing044
orange maung :
ခြေပြက်လက်ပြက်ရဲဘော်တွေကို ဘာမှ လုပ်မပေးတော့ဘူးလား ပေါ်တာဆွဲထားတဲ့ ကောင်းတွေနဲ့ပဲ တိုက်ရတာ အဆင်မပြေဘူး တိုက်ပွဲတိုင်းရူံးနေတာ သူတို့ကတော့ ဟုက်နေတာပဲ အောက်ခြေက တပ်ပျက်နေပီ🥹
2026-08-18 01:50:30
56
mya.moe.thant
Mya Moe Thant :
မြန်မာပြည်တိုးတက်တော့မည်
2026-08-18 00:34:57
180
user375464741
Mar Mar :
ခေါင်းဆောင်ကသူ့အလုပ်သူလုပ်မှာပြည်သူနဲ့လက်အောက်ဝန်ထမ်းတွေကလဲနောက်ကကောင်းကောင်းလိုက်နိုင်ရမယ်ခေါင်းဆောင်ကောင်းနေလို့ဘဲမဖြစ်ဘူးနောက်လိုက်ကောင်းလဲရှီရမယ်ကန့်လန့်တိုက်နေလို့မရဘူး
2026-08-18 02:38:05
82
user9932662302656
🇨🇳KO SHINE🇨🇳 :
ဘယ်သူကသူ့ကိုသမ္မတလို့ခေါ်တာလဲမသိလို့
2026-08-18 02:33:41
9
aung.si.thu565
Harry Potter🤫 :
Lest go🏁🇲🇲
2026-08-18 08:58:34
0
phoe.aye765
Phoe Aye :
ရုရှား မြန်မာ ချစ်ကြည်ရေး ခိုင်ပြဲပါစေ
2026-08-18 02:18:24
91
ok.mor.phine
မောင်သောက်ဆမ်း :
မသိလို မေးမရစေ မြန်မာနိုငံ သမ္မတက ဘယ်သူလဲ
2026-08-18 06:14:37
10
u.htun.hla.aung8
U Htun Hla Aung :
ခေတ်မီနည်းပညာတွေရယူခဲ့ပါ
2026-08-18 02:42:11
43
mrreno520
Kyaw Kyaw :
နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင် သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးတိုင်းပြည်သာယာဝပြောအောင်ဆောင်ရွက်နိုင်ပါစေ
2026-08-18 02:06:49
56
user470749151
U Soe :
တိုင်းပြည်ရဲ့ဖခင်၊ငွေလမင်းကြီးအဘသမ္မတကြီးသက်ရာကျော်ရှည်ပါစေ
2026-08-18 00:57:02
49
gjcntjctutcuttcjtcut
Tik Tok :
ခေါင်းဆောင်ကောင်းရဲ့နောက်မှာနောက်လိုက်ကောင်းရှိဖို့အရးကြီးတယ် ဌာနဆိုင်ရာဝန်ထမ်းအားလုံး ပြည်သူအပေါ်စေတနာထားလုပ်ကိုင်ဖို့မမေ့ကြစေလိုပါ ပြည်သူအားလုံးညီညွတ်ဖို့တိုက်တွန်းပါတယ်
2026-08-18 03:44:06
15
kaung.kyaw955
Kaung Kyaw :
ok good
2026-08-18 01:13:39
6
thandar.win34286
လျှော်တောသူလေး♥️♥️♥️♥️♥️ :
555555555555555555555555555555🥰🥰🥰🥰🥰🥰🥰🥰
2026-08-18 14:55:02
1
user4366234213814
user4366234213814 :
သမ္မတကြီး ကျန်းမာပါစေ
2026-08-17 23:55:54
35
user20261234562
user20261234562 :
Congratulations
2026-08-18 10:54:30
0
user3365635749739
အထူး :
မြန်မာဘဲ မြန်မာလိုသာပြောဂုဏ်ယူ
2026-08-18 01:19:02
13
kyt3524
🌜အံ့ခေတ်ဘုန်း 🐷 :
ကျန်းမာချမ်းသာ၊ဘေးဘယာကင်းကွာစွာနဲ့၊တိုင်းပြည်နဲ့လူမျိုးအတွက်၊ဆထက်တန်ဘိုးဆောင်ရွက်နိုင်ပါစေ။
2026-08-18 02:45:55
9
user2495821317779
Kaung Kaung :
သမ္မတကြီး သက်ရှည်ကျန်းမာပါ စေ
2026-08-18 00:25:17
46
guguw821
Gu Gu :
သမ္မတကြီးကျန်းမာပါစေ နိုင်ငံ့တော်အတွက်ဆောင်ရွက်မှုတွေကိုဂုဏ်ယူလျှက်ပါ
2026-08-18 00:44:35
64
u.zaw.win3632
U Zaw Win :
မဂ်လာရှိလိုက်တဲ့ဒို့အဘဘယ်သူတွေဘာပြောပြောအေးဆေးပဲနော်
2026-08-18 02:09:04
18
userjoc0lv61nl
နေမင်း ပရဟိတ ရွှေညီအကို :
မင်္ဂလာပါ သမ္မတကြီး ကျန်းမာ သက်ရှည်ပါစေ ခင်ဗျာ။
2026-08-18 01:12:58
16
khinmoemoe140
Khin Moe Moe :
🙏🇷🇺🇲🇲🙏🇷🇺🇲🇲🙏🇷🇺🇲🇲
2026-08-18 00:12:22
55
To see more videos from user @press.officials, please go to the Tikwm homepage.

Other Videos


About