@yayy.ngle: ၈ လအရွယ်ကလေးအတွက် ၇ ရက်စာ Menu ကို မနက်/နေ့လယ်/ည အပြည့်အစုံနဲ့ စီပေးထားပါတယ်။ မိခင်နို့ကတော့ ဆက်ပြီး အဓိကတိုက်ပေးပါနော်။ Day 1 Oatmeal + ငှက်ပျောသီး ထမင်းပျော့ + ကြက်သား + ဖရုံသီး အာလူး + ကြက်ဥ Day 2 ဆန်ပြုတ် + ကြက်ဥ + ဟင်းနုနွယ် ထမင်းပျော့ + ငါး + မုန်လာဥနီ ကန်စွန်းဥ + ထောပတ်သီး Day 3 Oatmeal + ပန်းသီးချက် ထမင်းပျော့ + ကြက်သား + ဘရိုကိုလီ ဆန်ပြုတ် + ဖရုံသီး + ပဲ Day 4 ငှက်ပျောသီး + ထောပတ်သီးချေ ထမင်းပျော့ + ငါး + အာလူး ကြက်ဥ + ဖရုံသီး + ထမင်းပျော့ Day 5 ဆန်ပြုတ် + ကြက်သား + မုန်လာဥနီ ထမင်းပျော့ + ကြက်ဥ + ဟင်းနုနွယ် အာလူး + ပဲ + ဖရုံသီး Day 6 Oatmeal + ငှက်ပျောသီး ထမင်းပျော့ + ငါး + ဘရိုကိုလီ ကန်စွန်းဥ + ကြက်ဥ Day 7 ဆန်ပြုတ် + ကြက်ဥ + ဖရုံသီး ထမင်းပျော့ + ကြက်သား + ဟင်းသီးဟင်းရွက် Oatmeal + ပန်းသီး/သစ်တော်သီး 🍌 Snack time တစ်နေ့ ၁ ကြိမ်လောက် ငှက်ပျောသီး၊ ထောပတ်သီး၊ သစ်တော်သီး/ပန်းသီးကို နူးအောင်ချက်ပြီး ချေကျွေးလို့ရပါတယ်။ 🍚 ပမာဏ အစပိုင်း 2–3 ဇွန်း လောက်ကနေ စပြီး ကလေးစားနိုင်သလောက် တဖြည်းဖြည်းချင်းတိုးပါ။ ၈ လအရွယ်မှာ အစားအစာကို အရမ်းချောအောင်ကြိတ်ထားတာထက် နူးနူးလေးနဲ့ အနည်းငယ်အဖတ်ပါအောင် ပြင်ပေးတာက ပိုကောင်းပါတယ်။ ⚠️ ဆား၊ သကြား၊ ပျားရည် မထည့်ပါနဲ့။ ပျားရည်က ၁၂ လမပြည့်မီ မပေးရပါဘူး။ အရိုးပါတဲ့ငါး၊ whole nuts၊ စပျစ်သီးလုံးလို လည်ချောင်းပိတ်နိုင်တဲ့အစားအစာတွေကိုလည်းကလေးလေးတွေကို မပေးပါနဲ့နော်💓#creatorsearchinsights #babyfeeding #baby #fyp #ကလေးဖြည့်စွက်စာ
Audrey'may may💕
Region: MM
Tuesday 18 August 2026 05:58:11 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @yayy.ngle, please go to the Tikwm
homepage.