@khunkyawsoe83: ကောင်းလိုက်တဲ့ ဥပမာပေးလေး ဖတ်လိုက်ရတော့ ကောင်းလို့ ပြန်မျှဝေ လိုက်တယ်နော် ............. " ခွေးကျင့်ခွေးကြံ " --------------- တနေ့တွင် တောကစားထွက်လာသော ဘုရင်က ရွာအနီး မြက်ခင်းတွင် သိုးအုပ်ကြီးကို တွေ့လိုက်ရ သဖြင့် သူနှင့်အတူ မြင်းစီးခါ ဘေးချင်းယှဉ်လိုက်လာသော ပညာရှိ အမတ်ကြီးကို မေးလိုက်လေသည်..... အမတ်ကြီး ဘယ်မှာကြည့်လိုက် ကြည့်လိုက် သိုးတွေက အုပ်စုလိုက်တွေ့ရတယ်နော် " " ခွေးတွေ ကိုတော့ ဘာဖြစ်လို့ အဲဒီလို အုပ်စုလိုက် မတွေ့ရတာလဲ ?. မှန်လှပါ အရှင်မင်းကြီးရဲ့ မေးခွန်းကို မနက်ဖြန်မှ ဖြေပါရစေဘုရား 🙏" ကောင်းပြီလေ ထိုနေ့ နန်းတော်ကို ပြန်ရောက်လာသည့် ညနေတွင် အမတ်ကြီးက အခန်းနှစ်ခန်းကို ပြင်ဆင်စေသည်...... အခန်းတခန်းထဲတွင် အသားပုံကြီးတစ်ပုံကို ချထားပြီး ခွေး အကောင် ၂၀ ကိုထည့်ခါ သော့ပိတ်ထား လိုက်သည်..... အခြားအခန်းထဲတွင် မြက်ထုံးများကို ချခါ သိုးအကောင် ၂၀ ကို အခန်းအတွင်း မောင်းသွင်းပြီး တံခါးပိတ်ထားလိုက်လေသည်..... နောက်တနေ့ နံနက်တွင် အမတ်ကြီးက သူစီမံထားသည့် အကြောင်းအရာကို မင်းကြီးအား လျှောက်တင်ခါ အခန်းများဆီသို့ ခေါ်လာလေသည်...... ပထမ ခွေးတွေထည့်ထားသည့် အခန်းကို ဖွင့်လိုက်သည် ဘုရင်ကြီးက အံ့အားသင့်သွားသည် ခွေးတွေ အားလုံး အသက်ပျောက်နေသည် အခန်းအလယ်တွင် ချထားသည့် အသားပုံကြီးကား နေရာမပျက် ရှိနေသည် ခွေးတစ်ကောင်မျှ အသားပုံကို စားသွားသည့်ပုံမပေါ်..... နောက်တခန်းကို ဘုရင်အားခေါ်ပြီး ဖွင့်ကြည့်ကြသည် သိုးတွေအားလုံး လှဲလျောင်းကာ အိပ်စက်နေ ကြသည် အခန်းအလယ်တွင် ချပေးထားသည့် မြက်တွေလည်း မရှိတော့ပေ..... ထိုအဖြစ်အပျက်များကို ဘုရင်ကြီးအား အမတ်ကြီးက ပြသပြီးနောက်.... ခွေးတွေဟာသူတို့ကိုကျွေးထားတဲ့အသားတွေကိုတစ်စက်မျှမစားရဘဲသေကုန်ကြရခြင်းမှာတကောင်နှင့်တကောင်တိုက်ခိုက်ခါ #တကိုယ်ကောင်းဆန်ခြင်းကြောင့်ပါဘုရား 🙏 သိုးတွေကတော့ #အေးချမ်းစွာမျှဝေစားသောက်တတ်သည့် အလေ့အထကြောင့် အသက်ရှင်ကာ နေထိုင်နိုင်ခြင်း ဖြစ်ကြောင်းပါဘုရား ဟု လျှောက်တင်လေသည်.... ခွေးများသည် အုပ်စုလိုက်ဖွဲ့ကာ နေထိုင်တတ်သော အလေ့အထနည်းလေသည် အကောင်နည်းနည်း စုမိလျှင်ပင် ပြဿနာရှာကာ မာန်ဖီတတ်သည် အစားအစာ နှင့် ကာမ အတွက်ဆိုလျှင် ခွေးများသည် တကောင်နှင့်တကောင် မညှာမတာ ကိုက်ကြ မာန်ဖီတတ်ကြသည်..... #ရှေးလူကြီးများကခွေးလိုမနေနှင့်သိုးတွေလိုနေဟု ဆုံးမကြခြင်းမှာ တကောင်နှင့်တကောင် မကိုက်ဘဲ ငြိမ်ချမ်းစွာဖြင့် အတူတကွ မျှဝေတတ်သောစိတ်ရှိသည့် လူ့ဘောင်အဖွဲ့အစည်းသည်သာ တိုးတက်စည်ပင် ဖွံ့ဖြိုးမည်ဖြစ်ကြောင်းကို ပြဆိုခြင်းဖြစ်သည်.... ခွေးတွေလို ငါ့တွက် ငါ့ဟာ ငါ့ဥစ္စာ ဆိုပြီး လောဘတက် ကိုက်လျှင် သေကြမည်......။ အတ္တ လောဘ နဲ့ တကိုယ်ကောင်းစိတ် မွေးသူများသည် ခွေးသဏ္ဍန် နှင့် တူပေသည် ...။ သိုးတွေလို မျှဝေစိတ်ထားလျှင် ရှင်ကြမည်.....။ သူ့ဘက် ကိုယ့်ဘက် သူ့အတွက် ကိုယ်အတွက် မျှတစွာ နေထိုင်သူသည် သိုးသဏ္ဍန်နှင့် တူပေသည် ....။ #ခွန်အားဖြည့်စာတို📝📝📝 #စာပေချစ်သူ📖📖🥰🥰🥰😍😍😍

ငါ့အတွက်် ငါရှိတယ်
ငါ့အတွက်် ငါရှိတယ်
Open In TikTok:
Region: MM
Wednesday 19 August 2026 12:05:11 GMT
49913
1673
53
187

Music

Download

Comments

u.tin.lin37
Mya Gyi :
ဒီပုံလေးမှာကျောက်တုံးကအရင်ရှိတာလားသစ်ပင်ကအရင်ရှိတာလား
2026-08-21 08:22:12
1
bob.junior596
Bo Phyou :
ကောင်းလိုက်တဲ့စာသားလေး
2026-08-21 07:02:52
1
u.myomintun
U MyoMinTun :
okokok
2026-08-21 07:06:46
1
user4502481761710
မင်းခန့် :
အမြင်မှန်တွေရကြပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ
2026-08-20 06:23:34
3
ko.win.zaw7303
Ko Win Zaw :
အရမ်းကောင်းတဲ့မှတ်စရာ စာသားလေးပါဗျာ
2026-08-21 04:56:35
1
kyaw.wai.aung0
kyaw wai aung :
မှန်သောစကားလေးပါ
2026-08-21 02:16:48
1
myint.soe6034
too :
ဖြစ်နေတာနဲ့တထပ်ထဲကနေလိုက်တာ😤😤😤😤😤
2026-08-20 12:29:52
1
ko.naing5695
Shwe. Htoo :
အဒါအမှန်ပေါ့
2026-08-21 02:37:26
1
ko.thant.zin5555
KO Thant Zin :
များများတင်ပေးနော်ဗဟုသုရသလို။
2026-08-21 03:01:39
1
bobo.com56
SaYar Naing :
ကောင်းလိုက်တာ ကိုယ်မကောင်းကြောင်းပြေားလဲသူတို့ရှေရောက်ရင်ဂေါင်းငိုပ်ပီ သွားလိုက်တယ် တိတ်ဆိပ်ခြင်နဲဘဲအနိုင်ယူလိုက်ပါတယ် ကိုယ်တိပ်ဆိပ်လေ သူတို့ဒေါးသထွက်လေးပါဘဲ ကျွန်တော်မိဘတွေပြည့်စုံရင် တေားထွက် ကိုတော်အဖစ် အပီတိုင်သွားဝတ်ခြင်တယ် လောဘဒေါးသတွေရှတဲ့ လူပဝန်ကျင်မှာကျွန်တော်မပျော်မွှေဘူး ဘုရားရိတ်တရားရိတ် ကိုတက်လှမ်းခြင်တယ် မိဘတွေကို သူညားထပ်တမ်းတူနေနိုင်အောငိကြိုးးစားပေးရအုံးမယ် အဲဒီဝတ်ကလွတ်ရင် ဘုရားရိပ်တရားရိပ်ကိုသွားခြင်တယ်
2026-08-20 14:46:29
1
sawkyawoo8
Sawkyawoo8 :
မှတ်သားထိုက်ပါတယ်
2026-08-21 00:41:15
1
myo.min.htut.aung
Myo Min Htut Aung :
တင်ပေးတဲ့အကောင့်ပိုင်ရှင်လေးရေကျေးဇူးအများကြီးတင်ပါတယ်စာလေကိုဖတ်ပြီးဗဟုသုတတွေအများကြီးရလိုက်ပါတယ်ဗျာစည်းလုံးခြင်းညီညွတ်ချင်းရလဒ်ပေါ့
2026-08-19 12:25:43
1
445782581t2
သကျပုတ္တ :
2026-08-20 08:23:56
1
thaw.zin8091
Thaw Zin :
မှတ်သားထိုက်ပါတယ်ဗျာ။
2026-08-20 08:29:05
1
win.aung9117
Win Aung :
မှန်လိုက်တဲ့ဥပမာပေးလေးတင်ပေးလို့ကျေးဇူးပါ
2026-08-20 00:50:32
1
koyannaing735
koyannaing735 :
ကောင်းလိုက်တာ
2026-08-20 15:38:33
1
zin.mar.win.zinma2
MoeMoe :
ကျေးဇူးတင်ပါ🥰
2026-08-20 08:05:35
1
myintaye171
Thar Nge :
@
2026-08-20 10:27:29
1
thin.thin.khing032
😍{khing}😍 :
ကောင်းလိုက်တာ စာသားလေး
2026-08-21 04:28:09
1
user0486807431
Kyaw Gyi :
good
2026-08-21 09:33:33
0
yethwe941
YeThwe :
ကောင်းလိုက်စာ
2026-08-20 08:12:41
1
u.tun.win042
U Tun Win :
👍👍👍
2026-08-20 12:16:14
1
may.ri69
May Ri :
ကျေးဇူးပါရှင့် 🥰🥰🥰
2026-08-19 23:14:07
1
To see more videos from user @khunkyawsoe83, please go to the Tikwm homepage.

Other Videos


About