@wanchine_: အရိုးသားဆုံး_ပြုံးပြချင်ခဲ့တယ် သံသရာက ရှည်ပေမယ့် ဘဝက တိုတိုလေးဆိုတဲ့စကားကို လက်ခံပါတယ် ဒါကြောင့် .. မေတ္တာစကို ရှည်ရှည်ထားပြီး အမုန်းစတွေကိုတော့ တတ်နိုင်သလောက် တိုစေမယ်.. မနက်ဖြန်တွေဟာ တကယ်မသေချာပါဘူး။ ဘယ်နှစ်ရက် ရှင်သန်ရဦးမလဲ ဆိုတာ မသိပေမယ့် လက်ကျန်ဘဝလေးကိုတော့ ပျော် အောင် ပဲ နေ သွား ချင် တယ်... ကိုယ့်နဲ့ ထိုက်လို့ ပိုင်ဆိုင်ခွင့်ရတဲ့အရာလေးတွေဆို ဂရုတစ်စိုက်နဲ့ တန်ဖိုးထားသွားမယ်... ကိုယ်နဲ့မထိုက်လို့ ဆုံရှုံးသွားတဲ့အရာတွေကိုတော့ အသာတကြည်ပဲ လက်လွှတ်တတ်ဖို့ကြိုးစားမယ်... ခွင့်လွှတ်မယ် အတတ်နိုင်ဆုံး နားလည်ပေးလိုက်မယ် ကိုယ့်နားမှာနေချင်သူတွေကို နွေးထွေးစွာ ဆက်ဆံပေးလိုက်ပြီး ကိုယ့်နားမှာ မနေချင်တော့တဲ့သူတွေကိုတော့ သူ့သဘောတိုင်း ထွက်သွားခွင့်ပြုလိုက်မယ်... ခံနိုင်ရည် မရှိတော့လို့ မဟုတ်ဘူး ဘယ်သူ့အတွက်ကြောင့်နဲ့မှ ကိုယ့်စိတ်ကို ပူလောင်အောင် ထပ် မ လုပ် ချင် တော့ လို့ ပါ... အများကြီးတော့ မျော်လင့်မထားဘူး ကိုယ်တိုင်း ဖန်တီးလို့ရတဲ့ ပျော်ရွှင်မှုကလွဲရင် တစ်ခြားသူတွေ လာပေးတဲ့ခံစားချက်တွေဆိုတာ တိမ်ဆိုင် တိမ်ခဲတွေလိုမျိုး အချိန်တန်ရင် ပျောက်ကွယ်သွားမှာပဲမို့လား... ဒါတွေကို မြဲတယ်ထင်ပြီး စွဲလမ်းမှုတွေနဲ့ ဖတ်တွယ်ထားမယ်ဆိုရင် ကိုယ်ပဲ နာကျင်စရာတွေနဲ့ ကျန်ရစ်ခဲ့ရမှာပေါ့... ဖြစ် နိုင် ရင် ဘဝဆိုတာ ဘာလဲလို့ ကိုယ့်ကိုယ်ကိုပြန်မေး ဒဏ်ရာ အနာတရတွေကို ပွတ်သပ်ပြီးတော့ အတိတ်အကြောင်းတွေ ပြန်မတွေးချင်တော့ဘူး.. အရှိတိုင်းလေး လက်ခံပြီး အဖြောင့်တိုင်းလေးပဲ ဆက်လျှောက်ချင်တယ်... အလင်းကိုလိုတဲ့ လူသားဆိုပေမယ့် အမှာင်ညတွေနဲ့ကြုံလာရင်လဲ ပျော်အောင်နေမယ်... စိတ်ကူးထဲကအတိုင်းဆိုရင်တော့ ပိုင်ဆိုင်လိုစိတ်များများမထားပဲ ငှက်ကလေးတွေ မွေးမယ်... ချိုးယူလိုစိတ် မရှိဘဲ ပန်းလှလှတွေပျိုးမယ်..... လူထဲက လူပမူ့ ကိုယ်လဲ ဒဏ်ရာတွေရဲ့လက်ကတော့ ပြေးလို့ မလွတ်ခဲ့တာ အမှန်ပါ... ဒါ ပေ မယ့် အရမ်းအားငယ်လာတဲ့အခါဆို တိမ်ရောင်စုံလေးတွေက မျက်လုံးရဲ့ အဖော်ဖြစ်ပြီး... ထိခိုက် လဲကျလာတဲ့အခါမျိုးမှာတော့ ကိုယ်ဟာ ကိုယ်ရဲ့ အကောင်းဆုံးအဖော်ပဲပေါ့... ရှင်သန်ခွင့်ရှိသလောက်လေး နေပြီး ရပိုင်ခွင့် ရှိသလောက်လေးပဲ မြတ်နိုးသွားပါ့မယ်.. အများကြီး ယူမသွားချင်ပါဘူး အများကြီးပဲ ပေးခဲ့ချင်တာပါ... တကယ်မတည်မြဲတဲ့ ဘဝပါ အရာရာဟာ တဒင်္ဂမှန်း နားလည်ထားပါတယ်... ဒါ ပေ မယ့်... မိုးချုပ်လို့ နေဝင် နေကံကုန်လို့ သေကံကြုံလာတဲ့အခါကျရင်တော့ လောကနဲ့ လူသားတွေအပေါ် ကိုယ် အရိုးသားဆုံး ပြုံးပြခဲ့ချင်ပါသေးတယ် ။💜💐#flypシ #foryou #tiktok #crdစာသား

██████
██████
Open In TikTok:
Region: MM
Tuesday 18 August 2026 04:00:41 GMT
72316
5385
22
290

Music

Download

Comments

thoon_myat_may
Fel ne ♑️ :
စာသားပြနချပေးပါလားကွယ်
2026-09-04 05:44:03
1
pyaesoe649
✨MgPyaeSone☘️ :
မတည်မြဲတဲ့ဘ၀မှာအရိုးသားဆူံးပြုံးပြချင်တယ်😭
2026-11-07 08:23:48
0
xing.226
Xing" :
စာသားလေး😞
2026-08-18 04:12:39
0
y338839
👻Y👻 :
:မတည်မြဲတဲ့ဘဝမှာအရိုးသားဆုံးပြုံးပြချင်ခဲ့တယ်
2026-11-13 04:40:11
0
kaykay.844
K🍀 :
စာသားလေးယူသုံးပါရစေရှင်
2026-11-08 07:42:25
0
kyilae48
🦁kyi lae lae oo🌙 :
စာသားလေး ယူသုံးခွင့်ပြုပါ...
2026-10-26 03:38:15
0
thwe.thwe.aung.th6
𝓣𝓱𝔀𝓮 𝓣𝓱𝔀𝓮 𝓐𝓾𝓷𝓰🤍🥑 :
ယူသုံးမယ်နော်
2026-10-28 00:06:53
0
a9884350
💥N💥 :
ယူသုံးမယ်နော်[Heartwarming]
2026-10-03 21:56:03
0
sawdemon08
🇲🇲Xairo🦋🇹🇭 :
ပြန်တင်ခွင့်ပြုပါ
2026-10-21 21:20:20
0
jimin25803
⚽ 𝒯𝒽𝒾𝓇𝒾 💭 :
စာသားလေးပြန်ချပေးပ့လား🥰
2026-08-21 15:56:33
0
khant83977
Please don't lite to me :
ယူသုံးမယ်နော်ဗျ
2026-09-04 15:38:46
0
moethuzar6901
moethuzar6901 :
plzပြန်တင်ချင်လို့ပါ🙏
2026-09-03 04:43:16
0
lil_yooyo
Lil Bro :
ဟူးးး
2026-09-15 17:05:13
0
spider2722025
🕸ဦးပြောင်ရီး👽🌚 :
2026-08-18 04:09:13
1
winpapalwin36
Ŵin Pã Pã Lwiñ :
Copy လေ့ပြန်တင်ပါရစေရှင့်🥰
2026-10-29 13:22:34
0
an.noble7
K🦥🪐 :
Copy မယ်နော် မင်မင်ယေး
2026-10-29 00:45:09
0
dark.fantasy6798
𝖄𝖆𝖒𝖎 :
ပြန်ယူတင်မယ်နော် bro
2026-10-07 00:23:26
0
san.dar.oo600
Ah San :
🥺
2026-10-21 03:29:40
0
sawtarwah.com3
🍏 ᶻᴵᴺᴺᴼ ᶠᴱᴱᴸ🍏 :
🥰🥰🥰
2026-08-18 15:03:50
0
To see more videos from user @wanchine_, please go to the Tikwm homepage.

Other Videos


About