@ngemu67: 🕊️🕊️တကယ်လို့ ကျွန်တော်သေပြီ ဆိုပါစို့ .... အင်္ကျီလဲပြောင်းပြန်မ၀တ်ပေးပါနဲ့ ကန့်လန့်ကြီး မကြိုက်လို့ပါ။ ခြေထောက်တွေလဲ ကြိုးတွေမစည်းပါနဲ့ ကျွန်တော့်လမ်း ကျွန်တော်လွတ်လပ်စွာလျှောက်လှမ်းပါရစေ။ ရေလဲ မချိုးပေးပါနဲ့ တသက်လုံး ဖုံးသမျှ သေခါမှပေါ်ဆိုသလို ဟိုလူကိုင်ဒီလူထိနဲ့ ခံစားလို့မရဘူး။ အမွေးနံ့သာတွေလည်းမလုပ်ပါနဲ့ မသာပါဆိုမှတော့ ရွံရှာစက်စုပ်ဖွယ်ဖြစ်နေပါစေ။ ရေအိုးလဲ မခွဲပါနဲ့ ရေအိုးတလုံးရဖို့မလွယ်ကူပါဘူး။ သရဏဂုံလဲ မတင်ပါနဲ့ နေ့တိုင်းတော့ ဘုရားစစ်တရားစစ်သံဃာစစ် ကို နှလုံးသားနဲ့ယုံကြည်သက်ဝင်နေလို့ပါ။ မျက်နှာကို အုန်းရည်တွေမလောင်းပါနဲ့ အုန်းသီးဖိုးကုန်မဲ့ငွေ မရှိနွမ်းပါးသူတစ်ယောက်ကို လှူလိုက်ပါ။ ပန်းထည့်ပေးမယ်ဆို နှင်းဆီပန်းကလွဲရင် တခြားပန်းတွေလာမထည့်ပါနဲ့။ စားမြိန်ထုတ်လဲ ထည့်မပေးပါနဲ့ မစားနိုင်တော့တဲ့ အလောင်းကောင်အတွက် ကမ္ဘာ့စားနပ်ရိက္ခာထဲက လူတယောက်ရဲ့ တစ်နပ်စာ စားရမဲ့နေသူတွေကို လှူလိုက်ပါ။ ကူလိုက်ပါ။ ပါးစပ်ထဲလဲ အကြွေစေ့တွေ ဘာတွေလာမထည့်ပါနဲ့ မလိုအပ်ပါ။ ဟန်ဆောင်ပီးလည်းမငိုပါနဲ့ စောစောသွားတော့ ... စောစောနေရာ ရတာပေါ့။ ရှင်သန်ချိန်မှာ ဘယ်လောက်တန်ဘိုးထားခဲ့လို့ သေလွန်ချိန်ကျမှ ဘယ်အတွက်ကြောင့် မျက်ရည်ကျပြပြီး ငိုပြကျမှာလဲ။ ဘယ်သူ့ကိုမှ မစောင့်ပါနဲ့ အစကတည်းက ... ကျွန်တော့်ဘေးမှာ မရှိတဲ့ သူတွေကို ကျွန်တော်တို့... စောင့်နေဖို့မှ မလိုအပ်ခဲ့တာ။ အကြာကြီးလဲ မထားပါနဲ့ ကျွန်တော်ကို လူတကာလာလာကြည့်ရင် စကားလဲ ထထပြောလို့မရတော့အားလည်းနာ သူတို့ကထိုင် ကိုယ်က ပက်လက်ကြီးဆိုတော့ အနေအထိုင်လဲ ကျဉ်းကြပ်ပါတယ်လေ။ အလောင်းကောင်အဖြစ်ရှိနေစဉ် ဟိုပုတ် ဒီပုတ် နဲ့ သစ်ရွက် သစ်ကိုင်းနဲ့ ကျွန်တော့်ကို ပြန်မခေါ်ပါနဲ့ ထွက်သွားပြီးကတည်းက ပြန်မလာဖို့ ဆုံးဖြတ်ပြီးသားမို့ ရက်လည်လည်းမလုပ်ပါနဲ့ ဖဲဝိုင်းလဲ မထောင်ပါနဲ့ လူစုစုကိုလုံး၀ လုံး၀ သဘောမကျလို့ပါ။ မီးသင်္ဂြိုဟ်မယ်ဆို ရင် မီးပြင်းပြင်းနဲ့ ခပ်မြန်မြန်သာ မီးသင်္ဂြိုဟ်ပေးပါ။ ကျွန်တော်မွန်းကြပ်မှုနဲ့အပူကြောက် ပေမယ့် အရိုးပါမချန်ပါနဲ့ ပြာဖြစ်တဲ့ထိ မီးရှို့ပေးပါ။ ကျွန်တော့်ရဲ့အရိုးပြာတွေကို အနောက်ရိုးမတောင်ပေါ်ကနေ မြူတွေ တိမ်တွေကြား ကျဲချပေးပါ ကျွန်တော် ရဲ့ပြာတွေဟာ အနောက်ဖက်ကမုတ်သုန် မိုးစက်တွေနဲ့အတူ မြေကြီးပေါ် ပြန်ဆင်းပြီး မြေဆီမြေနှစ်အတွက် အကျိုးရှိချင်လို့ပါ။ အထူးမှာချင်တာကတော့ သေလွန်ပြီးတဲ့နောက် မည်သည့်ရည်စူးကုသိုလ်မျှ မဆောင်ရွက်ပါနဲ့.... သက်ရှိထင်ရှားရှိချိန် ပြုမူခဲ့သည့်ကံ၏အကျိုးအတိုင်း ရှိပါစေလေ 🕊️🕊️#ကျွန်တော်အရမ်းပင်ပန်းနေပီ🪽#crd fyp#fyp #myanmartiktok🇲🇲🇲🇲

🥃(ငမူးစာတို)🥃
🥃(ငမူးစာတို)🥃
Open In TikTok:
Region: TH
Tuesday 18 August 2026 17:53:42 GMT
102156
8053
121
1249

Music

Download

Comments

jokerlay24
🕘🕡🕑 :
အားလုံးမှန်တယ်ညီလေးပြန်တင်ခွင့်ပြုပါ
2026-10-13 03:23:45
4
hmone.war
😈ဘိုးထင်😈(MMK)🤪 :
စာသားလေးပေးသုံးခွင့်ပြုပါနော်🥺
2026-10-11 18:03:55
1
blackboy2625
DREAM&LIN :
ယူသုံးခွင့်ပြုပေးဘာနော်
2026-10-17 04:06:20
3
user2859542188133
🍇စပျစ်သီးလေး🍇🏳️‍🌈🇹🇭🫶🎤 :
စာသားယူတင်ခွင့်ပြုပါနော်
2026-09-26 20:16:44
2
zin.ko6358
Zin Ko :
စာသားယူသုံးခွင့်ပြုပါရန် လေးစားစွာဖြစ်ခွင့်တောင်းပါတယ် ခဗျာ။
2026-10-16 07:06:34
2
m.m56222
joker king :
စာသာယူခွင့်ပြုပါ
2026-10-07 10:37:04
1
user2331228482844
အလွမ်း ကမ္ဘာ :
စာသားတင်ခွင့်ပြုပါ
2026-10-12 16:10:28
1
thiha.aung41017
🥺🥺🥺🥺🥺 :
သေမဲ့သူတယောက် ကို ဒီစာသားလေး ယူသူံးခွင့်ပေးပါ🥺🥺🥺
2026-10-13 11:55:27
2
min.lay4174
Mìñ Zâw Âûñg(Hïñthãdä Thär Läy :
ရင်ထဲထိတယ်ဗျာပြန်တင်ခွင့်ပြုပေး ပါစာသားလေး😔
2026-10-14 02:20:39
1
user8681456700499
ချေားကလပ် :
ကျနော် အသံလေးယူမယ်နော် အကို ထိလိုပ့ 😔
2026-10-15 17:36:38
1
jop.cahan
ဘယ်အရာမှာ မတည့်မြဲပါဘူး💔💔🥺 :
အနော်လဲ တင်ခွင်ပြုပါနော်🥰🥰🥰
2026-10-16 20:31:48
1
.ko.naing857
🗽 Ko Naing 🏢💵 :
ပြည့်ပရောက်ပီးသူထားသွားလိုခံစားနေရသူအတွ ရာမမြေရဲစာသားတွေကတဂယ်ရင်ထဲထိတယ်ဗျရယ်ခွင့်နော်
2026-10-12 13:39:40
1
yargyi25.11
@⚽🎮 Øõ ýæř..Ĝÿł...🖤🎮🇲🇲🎧 :
😳🥺:အားလုံးမှန်တယ်ညီလေးပြန်တင်ခွင့်ပြုပါ
2026-10-15 15:17:58
1
aye.chan.may499
San myint(ယောကျာ်း❤️) :
ပြန်လည်ယူသုံးခွင့်ပြုပါ
2026-10-16 17:41:26
1
nandecember01
🍁🌼 :
စာသားလေးယူခွင့်ပြုပါ
2026-10-14 12:47:20
0
kaung.thant3229
✝☠Âűñĝ Ĝÿî☠✝ :
🥺🥺🥺
2026-09-20 23:15:37
1
5100htun
🇹🇭 ทูน ทูน နတ်မောက်သားလေ🇲🇲 :
😭
2026-09-24 15:08:41
1
user8294812763427
KoKo :
ပြန်လည်တင်ခွင့်ပြုပါနော်
2026-10-12 17:24:58
1
unaymyohtet1997
ဦးနေမျိုးထက်(ခေတ္တထိုင်း)🇹🇭 :
ယူသုံးမယ်နော်
2026-10-11 05:54:20
1
k.han.thein
Kay Han Thein :
2026-10-17 16:11:38
0
user475737244
ဒေါ်ကျော့ကေခိုင် :
အရမ်မှန်လိုက်တာစာသားအရမ်းကောင်းလိုက်တာ😍
2026-10-17 09:36:02
0
kaung.thuta.han4
ဆူးခက်ခက်နွယ် ကချင်ပြည်🇲🇲 :
😥
2026-10-17 09:22:33
0
ghdhrhr441e3788v
Saw Too Lay :
2026-09-29 11:35:48
1
hff.ghh63
mg Khant 🍁🚬 :
2026-10-09 23:13:56
0
To see more videos from user @ngemu67, please go to the Tikwm homepage.

Other Videos


About