@offica.acc4: 🔴| မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာကွင်းလယ်ကစားသမား ဂါဗီ (Gavi) ကို ခေါ်ယူဖို့အတွက် အပိုဆုကြေးတွေ အပါအဝင် ယူရို (၅၅) သန်းတန် ကမ်းလှမ်းမှု ကို စတင်ပြုလုပ်ဖို့ အသင့်ပြင်နေတယ်လို့ သိရပါတယ်။ သတင်းတွေအရ မိုက်ကယ် ကာရစ်ခ် ဟာ ဂါဗီကို အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် အက်ဒွာဒို ကာမာဗင်ဂါထက် ပိုမိုဦးစားပေး ခေါ်ယူလိုတဲ့ ကစားသမား အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုမှာ အခြေခံပြောင်းရွှေ့ကြေး ယူရို ၄၀ သန်း + အပိုဆုကြေး ယူရို ၁၅ သန်း ပါဝင်မှာဖြစ်ပြီး စုစုပေါင်း ယူရို (၅၅) သန်းအထိ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာဘက်ကတော့ အဲဒီကမ်းလှမ်းမှုထက် ပိုမိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို လိုချင်နေတယ် လို့ သိရပါတယ်။ တစ်ဖက်မှာလည်း ဘိုင်ယန်မြူးနစ် က ဂါဗီရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ လက်ရှိသတင်းအရတော့ ယူနိုက်တက်အနေနဲ့ ဂါဗီကို တကယ်ပဲ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားသလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပြီး၊ ဒီသတင်းဟာ El Nacional ရဲ့ ဖော်ပြချက်အပေါ် အခြေခံထားတဲ့ သတင်း ဖြစ်ပါတယ်။ ယနေ့ထွက်ပေါ်လာတဲ့ အခြားဖော်ပြချက်တွေမှာလည်း ဂါဗီ–ယူနိုက်တက် သတင်းကို ဖော်ပြထားပေမယ့် Fabrizio Romano ဘက်ကတော့ ဒီယူရို (၅၅) သန်း ကမ်းလှမ်းမှုသတင်းကို အခြေအမြစ်မရှိတဲ့ သတင်းသာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။ #footballnews #manchesterunited_team⚽💥👹

🐲Ko Phyo🌎(United boy fan)🐲
🐲Ko Phyo🌎(United boy fan)🐲
Open In TikTok:
Region: MM
Tuesday 18 August 2026 14:53:17 GMT
23621
1128
6
2

Music

Download

Comments

demonstrate83
💥Đêmõñ🌞🗽 :
မဟုတ်တာ
2026-08-19 12:47:33
1
kyaw01583
kyaw :
ကြိုက်တယ်ခေါ်လိုက်တော့
2026-08-18 15:08:21
0
f_2971
『 L i t e 』 :
Do you like then prime United ?
2026-09-07 19:43:35
0
kar.gyi760
💥kar gyi🦅💥 :
မကြိုက်ပါဘူး မိုင်နူးလောက်ကိုမကြိုက်တာ
2026-08-25 15:08:27
0
aunglay66317
AungLay :
လာနေလိမ့်မယ်ဆုတောင်ပေါ့ဖုရားမှယး
2026-08-20 16:01:24
0
user610769775454
Žâw Päîńĝ Șőë :
🥰🥰🥰
2026-08-29 11:54:18
0
To see more videos from user @offica.acc4, please go to the Tikwm homepage.

Other Videos


About