@aunge152: အသုဘ ကမ္မဋ္ဌာန်း ( ၁၀ )ပါး အသုဘ ဆိုသည်မှာ " မတင့်မတယ် စက်ဆုပ်ဖွယ် လူသေကောင် " ဟု ဆိုလို၏။ ၁။ ဥဒ္ဓုမာတက အသုဘ = သေပြီး ၂ရက် ၃ ရက်ကြာသဖြင့် ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် လူသေ ကောင်၊ ၂။ ဝိနီလက အသုဘ = အဖြူရောင် အနီရောင်ရောလျက် ညိုမဲဟောင်ပုပ်နေသော စက်ဆုပ်ဖွယ် လူသေ ကောင်၊ ၃။ ဝိပုဗ္ဗက အသုဘ = ပေါက်ပြဲ ကွဲအက်နေ၍ ပြည်ပုပ်တို့ ယိုထွက်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊ ၄။ ဝိစ္ဆိဒ္ဒက အသုဘ = ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊ ၅။ ဝိက္ခာယိတက အသုဘ = ခွေး ကျီး လင်းတ တို့ ထိုးဆွ ကိုက်ဆွဲနေသော စက်ဆုပ်ဖွယ် လူသေကောင်၊ ၆။ ဝိက္ခိတ္တက အသုဘ = ခြေ လက်၊ ခေါင်း ခန္ဓာကိုယ် ဖရိုဖရဲ ပြန့်ကျဲ ဟောင်ပုတ်နေသော လူသေကောင်၊ ၇။ ဟတ ဝိက္ခိတ္တက အသုဘ = ဓားဖြင့် မွှန်းထားသဖြင့် ခြေ လက် ခေါင်း ကိုယ် ဖရိုဖရဲပြန့်ကျဲ ဟောင်ပုပ်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊ ၈။ လောဟိတက အသုဘ = ခန္ဓာကိုယ်အနှံ့အပြား ထိုထိုအရပ်မှ သွေးချင်းချင်းနီ ယိုစီးနေသော စက်ဆုပ်ဖွယ် လူသေကောင်၊ ၉။ ပုဠ၀က အသုဘ = ပိုးလောက် တဖွားဖွား သွားလာ ၀င်ထွက် စက်ဆုပ်ဖွယ်သော လူသေကောင်၊ ၁၀ ။အဋ္ဌိက အသုဘ = တစ်ချောင်းစီကွဲထွက် တွဲစပ်ရန် ခက်ခဲသော ပုပ်ညှီနံ့ထွက်နေသော စက်ဆုပ်ဖွယ် အရိုးကောင်၊ အားဖြင့် ဆယ်မျိုး အပြားရှိလေ၏။
☸️ အရှင်ပညာဝံသ( ကျောက်စာ )🇲🇲
Region: MM
Wednesday 19 August 2026 12:00:43 GMT
Music
Download
Comments
U pinnyaw :
သာဓုပါ
2026-08-19 15:27:20
1
Kanyin Thar Sayar Taw :
သာဓု သာဓု သာဓုပါဘုရား
2026-08-20 02:35:46
1
ywaven :
🙏🙏🙏သာဓုသာဓုသာဓု
2026-09-02 11:32:33
1
shame7star :
🥰
2026-08-20 01:17:41
1
Saw Bo Shwe :
သာဓု သာဓု သာဓု
2026-08-19 19:29:25
1
BoMin Thein :
👍👍👍
2026-09-01 08:56:22
1
maflove :
🥰🥰🥰
2026-08-19 22:46:33
1
Chit Ya. Aung :
🙏🙏🙏
2026-08-19 18:31:10
1
Sayar Hla Win :
🥰🥰🥰
2026-08-19 14:47:55
1
Kyaw Min Htun :
🙏🙏🙏
2026-08-19 12:10:02
1
အရှင်ဇနက :
👍👍👍
2026-09-03 09:50:29
1
To see more videos from user @aunge152, please go to the Tikwm
homepage.