@tartay014: အပိုအလိုမပါ သဘာဝအတိုင်း ရှုမှတ်နည်း __________________________________ ချမ်းသာရင် လောဘနဲ့ တုံ့ပြန်မယ်၊ ဆင်းရဲရင် ဒေါသနဲ့ တုံ့ပြန်မယ်၊ အဲဒါတွေလည်း ဖြစ်ခြင်းတရားတွေပဲ။ အဲသလို အကြောင်းအားလျော်စွာ မျိုးစုံဖြစ်နေတာကိုပဲ ဘဝလို့ခေါ်တာ၊ ဘဝဆိုတာ ဖြစ်နေတဲ့သဘောပဲ။ အဲဒီ ဖြစ်နေတဲ့သဘောတွေကို ဖြစ်နေတဲ့အတိုင်း သိနေအောင် ကြိုးစားတာကို သတိပဋ္ဌာန်းတရား အားထုတ်တယ်လို့ခေါ်တယ်။ ဘာပဲဖြစ်ဖြစ် ဖြစ်နေတာကို ဖြစ်နေတဲ့ အတိုင်း သိနေအောင်လုပ်ရမယ်။ ဥပမာ ဝင်လေလေး ဝင်သွားတယ်၊ ဝင်သွားတယ်လို့ပဲ သိလိုက်တယ်။ ထွက်လေလေး ထွက်သွားတယ်၊ ထွက်သွားတယ်လို့ပဲ သိလိုက်တယ်။ ဘာအပိုအလိုမှ မပါဘူး။ ဘာဘက်လိုက်မှုမှ မပါဘူး။ ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိနေလိုက်တာပဲ။ အဲဒါ သတိပဋ္ဌာန်းတရား အားထုတ်နေတာပဲ။ သတိပဋ္ဌာန်းတရား အားထုတ်တယ်ဆိုတာ နယ်ပယ်အကျယ်ကြီး။ စောစောက ပြောခဲ့တဲ့ မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊ စားခြင်း၊ ထိခြင်း၊ တွေးခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း အဲဒါတွေကိုလည်း ဖြစ်နေတဲ့အတိုင်း အမှန်သိပြီးနေရမှာ။ အနှစ်ချုပ်ပြောရရင် သတိပဋ္ဌာန်းတရား ပွားတယ်ဆိုတာ ရုပ်ပဲဖြစ်ဖြစ် နာမ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဖြစ်နေတာကို ဘာအပိုအလိုမှ မလုပ်ဘဲနဲ့ ဘာဘက်လိုက်မှုမှ မရှိဘဲနဲ့ ဖြစ်နေတဲ့အတိုင်းလေး သိသိနေအောင် ကြိုးစားတာကိုပြောတာ။ သစ္စာရွှေစည်ဆရာတော်
ThidarWin
Region: MM
Tuesday 18 August 2026 05:46:07 GMT
Music
Download
Comments
Thet Htar Shwe Zin :
2026-08-20 05:03:10
1
ma phyu :
ဆရာတော်သက်တော်ရာကျော်ရှည်ပါစေ
2026-08-20 05:21:28
1
Daw Htay Htay :
သာဓုသာဓုသာဓုပါဘုရား
2026-08-20 01:55:18
1
user3495436110202 :
2026-08-20 06:15:20
0
Ma Gyi Soe :
🙏🙏🙏🙏🙏သာဓုသာဓုသာဓုပါ🙏🙏🙏🙏
2026-08-18 06:00:21
1
Ko Myint Thaung :
သာဓုသာဓုသာဓု
2026-08-19 04:39:43
1
jasmine :
🙏🙏🙏🙏🙏🙏🙏
2026-08-19 14:27:06
1
Tun Tun :
🙏🙏🙏
2026-08-18 11:25:35
1
Daw Nilar :
🥰🥰🥰
2026-08-20 02:47:36
1
Mying Mying :
🙏🙏🙏
2026-08-18 14:46:47
1
DawNweNweThan :
🙏🙏🙏
2026-08-19 14:34:18
1
Nilar :
🙏🙏🙏
2026-08-20 03:29:41
1
U mg :
🙏🙏🙏
2026-08-18 05:51:58
1
🎀𝓐𝓾𝓷𝓰 𝓚𝔂𝓪𝔀 𝓛𝔀𝓲𝓷🎀 :
🙏🙏🙏🙏🙏
2026-08-18 06:00:18
1
Daw Nwe Ni :
🙏🙏🙏
2026-08-18 08:40:02
1
Ma Khine :
🙏🙏🙏
2026-08-20 04:44:58
1
To see more videos from user @tartay014, please go to the Tikwm
homepage.