@heinthuzin89: ထိုင်းမှာ အခြေခံလစာက ဘတ် ၁၂,၀၀၀ ဝန်းကျင်က စတယ်။ မြန်မာငွေနဲ့ဆို ၁၆ သိန်းဝန်းကျင်ပေါ့။ အိမ်လခက ဘတ် ၂,၅၀၀ ဝန်းကျင်၊ တစ်လ စားစရိတ်က အနည်းဆုံး ဘတ် ၄,၀၀၀ လောက်ရှိတယ်။ အပျော်အပါးမလုပ်၊ အပြင်စာလည်း သိပ်မစားဘဲ ချွေတာနိုင်မှ တစ်လ ဘတ် ၅,၀၀၀ ဝန်းကျင်လောက် စုနိုင်တယ်။ အဲ့ဒီထက် ပိုသုံးရတဲ့သူဆို စုဖို့ မဖြစ်နိုင်ဘူး။ ဒါတောင် ဖယ်ရီ ခ မပါသေးဘူးးး အဲ့လိုအခြေအနေမျိုးမှာ “ထမင်းမငတ်ရင် ပြီးရော” ဆိုတဲ့စိတ်နဲ့ပဲ အသက်ရှင်နေထိုင်ကြရတာပါ။ တစ်ခါတလေ ဘဝမှာ ဘယ်ကနေစပြီး လမ်းမှားသွားလဲကို မသိတော့ဘူး။ အပြောင်းအလဲတွေကလည်း အရမ်းမြန်လွန်းတယ်။ ပညာတတ်တယ်။အခုတော့ စက်ရုံအလုပ်လုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရတာတွေ… ကိုယ့်ဝမ်းနာတာ ဘယ်သူသိမလဲ ဒါဟာ ဘယ်သူ့ကိုမှ အပြစ်တင်နေတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ယှဉ်ရင် ဒီမှာ စိတ်လုံခြုံတယ်။ စစ်ပွဲတွေနဲ့ ဝေးတဲ့အတွက် ခဏတာ အေးချမ်းစွာ နေနိုင်တယ်။ လျှပ်စစ်မီး ပုံမှန်ရတယ်။ အင်တာနက်ကောင်းတယ်။ ဒီအရာတွေကကြောင့်သာ ရွေးချယ်ခဲ့ရတယ်။ ဒါပေမယ့် အဲ့ဒီအေးချမ်းမှုနဲ့အတူ ကိုယ့်ဘဝကိုလည်း တစ်နေ့ပြီးတစ်နေ့ စိတ်တင်းတင်းနဲ့ ဆက်ထိန်းထားရတယ်။ အဲ့လိုအချိန်မျိုးမှာ ဆိုရှယ်မီဒီယာပေါ်က ကိုယ့်ထက် အများကြီးအဆင်ပြေနေတဲ့သူတွေ၊ ချမ်းသာကြွယ်ဝမှုတွေ၊ အောင်မြင်မှုတွေကို မြင်ရတဲ့အခါ မုဒိတာ မပွားနိုင်တဲ့အချိန်တွေ ရှိတယ်။ ဒါပေမယ့် အဲ့ဒါဟာ သူတို့ကို မနာလိုလို့ မဟုတ်ပါဘူး။ သူတို့အဆင်ပြေနေတာကို မမြင်ချင်လို့လည်း မဟုတ်ဘူး။ တကယ်တော့ သူတို့ဘဝကို ကြည့်ပြီး ကိုယ့်ဘဝကို ကိုယ် ပြန်မြင်မိတာပါ။ “သူတို့ဘာလို့ ဒီလောက်အဆင်ပြေနေကြတာလဲ” ဆိုတာထက် “ငါက ဘာဖြစ်လို့ ဒီလိုအခြေအနေမျိုးထဲ ရောက်နေရတာလဲ” ဆိုတဲ့အတွေးက ပိုပြီး နာကျင်စေတာ။ တစ်ခါတလေ စိတ်ဓာတ်ကျတယ်။ တစ်ခါတလေ ငိုချင်တယ်။ တစ်ခါတလေ ဘာကိုမှ ဆက်မတွေးချင်တော့ဘူး။ တချို့လူတွေမှာ ဘဝကို ပြန်စနိုင်ဖို့ ကျောထောက်နောက်ခံရှိကြတယ်။ ကိုယ့်မှာတော့ ကိုယ့်စားဝတ်နေရေးအတွက် ကိုယ်တိုင်ရှာဖွေနေရတယ်။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေ၊ ကိုယ့်ကံနဲ့ကိုယ်ပေါ့။ ဒါကြောင့် ကိုယ့်ကိုယ်ကို အမြဲသိမ်ငယ်စေတဲ့ ပတ်ဝန်းကျင်တွေကို တတ်နိုင်သလောက် ရှောင်ဖြစ်တယ်။ သူများအောင်မြင်တာကို မုန်းလို့မဟုတ်ဘူး။ သူများအဆင်ပြေတာကို မမြင်ချင်လို့မဟုတ်ဘူး။ ကိုယ့်စိတ်အခြေအနေကို ကိုယ်သိလို့ပါ။ တချို့အပေါင်းအသင်းတွေက သူငယ်ချင်းအချင်းချင်းတွေ့တိုင်း သူတို့အလုပ်မှာ ဘယ်လောက်အရေးပါကြောင်း၊ မန်နေဂျာက သူ့ကိုဘယ်လိုမျက်နှာသာပေးနေကြောင်း၊ သူတို့ဘဝ ဘယ်လောက်အဆင်ပြေကြောင်း ပြောပြတတ်ကြတယ်။ အရင်အချိန်တွေမှာတော့ နားထောင်ပေးနိုင်တယ်။ ဝမ်းသာပေးနိုင်တယ်။ “မင်းကတော့ ကံကောင်းတယ်ကွာ” ဆိုပြီးတောင် ပြောနိုင်တယ်။ ဒါပေမယ့်#fyp

B.B🩵
B.B🩵
Open In TikTok:
Region: TH
Wednesday 19 August 2026 12:52:53 GMT
74934
4768
132
281

Music

Download

Comments

nansaunghaymann
hay mann :
ဈေးထဲက အသီးဆိုင်မှာတစ်ရက်၄၀၀နဲ့ညဆိုင်းဆင်းခဲ့ရတယ် အဒေါ်အခန်းမှာကပ်နေရတာဆိုတော့ နေ့လယ်ပြန်လာရင်မအိပ်ရဲဘူး အလုပ်ဝိုင်းလုပ်ရသေးတယ် အသီးဆိုင်ကအသီးရာသီကုန်သွားတော့ ကိုယ့်ကိုအလုပ်မလာခိုင်းဘူး အသီးမရှိဘူးတဲ့ လက်ထဲပိုက်ဆံ၂၀နဲ့ စိတ်ဓာတ်ကျခဲ့ရတယ် အိမ်အလုပ်စလုပ်တော့ သူဠေးကည၁၁နာရီအချိန်ကြီးမောင်းထုတ်တာခံရတယ် ထိုင်းကိုရောက်လာတာ၄လပဲရှိသေးတဲ့မိန်းခလေးတစ်ယောက် ဘယ်ရောက်နေလဲမသိ အမျိုးမရှိ အသိမရှိ လမ်းဘေးက ကွတ်တီယိုဆိုင်မှာ အဝတ်အစားထုတ်နဲ့ မနက်မိုးလင်းတဲ့ထိ ထိုင်ငိုခဲ့ရတယ် မြန်မာနိုင်ငံကဆယ်တန်းအောင်ပြီး ဂုဏ်ထူး၂ဘာသာပါခဲ့တဲ့ငါက ထိုင်းနိုင်ငံမှာဒုက္ခလာခံနေရတာ ငါ့အနေထားကြီးနဲ့ဆိုပြီး တော့ခံပြင်းခဲ့ဖူးတယ် ခုတော့ဟိုတယ်အလုပ်မှာ၂နှစ်ပြည့်တော့မယ် အားမလျှော့လိုက်နဲ့ ကောင်းတာတွေဖြစ်လာလိမ့်မယ်
2026-08-24 11:55:01
60
.thet.htar
Thet🐻🐼🌙 :
ဖိုက်တင်းပါ💪 မုန်းတိုင်းပီရင် လေပြေ တွေလာမယ် ကံဆိုးတာတွေပီရင် ကံကောင်းခြင်းတွေရောက်လာမယ် 🙂
2026-08-23 14:50:30
15
ppzzzzz5
သူရိန် :
broဘတ်ဖိုးဘာဖိုးညာဖိုးရှိသေးတယ်လေ
2026-08-24 09:35:30
1
dr_cookdail
ᴍ®ᶻʸⁿ :
ကျွန်တော်ဆို၁လ၆ထာင်လောက်ကုန်
2026-08-24 12:03:03
1
pyaephyo.paing592
唐•|ᴋᴀɢɪsᴀᴋɪ✓ :
လူတေကရတာဘဲသိတာ ဘယ်လိုနေရလဲသူတို့မသိကြဘူး😞
2026-08-24 05:27:08
2
lara_k105
♾️ :
ကျနော်ဆို လစာ တစ်သောင်းပဲရပါတယ်ဗျာ 😁
2026-08-24 11:23:53
1
saibo_b2007
akuma_x :
ယူသုံးမယ်နော် bro
2026-08-24 02:26:48
1
kh.khh41
🎀💗😚Babe 😚🎀💗 :
သဘောကျတယိအလိုလူရှားလို့🫠
2026-08-24 01:18:25
1
nickke5154
Nickke :
10500ပဲရတယ်🥺
2026-08-24 04:53:48
1
31858286465
အညာသား ၅/ :
စာသားလေးချပေးပါလား
2026-08-24 12:47:29
1
pyaephyo0092
မုဆိုး🐕‍🦺🙌🏿 :
စားစရိတ်ကများတာပေါ့ ငါဆိုတစ်ပတ်စာကို100ဘဲကုန်တယ်🥲
2026-08-24 15:28:23
0
worldmoney18.com
World Your Trust♻ :
အဲကြောင့်ကျွန်တော်တို့မာမားစက်ရုံကမာမားတအားရောင်းရတာotလဲများများရတယ်များများစားပေးပါဗျ😂😂
2026-08-24 13:29:37
0
thazin18b7tbt
Tᥫ᭡ :
စားစရိတ် ဘတ်4000ဆိုတာ အရမ်းများတယ် အဲ့ဘက်ကတစ်ယောက်က ဘယ်လိုနေထိုင်ရလဲတော့မသိပင်မဲ့ အပြင်စားတွေ နေ့တိုင်းဝယ်မစားပဲ အိမ်မှာချက်စားကြည့်ပါလား အဲ့ဒါဆိုရင်ပိုပြီးသက်သာတယ်နော် ဝယ်စားတာက တစ်ခါဝယ်ရင် အနည်းဆုံး 30(or)50ဆိုရင် နှစ်ခါစားရင် တစ်နေ့ကို 100ဖြစ်နေပြီ ဟင်းစားဝယ်စားရင် ကြက်သား ဝက်သား ငါး 1Kgကို အများဆုံး 60(or)70ဆိုရင် တစ်ယောက်ထဲဆို ၂ရက်လောက်ခွဲစားလို့ရတယ် အပြင်ကဝယ်စားတာထက် အိမ်မှာချက်စားဖို့ အကြံပေးချင်တယ် ပိုပြီးချွေတာဖြစ်တယ်။
2026-08-24 13:35:23
3
nanaung7891
𝐍ang 🐉 :
12000တောင် မရတဲ့ ငါတို့☺️
2026-08-24 11:19:47
4
saiminlat65
サイ♍ :
လစာက 9000 ot ဖိုးကျန်သေး ဘယ်လောက်လဲဆို တော့ 9100 အဲလိုဖြစ်နေပါတယ် ပါမစ်မရသေးတော့ အလုပ်ပြောင်းဖို့ အလုပ်ရှိရှိရဲ့နဲ့ လက်လွှတ် နေရပါတယ်
2026-08-24 03:16:16
1
elle1777
🐻‍❄️ :
အိမ်ပို့ရင်စုဖို့တောင်မကျန်😴
2026-08-24 10:17:26
1
zaymukha12
အဂ္ဂမဟာသီဟစည်သူကျော်ထင်နော်ရထာ :
ဒါတောင်တချို့တေက မင်းထိုင်းမှာအဆင်ပြေနေတာပဲဆိုပိး ပိုက်ဆံကချေးကြသေး
2026-08-24 05:43:13
1
noe91560
N🍀 :
စာသားလေးပြန်ယူမယ်နော်
2026-08-23 18:22:29
1
To see more videos from user @heinthuzin89, please go to the Tikwm homepage.

Other Videos


About