@history.image.offi: မင်းသားကြီး Sylvester StalloneဟာRocky III ဇာတ်ကားရဲ့ အဖွင့်တေးဂီတအတွက် ဗြိတိန်ကမ္ဘာကျော် Queen အဖွဲ့၏ "Another One Bites the Dust" သီချင်းကို အသုံးပြုရန် မူလက စီစဉ်ခဲ့ပါတယ်။ Stallone သည် အမေရိကန် ရော့ခ်အဖွဲ့ Survivor ၏ ၁၉၈၁ ခုနှစ်ထွက် "Premonition" အယ်လ်ဘမ်မှ သီချင်းများကို ကြိုက်နှစ်သက်သဖြင့် အဖွဲ့ဝင်များဖြစ်ကြသော Jim Peterik နှင့် Frankie Sullivan တို့ထံ တိုက်ရိုက် ဖုန်းဆက် အကူအညီတောင်းခဲ့ပါတယ်။ Stallone က ၎င်းတို့ထံ Rocky III ဇာတ်ကား၏ ပထမဆုံး စက္ကန့် ၃၀ စာ လှုပ်ရှားမှု ဗီဒီယိုဖိုင်ကို ပေးပို့ခဲ့ပြီး ငယ်ရွယ်သူများ ကြိုက်နှစ်သက်မည့် မာန်ပါသော သီချင်းတစ်ပုဒ် စပ်ဆိုပေးရန် တောင်းဆိုခဲ့ပါတယ်။ Peterik နှင့် Sullivan တို့သည် Stallone ပေးပို့သော လက်ဝှေ့ထိုးခန်း ဗီဒီယိုကို ကြည့်ရှုရင်း ရိုက်ချက်များနှင့် ကိုက်ညီမည့် ဂစ်တာသံ (Rhythm) ကို စတင်ဖန်တီးခဲ့ကြပါတယ်။ သီချင်းအမည်ကို မူလက "Survival" ဟု ပေးရန် စဉ်းစားခဲ့ကြသော်လည်း ဇာတ်ကားထဲတွင် သင်တန်းဆရာ Apollo Creed က Rocky ကို ပြောသည့် စကားပြောခန်းထဲမှ "Eye of the tiger" ဆိုသည့် အသုံးအနှုန်းကို ပိုမိုသဘောကျသဖြင့် ပြောင်းလဲသတ်မှတ်ခဲ့ကြပါတယ်။ သီချင်းထွက်ရှိပြီးနောက် Billboard Hot 100 ဇယားတွင် ၆ ပတ်ဆက်တိုက် အမှတ် (၁) နေရာ၌ ရပ်တည်ခဲ့ပါတယ်။ အကယ်ဒမီဆု (Academy Award) ဆန်းခါဝင်ခဲ့ပြီး Grammy Award (Best Rock Performance) ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ #Rocky3 #EyeOfTheTiger #Motivation #SylvesterStallone #Viral @History Image
History Image Official🇲🇲
Region: MM
Wednesday 19 August 2026 12:27:18 GMT
Music
Download
Comments
Thant Zin :
အမုန်းမျက်လုံး ထူးအိမ်သင်
2026-08-20 00:35:47
1
Htet Htet :
☺️☺️☺️☺️☺️☺️
2026-08-20 08:16:24
0
To see more videos from user @history.image.offi, please go to the Tikwm
homepage.