@ko.ko.lay4868: အသက်အရွယ်လေး ရလာပြီဆိုရင် တစ်ဦး တစ်ယောက် အတွက် အချိန်တိုင်း လွမ်းဆွတ် တမ်းတနေရမယ့် အရွယ် မဟုတ်တော့ဘူး ။ ပြန်မရနိုင်တော့တဲ့အရာတွေ တမ်းတရင်း ဝမ်းနည်းနေရမယ့် အရွယ်မဟုတ်တော့ဘူး ။ တစ်စုံတစ်ယောက်ကို နာကျည်းပြီးမုန်းတီးနေရမယ့် အရွယ် မဟုတ်တော့ဘူး ။ အရွယ်လေး ရလာတော့ တွေးတွေးဆဆနဲ့ပေါ့ ချစ်တာတွေ မုန်းတာတွေ ဘေးဖယ်၊အလိုက်သင့်နေရမယ့် အရွယ် ဖြစ်နေပြီ ။ အဆင်ပြေတာ မပြေတာ အပထား ရင်ဘတ်ကြီးနဲ့ လိုက်မခံစားဘဲ ဘ၀ကို ပေါ့ပေါ့ ပါးပါး ဖြတ်သန်းရမယ့် အရွယ် . . . ဒီလူက ကိုယ့်ကို မချစ်ဘူး မခင်တွယ်ဘူးမဟုတ်လား ထားခဲ့လိုက်တော့ ။ ဒီလူက ကိုယ့်ကို သံယောဇဉ်မရှိဘူး မဟုတ်လား သူ့အတွက် အချိန်တွေ အကုန်ခံမနေပါနဲ့ ။ ကိုယ့်အပေါ်မှာ နားမလည်နိုင်တဲ့လူ ကိုယ်ချင်းစာ မပေးနိုင်တဲ့လူ မခင်တွယ်နိုင်တဲ့သူ မကြင်နာနိုင်တဲ့သူ သတိမရတဲ့သူ သူ့အကြောင်းတွေ မတွေးနဲ့တော့ လွှတ်ချထားခဲ့လိုက်ပါ ။ ဘာလို့လဲ သိလား အချိန်တွေ သိပ်မရှိတော့ဘူး အရွယ်တွေ ရလာပြီ ကုသိုလ်တွေ လုပ်ရဦးမယ်လေ.......။ အရည်မရ အဖတ်မရနဲ့ အလကားနေရင်း တခြားလူကို တဖက်သတ်တွေ လိုက်ပြီး အမုန်းပွားနေရသေးရင် အရွယ်မြန်မြန်ကျတာပဲ အဖတ်တင်မယ်.... အကုသိုလ်တွေဖြစ်မယ်.....။ ဒီ အသက်အရွယ်ထိ အသိ သတိမရှိဘူးဆိုရင် နောင်တတွေရစရာ ဖြစ်နေလေဦးမယ်။ ဘာလို့လဲဆိုတော့ အသက် ၈၀ ကျော်ထိ ဒါတောင်ကျန်းမာနေမှပါ.... အသက်ရှည်ပြီး ကုတင်ပေါ် လဲနေရသူတွေက အများသား။ ကိုယ်ကို ချစ်တဲ့သူ မုန်းတဲ့သူ လိုလားတဲ့သူ မလိုလားတဲ့ သူတွေဆိုတာသူ့သဘာဝနဲ့ သူ ရှိနေကြတာပါ...... အထီးကျန်နေတဲ့အခါ ချစ်တဲ့သူတွေ ခင်တဲ့သူတွေ ပျောက်သွားရင်တော့ လိုက်မရှာနဲ့တော့ ။ ဒီအရွယ်က အချစ်ပျောက်ကို လိုက်ရှာရမယ့်အရွယ် မဟုတ်တော့ဘူး အထီးကျန်တိုင်း အဖော်မက်ရမယ့် အရွယ် မဟုတ်တော့ဘူး ။ အရွယ် မကျအောင် စိတ်ဓာတ် မကျအောင် စိတ်ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုနဲ့ ထိန်းရမယ့် အရွယ်။ ကုသိုလ်ကောင်းမှုတွေ လုပ်ရင်း ငြိမ်းချမ်းရမယ့် အရွယ် ဖြစ်နေပြီလေ ..... ငယ်ငယ်တုန်းကလို ငယ်ဂုဏ်နဲ့ပစ်စလက်ခတ် နေလို့ မရတော့ဘူး ။ လှလှပပ သပ်သပ်ရပ်ရပ်နဲ့ ကျော့ကျော့ ရှင်းရှင်း ၀တ်စားဆင်ယင်မှ အမြင်တင့်တယ်တဲ့ အရွယ် ။ ရောက်လာတဲ့ အကြောင်းတရားတွေကို အကောင်းမြင်စိတ်နဲ့ ကြိုဆိုရမယ့် အရွယ်လေ ခံစားချက်တွေ ဘေးဖယ် ပျော်အောင်နေတတ်ရမယ့် အရွယ် ။ ကိုယ့်အပေါ် ချစ်သော ခင်သောသူများနဲ့ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မှ စိတ်ကျန်းမာမယ့် အရွယ် စိတ်ကျန်းမာရေးကို ဂရုစိုက်ရမယ့် အရွယ် ။ ဖြတ်သန်းရတဲ့ဘ၀က ကြမ်းရတဲ့အထဲလုပ်ကိုင် ရှာဖွေ စားဝတ်နေရေး ခက်ခဲရတဲ့အထဲ ၊ အဆင်မပြေရတဲ့ကြားထဲ ကိုယ့်အပေါ် မချစ်မနှစ်သက်တဲ့ သူတွေအကြောင်းရင်ဘက်ထဲ သိမ်းထားပြီး ခေါင်းထဲ ပြန်ထည့်သွားလေရာ သယ်ဆောင်သွားရမယ့် အရွယ်မဟုတ်တော့ဘူး ။ အသက်တွေ ကြီးလာပြီမို့ အချိန်တွေ မဖြုန်းနဲ့တော့ ငိုဖို့ထက်ရယ်နိုင်အောင်ကြိုးစား ။ အချိန်တွေကငယ်ရွယ်သူတွေလို မပိုလျှံတော့ဘူးမို့သက်တမ်းအရ ကိုယ်က အရင်သွားကြရမှာမို့ တစ်ပါးသူကို ချစ်ဖို့ထက် ကိုယ့်ကိုယ်ကို ချစ်ရမယ့် အရွယ်ပါလို့ပြောပြချင်တာပါ ။ ကိုယ်အရွယ်က ရှေ့သို့ တရွေ့ရွေ့ သွားနေဆဲ ။ Credit to org writer Copy by #kyawhtin #foryou💖

Ko Ko Lay
Ko Ko Lay
Open In TikTok:
Region: MM
Wednesday 19 August 2026 06:28:45 GMT
71711
5940
751
735

Music

Download

Comments

htay.htay1355
Htay Htay :
❤️❤️နေဝင်ချိန်ကိုမမေ့ဘာဘူး။အသိနဲ့သတိအမြဲတမ်းရှိပါတယ်။နှလုံးသားရဲ့စိတ်ဒဏ်ရာနဲ့ခွဲခြားထားပါတယ်။စိတ်တစ်ခုရဲ့ထွက်ပေါက်ပေါ့နော်
2026-08-19 08:41:23
10
user5254034009620
လမင်းတရာ :
ဒါကြောင့်တကယ်ခံစားနေရတဲ့သူတွေအတွက်တော့အရွယ်အပိုင်းအခြားမရှိပါဘူးဘာပြုလို့လည်းဆိုတော့ခံစားချက်တွေရှိလာရင်ငယ်တဲ့သူမှခံစားရမယ်ကြီးတဲ့သူတိုင်းမခံစားရဘူးဆိုရင်လောကကြီးမှာအသက်ကြီးတဲ့သူတိုင်မှာဒုက္ခဆိုတာဘယ်ရှိတော့မလဲသုခတွေဘဲရှိတော့မှာပေါ့
2026-08-22 02:40:25
5
nushwee15
မီးကန်းငယ် :
မဂ်လာပါရှင်မမေ့ပါဘူးရှင်
2026-08-27 08:09:23
1
khinmar7819
khinmar :
မဂ်လာရှိသောညချမ်းပါရှင် ကျေးဇူးပါ🥰🥰🥰🥰🥰👍
2026-08-19 14:39:49
2
user091765403
🇯🇵AungThu 🇯🇵 :
ရှေ့သို့သွားနေဆဲပါ အားပေးလျက်
2026-08-22 15:52:13
1
cartoon.box136
That That :
မှန်လိုက်တာအရမ်းကောင်းတဲ့စာသားလေးတွေပါ
2026-08-19 13:59:44
1
sue.sue324
Sue Sue :
ဟုတ်တယ်နော် အခုတော့အသက်လဲရလာပြီဆိုတော့နေတတ်သွားပါပြီ
2026-08-22 06:27:35
1
umyint.oo02
umyint oo :
တင်ပေးလိုက်တဲ့စာသားတွေကတကယ့်ဘဝလက်တွေ့အကေါင်းဆုံးနေနည်းပါဘဲ ကိုယ်တိုင်လဲဒီအတိုင်းဘဲစိတ်ကိုပြင်ဆင်နေထိုင်လာသူမို့အရမ်းသဘောကျမိရပါတယ် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ ကိုယ့်အရွယ်ကိုယ်မမေ့ပါနဲ့ခေါင်းစဥ်အောက်ကစားသားအတိုင်းမြင်သူတိုင်း ကိုယ့်ဘဝကိုယ်တိုင်ပိုင်ဆိုင်နိုင်လို့ကိုယ်ရောစိတ်ပါချမ်းသာကြပါစေခင်ဗျား
2026-08-21 14:28:34
4
min.lwin8913
Min Lwin :
@အသိသတိရှိနေအောင်အမြဲကြိုးစားကြပါပေါ့🥰🥰🥰🥰🥰🥰🥰🥰🥰
2026-08-22 15:38:32
1
hla.hla.win234
Hla Hla Win :
မဂ်လာပါအသိသတိပိုရှိလာပါတယ်🥰🥰
2026-08-22 01:11:30
1
u.phoe.zaw959
zawzaw :
စာသားနဲ့ သီချင်းလေးက ကိုက်ညီပါတယ်ဗျာ
2026-08-22 15:39:28
1
kyaw.win5334
Kyaw Win :
ဘဝက...တိုလွန်းပါတယ် မနက်ဖန်ဆိုတာ မသေချာဖူးလေ
2026-08-21 15:36:26
2
supernature84
12356708776 :
[စတစ်ကာ]
2026-08-21 14:34:18
1
daw.mar.nyo6
Daw Mar Nyo :
[Sticker] 🥰
2026-08-22 09:24:50
1
user12124205013806
user12124205013806 :
ဟုတ်ပါတယ်အရာအားလုံးဆင်ခြင်သင့်ပါပီ
2026-08-21 11:44:41
1
win.shwe.oo14
Win Shwe oo :
ဟုမမေဘူ
2026-08-22 08:37:06
1
artmeko4
ဒေါ်လေးစိမ်း :
မင်္ဂလာပါရှင်
2026-08-21 06:30:05
1
daw.hla.ohne
Daw Hla Ohne :
မဂ်လာပါ
2026-08-23 14:06:05
1
user2729687818046
19681130 :
နေဝင်ချိန်ကိုစောင့်နေကြသူတွေပါ
2026-08-21 02:52:44
1
ni.ni3702
Ni Ni :
စာဖတ်လိုက်ရတဲအတွက်ကျေးဇူးအများကြီးတင်ပါတယ်
2026-08-22 09:11:43
1
win9444
win :
🥰🥰🥰ကောင်းမှကောင်း🥰🥰🥰🥰🥰🥰
2026-08-22 15:29:42
1
user2269796521281
မြင့်မြင့်အေး :
ကျေးဇူးပါရှင်🙏🙏🙏🙏🙏🙏
2026-08-21 02:47:04
1
tintin7777711
user43313904174816 :
အရမ်းမှန်တဲ့စကားတွေပါပဲ
2026-08-21 03:12:40
1
kosaw1810
kosaw :
ကောင်းလိုက်တဲ့စာသား တွေပါ ကျေးဇူးပါ သတိ ပေးသလို့ဖြစ် နေတ ဲ့အတွက် ကျေဇူးပါ
2026-08-22 11:03:41
1
so.thu.aung5672
နွေဦး :
မမေ့ပါဘူ
2026-08-19 15:57:03
1
To see more videos from user @ko.ko.lay4868, please go to the Tikwm homepage.

Other Videos


About