@xfg2272: #ဒီနေ့ အမှတ်မထင်ဘဲ ဖုန်းထဲက Gallery ကို အဆုံးထိ ပွတ်ဆွဲကြည့်ဖြစ်ရင်းနဲ့... တစ် နေရာအရောက်မှာ ကျွန်တော့်လက်တွေ တုံ့ခနဲ ရပ်သွားခဲ့တယ်။ အဲဒါ ကျွန်တော် "မဖျက် ရက်ခဲ့တဲ့ ပုံလေးတစ်ပုံ" ပါ။ ဖုန်းထဲမှာ နေရာလွတ်မရှိလို့ ပုံဟောင်းတွေ ရှင်းထုတ်တိုင်း ဒီပုံနားရောက်ရင် ကျွန်တော် ခဏတာ ငေးမိသွားတတ်တယ်။ ပြီးရင် "နောက်မှပဲ ဖျက်တော့မယ်" ဆိုတဲ့ ဆင်ခြေနဲ့ ချန် ထားခဲ့မိတာ အခုဆို သက္ကရာဇ်တွေတောင် အတော်လေး ပြောင်းခဲ့ပြီ။ ပုံလေးထဲမှာ အခုထက်ပိုပြီး ငယ်ရွယ်နုပျိုခဲ့တဲ့ ကျွန်တော် ရှိတယ်။ ပြီးတော့ ကျွန်တော့် ဘေးမှာ အခုတော့ သူစိမ်းဖြစ်သွားခဲ့ပြီဖြစ်တဲ့ သူ ရှိနေတယ်။ အဲဒီတုန်းက ကျွန်တော်တို့ တွေ ဘာတွေအကြောင်း ပြောပြီး ဒီလောက်တောင် သွားတွေပေါ်အောင် ရယ်မောခဲ့ကြတာ လဲ? ဘာကြောင့် ဒီလောက်တောင် ကမ္ဘာကြီးက သာယာနေခဲ့တာလဲ? တကယ်တော့ ကျွန်တော် မဖျက်ရက်တာ အဲဒီပုံလေးကို မဟုတ်ပါဘူး။ အဲဒီပုံထဲမှာ ရှိနေခဲ့တဲ့ "ပျော်ရွှင်နေတဲ့ ကျွန်တော့်ရဲ့ အတိတ်" တွေကို မဖျက်ရက်တာပါ။ အဲဒီအချိန် က ခံစားချက်တွေ၊ အဲဒီအချိန်က အငွေ့အသက်တွေကို ပြန်လွမ်းမိတိုင်း ဒီပုံလေးက ကျွန် တော့်အတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်နေခဲ့တယ်။ အခုတော့ အပြင်လောကမှာ သူနဲ့ကျွန်တော်ဟာ လမ်ချင်းတူတောင် လာရာချင်း မတူတော့ တဲ့အထိ ဝေးကွာသွားခဲ့ပါပြီ။ ဒါပေမဲ့ ဒီ Gallery ထဲမှာတော့ သူနဲ့ကျွန်တော်က အပြုံး ချင်းတူတူ၊ လက်ချင်းချိတ်တူတူ ရှိနေဆဲပဲ။ တစ်ခါတလေကျရင်လည်း အမှတ်တရဆိုတာ နှလုံးသားထဲမှာ သိမ်းထားရုံနဲ့ မလုံလောက်လို့ ဓာတ်ပုံထဲမှာပါ ထည့်သိမ်းထားရတာမျိုး ထင်ပါရဲ့။ အဲဒီပုံလေးကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချမိတယ်... ပြီးတော့ ထုံးစံအတိုင်းပဲ "Delete" ခလုတ်ကို မနှိပ်နိုင်ဘဲ Gallery ကို ပြန်ပိတ်လိုက်မိပါတယ်

ဆောက့်တောသူမ😊💔
ဆောက့်တောသူမ😊💔
Open In TikTok:
Region: MM
Tuesday 18 August 2026 04:53:01 GMT
420
26
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @xfg2272, please go to the Tikwm homepage.

Other Videos


About