@eomrian.vj: ဟိုဘက်ကလုပ်တာ ဒီဘက်လုပ်တာ ဆိုတာတွေကို မပြောတော့ပါဘူး but အောက်ကစာလေးကို ဖတ်ကြည့်ကြရအောင် ဗီဒီယိုထဲက အန်တီကြီးရဲ့ အသံကိုကြားရတာ မြင်ရတာရင်ထဲမှာ အနက်ရှိုင်းဆုံးအထိ သနားလွန်းလို့ငိုမိတဲ့အထိ စိတ်မကောင်းဖြစ်မိတယ်။ အနားက ဓားတွေ ကိုင်ထားတဲ့သူတွေရှေ့မှာ အကူအညီမဲ့စွာ ထိုင်နေရင်း အသက်ဘေးကလွတ်အောင် ရင်တမမနဲ့ သနားခံနေရတဲ့ အန်တီကြီးရဲ့ကြောက်ရွံ့မှုကို တွေးကြည့်ရုံနဲ့တင် သနားလွန်းလို့ ရင်ဘတ်ထဲကပါ ဆို့တက်လာတယ်။ "အန်တီ့ လှည့်လိုက်ရင် သား အန်တီ့ကို သတ်မှာ သိတယ်..." "မလုပ်ပါနဲ့ သားရယ်... အန်တီ့ကို မသတ်ပါနဲ့..." ဆိုတဲ့စကားတွေက ကိုယ့်ရဲ့နောက်ဆုံးအချိန် ရောက်နေပြီဆိုတာကို သိလျက်နဲ့ ဟိုဘက်လှည့်ခိုင်းတာကိုတောင် မလှည့်ရဲဘဲ သူ့ကိုမသ/တ်ဖို့အတွက် ကလေးတစ်ယောက်လို သနားခံနေရှာတာ စက္ကန့်တိုင်းမှာ ကြောက်ရွံ့မှုတွေနဲ့ တုန်လှုပ်နေခဲ့ရရှာမှာ။ ကိုယ့်အမေအရွယ် အန်တီအရွယ် လူတစ်ယောက်ရဲ့အသက်ကိုမှ စိတ္တဇဆန်ဆန် ရက်စက်လွန်းကြတဲ့ လူတွေရဲ့ စိတ်ဓာတ်ကိုလည်း တကယ်ကို အံ့ဩမိတယ်။ ဒီအန်တီနေရာမှာ ငါ့အမေဆိုရင်ရောဆိုတဲ့ စိတ်လေးမတွေးမိကြဘူးလား 2ဖက်လုံးကို ပြောတာပါ လူသားအချင်းချင်း အဲလောက်မရက်စက်ကြဖို့ကိုပြောချင်တာ ခေတ်မကောင်းတာကို အခွင့်ကောင်းယူပြီး အပြစ်မဲ့တဲ့လူတွေကို မသတ်ကြပါနဲ့ဗျာ အန်တီကြီးကို စကားလေး ဆုံးအောင်တော့ပြောခွင့်ပေးလိုက်ပါအုန်း ရှင်းပြတာလေးကို နားထောင်ပေးကြပါအုန်း သူ့မှာ အကြွေးလေး သွားတောင်းခဲ့မိတာကလွဲရင် သူ့မှာဘာအပြစ်ကြီးများရှိလို့လဲ အဲလိုပြောရင် တခြားအသက်ဆုံးရှုံးရတဲ့သူတွေကရော ဘာအပြစ်ရှိလို့လဲဆိုတာမျိုး ပြောကြမှာကိုသိတယ် သူတို့တုန်းကလဲ စိတ်မကောင်းသလို သနားလဲသနားပါတယ် vd တွေမြင်တယ် ကြည့်တယ် but အခုအန်တီကြီးကို မြင်လိုက်ရတော့ ပိုပြီးသနားမိတယ် သူ့ကိုသ/တ်မယ့်သူတွေကို နောက်ဆုံးအချိန်ထိ သားလို့ခေါ်သွားရှာတာ။ သူ့ကိုသ/တ်တော့မယ်ဆိုတာ သိနေတာတောင် အသက်ချမ်းသာရာရမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ တောင်းပန်နေတဲ့ အန်တီကြီးကိုကြည့်ပြီး နည်းနည်းလေးတောင်မှ မသနားခဲ့ကြဘူးလား။ ပြီးတော့ သ/တ်လိုက်ကြပြီးရင်လဲ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို အေးချမ်းခွင့်ပေးလိုက်ပါတော့လား ဘာလို့များ ရက်ရက်စက်စက် ရစရာမရှိအောင် မွှ/န်းပြီး ရေထဲကိုပစ်ချလိုက်ကြတာလဲ။ မျက်တောင်တစ်ချက်မခတ်ဘဲ ဘယ်လိုတောင်မှ လွယ်"လေးသ/တ်နိုင်ရတာလဲ။ ဟိုဘက်ကသ/တ်တာ ဒီဘက်က သ/တ်တာတွေ ငြင်းနေရမှာမဟုတ်ဘူး ဒါကြီးက လုံးဝကိုမဖြစ်သင့်တဲ့အရာကြီးပါ။ ဘယ်လောက်ပဲ ခေတ်မကောင်းဘူး စစ်ပွဲတွေဖြစ်နေတာလို့ပြောပြော ဘာမှမသိရှာတဲ့ ကိုယ့်အမေအရွယ် အန်တီကြီးတစ်ယောက် ၊ လူ့အသက်တစ်ချောင်းကို လွယ်"လေးဆိုပြီး မလုပ်ကြပါနဲ့ဗျာ စစ်ပွဲဆိုတာနဲ့အမျှ နှစ်ဦးနှစ်ဖက် ဆုံးရှုံးမှုတွေဖြစ်တာကိုသိပေမယ့် ဒီအန်တီကြီးကတော့ ဘာမှမဆိုင်ဘူးလေဗျာ #fyp #viewproblem #tiktok #tiktokviral
𝐄𝐢𝐫𝐢𝐚𝐧 𝐕𝐉
Region: MM
Wednesday 19 August 2026 07:20:03 GMT
Music
Download
Comments
အုန်းဆာရဲ့မျက်လုံးဝိုင်း"လေး :
ဒီလိုအရွယ်လူတစ်ယောက်ကို သ*တ်လိုက်လို့ ဘာတွေများထူးသွားမှာမလို့လည်းဟင် အကြင်နာတရားခေါင်းပါးလိုက်ကြတာ ဘယ်ဘက်ကလုပ်လုပ် ဒါကလက်ခံစရာအကြောင်းကိုမရှိပါဘူး အန်တီကောင်းရာသုဂတိလားပါစေ နောင်ဘဝဒီလိုရက်စက်မှုတွေနဲ့ဝေးတဲ့ အေးချမ်းတဲ့နေရာလေးမှာ ပြန်လည်ရှင်သန်နိုင်ပါစေ
2026-08-19 10:09:33
744
lana🐧 :
2023 ကဖြစ်တာဆိုပေမဲ့အခုမှသိခဲ့ရတာတကယ်ကိုစိတ်မကောင်းစရာပါသူ့ခမျာကြောက်ကြောက်နဲ့တစ်ယောက်တည်းရယ် စပ်စုချင်လို့ vd ကြည့်ခဲ့ပေမဲ့ပါးစပ်ဟောင်းလောင်းကြီးဖြစ်မိတယ်အရမ်းကိုသနားမိတာ လူတွေဘယ်လောက်တောင်များဘီလူးစိတ်တွေပေါက်နေရလည်း💔💔
2026-08-19 09:54:31
589
𝒹𝒶𝓇 :
ကိုယ်အမေ ရော အဲ့လို ဖြစ်ခဲ့ရတာ ကိုယ်အရူးယုံ တမယ် အချိန်တေ ွတောင် သတိရမိတယ် လက်အုပ်ချီပီး တောင်းပန်နေခဲ့တာလေး မျက်လူံးထဲက မထွက်ဘူး
သနပ်ခါးလေးရော နောက်ဆုံး အသံလေးရော မေ့မရဘူး မေမေရယ်😭
2026-08-19 10:36:50
243
POPO🐾 :
ဘယ်လိုတွေတောင်များ လုပ်ရက်ရတာလဲကွယ် တကယ်ကို ရင်ထဲစို့နစ်ပြီး စိတ်မကောင်းဖြစ်မိတယ် အန်တီရယ် ဘဝဆက်တိုင်း"မှာ ဒီလို အဖြစ်ဆိုးတဲ့သေဆိုးမျိုးနဲ့ မကြုံရပါစေနဲ့နော် ဖြစ်လေရာဘဝမှာ ကောင်းတဲ့ဘဝနဲ့ အေးချမ်းတဲ့ဘဝ ဘေးကင်းတဲ့ဘဝမှာ ရှင်သန်ရပါစေနော် အေး"ချမ်း"နေထိုင်မှုရှိတဲ့ဘဝရပါစေလို့ ဆုတောင်းပေးပါတယ်နော် 💔
2026-08-19 09:04:57
292
AYLIN🌙 :
ကမ္ဘာပေါ်မှာအကြောက်ဆုံးသတ္တဝါလို့ပြောရရင်လူတွေပါပဲ။
2026-08-19 10:18:59
105
Luna 🪷 :
ဘယ်ကနေနေ ရန်သူတောင်လက်နက်ချပြီးအလံဖြူပြရင်မသတ်ရဘူးလို့ဘဲကြားဘူးခဲ့တာ
ကိုယ့်အမေသာဆိုရင်ဆိုတဲ့အတွေးလေးသူတို့မှာရှိခဲ့ကြရင်
2026-08-19 09:18:58
200
Sue :
အဲ့vdထဲမှာလေသူမကြောက်နေတဲ့အကြည့်တွေအသံတွေသူ့ကိုမသတ်ပါနဲ့ သားတို့ကအန်တီ့ကိုသတ်မှာတဲ့ဓားတွေနဲ့တဲ့အန်တီရှိခိုးပါ့မယ်တဲ့ အန်တီရယ်ဘယ်လောက်ခိုကိုးရာမဲ့ပြီးကြောက်နေမလဲ ဒီလိုအဖြစ်မျိုးနောက်ဘဝမှာမကြုံရပါစေနဲ့အန်တီရယ်
2026-08-19 09:46:28
88
𝓛𝓾𝓬𝓲𝓮𝓷 :
လူစိတ်ကောရှိကျသေးရဲ့လားဗျာ
2026-08-19 09:54:26
26
ঔৣÐâřҟŦﺂℜêঔৣ :
Someone what should i do like i mean i have watched gore before but now sadness over come and my chest feeling so tight , someone can help? im not fcking over react or maybe i did but im really need help
2026-08-19 14:13:31
0
kai :
စာလေးကိုအဆုံးထိဖတ်မိပြီး vd လေးကြည့်မိပြီး ငြိမ်သက်သွားတဲ့အခိုက်အတန့်ပါ ကမ္ဘာပေါ်မှာမျိုးသုဉ်းပျောက်ကွယ်တော့မဲ့အရာက ယဉ်ကျေးမှုလို့ဆရာညီမင်းညိုပြောခဲ့တာလေးကိုသတိရမိတယ် ခေတ်ကမကောင်း မိန်းမသားတန်မဲ့ရှာဖွေလုပ်ကိုင်စားသောက်နေရတဲ့ ကိုယ့်အမေအရွယ် အားနွဲ့တဲ့မိန်းမသားတစ်ယောက်ကို ခွန်အားသုံးပြီးသတ်ဖြတ်ရက်ကြတာ ကိုယ့်အလှည့်ကျမှ မကြောက်တတ်ပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ် တကယ်ခံစားရလွန်းလို့ အသက်ရှုကြပ်မတက်ပါပဲ🥺
2026-08-19 12:17:31
51
Hann :
အော်လူတွေ" အဲ့အန်တီနေရာမာငါ့အမေဆိုတဲ့အတွေးတွေမရှိကြတော့ဘူးလူတစ်ယောက်ရဲ့အသက်ကိုကစားစရာအရုပ်လိုထင်နေကြတယ် rip ပါ အန်တီရေ မြန်မာနိုင်ငံမာလူမဖြစ်ပါစေနဲ့တော့ ကြည့်ပီးသနားစရာလေးပါကွာသေမာကြောက်ပီးတောင်းပန်နေရှာတာ
2026-08-19 12:39:31
20
𝗡 :
လုံးဝကိုမခံစားနိုင်တာပါကွာ လက်အုပ်ချီ တောင်းပန်ပါမယ် ပြော နေတာ တောင် လုပ်ရက်ကြတာ
2026-08-19 14:14:25
7
solenia :
ဒီ vd တောင်တက်လာလို့နော် vd မရှိပဲလူမဆန်ရက်ရက်စက်စက် အလုပ်ခံခဲ့ရတဲ့အဘိုးအဘွားတွေဘလောက်များမလဲ နှဖက်လုံးကတိုက်နေလူတွေရေအားရင်စစ်ဖိနပ်လေးမကြည့်ကြပါကွာပြားနေတာတခြားလူတွေမဟုတ်ဘူး ပြည်သူတွေပါဟ
2026-08-19 10:39:38
46
꧁𓊈𒆜Aung𒆜𓊉꧂ :
အဲ့အန်တီနေရာမှာငါ့ဆွေမျိုးသားချင်းသာဆိုပြီးတကယ်ဝမ်းလဲနည်းသလို သွေးတွေပါဆူပွက်လာတယ် အန်တီအသံကြားပြီးတကယ်စိတ်မကောင်းဖြစ်ရပါတယ် သူ့သားသမီးတွေအန်တီအသံကြားမိရင် ရှင်လျက်နဲ့သေလူတွေဖြစ်နေမှာ ကျွန် ေတာ်လဲနည်းတူခံစားမိပါတယ် အန်တီကောင်းရာသုပတီရောက်ပါစေဗျာ 🕊️🕊️
2026-08-19 10:46:23
17
💓Thi ri aung💗 :
ကိုယ့်အမေသာဆိုရင်အတွေးနဲ့ငိူနေမိတယ်အန်တီရယ် ဘယ်လောက်တောင်အားကိုးရာမဲ့နေမလဲ အဲ့လောက်ကြီးရက်စက်စရာလိုကြလို့လား😭
2026-08-19 09:04:54
44
Mya myint Mo🎨🖌️ :
လူစိတ်တွေပျောက်ကုန်ကြတာ အဲ့လိုအဖြစ်မျိူးမကြုံချင်ဘူးတကယ်ကြောက်တယ်
2026-08-19 09:46:28
30
မိဖြူ🍄 :
အော် ရက်စက်လိုက်ကြတာလူတွေမှဟုတ်ရဲ့လား အန်တီရယ် နောက်ဘဝတွေကျရင် ဒီလိုအဖြစ်မျိုး ထပ်မဖစ်ပါစေနဲ့နော်
2026-08-19 12:14:39
10
Myat୨ৎ♏ :
သူတို့မာအမေမရှိဘူးလားပဲလုပ်ရက်ကြတာလူစိတ်မရှိတော့တာလားပဲ အက်လောက်ကြီးခုတ်သတ်တာကြီးက တော်တော်အံ့ဩလို့မဆုံး
2026-08-19 10:01:29
7
𝙆𝙤𝙪𝙩 𝙠𝙤𝙪𝙩⚘ :
ဒီမိုကရေစီ ဆိုပြီး ဒီမိုကရေစီမရတာ ပြည်သူတွေကြောက်စိတ်တွေနဲ့ရှင်သန်ရတာငါတို့နိုင်ငံဖြစ်တယ်💔
2026-08-19 09:51:05
7
Pyae Pyae🐼♌ :
လူစိတ်မရှိကြတော့ဘူးလောကကြီးရယ်
2026-08-19 09:28:19
5
𝑀𝓎𝑜 𝒯𝒽𝑒𝓉 𝐻𝓉𝒾𝓀𝑒 :
ဘာမှမပြောနိုင်တော့ပါဘူးလောကကြီးရယ် ဘာတွေဖြစ်နေကြပြီးလဲ
2026-08-19 09:24:21
7
🍂 :
အော် လူ့စိတ်တွေကဘယ်လိုတွေများဖြစ်နေကြတာလဲနော် vd မကြည့်ဖူးတာတောင် စာလေးဖတ် အခု vd လေးကြည့်ပြီးသနားနေရတာ တကယ်ပါပဲ လူတွေလဲဘယ်လိုစိတ်တွေနဲ့များမွေးဖွားလာကြတာလဲ
2026-08-19 13:11:44
0
To see more videos from user @eomrian.vj, please go to the Tikwm
homepage.
© 2021-2026 TikWM. All rights reserved.