@iamart04: Orm မှာ တစ်ကိုယ်လုံးက ညောင်းညာကိုက်ခဲနေလို့ မျက်လုံးများကိုပင် ပွင့်နိုင်အောင်အားအတော်ယူနေရသည်။ ကုတင်ခေါင်းရင်းကို မှီပြီးထိုင်လိုက်သောအခါ အောက်ပိုင်းကနာကျင်မှုကိုလည်း သိသိသာသာ ခံစားရသေးတာမို့ Orm ခပ်တိုးတိုး ညည်းလိုက်မိသည်။ "Orm နိုးပြီလား" ရှပ်အကျီပိုလိုအဖြူနဲ့ အောက်ကဂျင်းဘောင်းဘီတို ကို ဒူးဖုံးရုံသာဝတ်ထားတဲ့ Ling Ling Kwong ဟာ ဆံပင်တွေကိုလည်းမြှောက်စီးထားသေးသည်။ ရုတ်တရက်ကြီး စိတ်ထဲ Ling Ling Kwong ဟာ ငါ့အပိုင်ဖြစ်သွားပါလားလို့ တွေးမိလို့ ခေါင်းကို ခါပစ်လိုက်သည်။ Orm ရှက်လိုက်တာ။ ညက Orm တို့ အချစ်နယ်လွန်ခဲ့ကြတာ။ "ဘာတွေတွေးနေတာလဲ ကလေးလေး" Orm ရှေ့ဆံပင်တချို့ကို နားနောက်သပ်ပေးရင်း Ling Ling Kwong ဟာ ကုတင်ပေါ်မှာထိုင်ကာ အသံချိုချိုလေးနဲ့ စကားပြောပြီးပြုံးပြနေသည်။ မနက်ခင်းစောစောမှာတောင် Ling Ling Kwong က ကြည့်ကောင်းနေသား။ "ငါ့လက်ထပ်ပွဲတော့ပျက်ပြီပေါ့" Ling Ling Kwong က ခစ်ခနဲရယ်ရင်း Orm လက်တစ်ဖက်ကို ဆွဲယူကာ သူ့ဘယ်ဖက်ပါးမှာ ကပ်ထားသည်။ "အဲ့ပွဲပျက်တာမကောင်းဘူးလား။ Ravi မိန်းမ လုပ်မယ့်အစား Ling Ling Kwong မိန်းမပဲ လုပ်လေ" "သောက်ရူး" Orm နှုတ်ခမ်းအနည်းငယ်ဆူကာ သူ့ကိုငေါက်တော့ 'အူယားတယ်'ဆိုပြီး နှုတ်ခမ်းကို ဖြတ်ခနဲနမ်းသေးတယ်။ Ling Ling Kwong ရင်ဘတ်ကို မကျေနပ်စွာနဲ့ ထုတော့ သူဟာ မျက်လုံးတွေမှိတ်ကျတဲ့အထိ သဘောတွေကျပြီး ရယ်နေပြန်ရော။ "မိန်းမရိုက်တာဆိုတော့လည်း ခံရုံပေါ့" "သွားတော့....ငါရေချိုးခန်းထဲဝင်တော့မယ်" Orm ခန္ဓာကိုယ်မှာ ဘာအဝတ်မှမရှိနေဘူးလေ။ စောင်ကိုသာ တစ်ကိုယ်လုံးလုံအောင်ပတ်ထားရတာ။ ဒါတောင် Ling Ling Kwong က အနားအတင်းတိုးနေလို့ Orm မှာသူ့ကိုတားရသေးတယ်။ "ငါချီသွားမယ်လေ။ ညကလည်းအကုန်မြင်ဖူးကိုင်ဖူးပြီးပြီဆိုတော့ မရှက်တော့ဘူးမလား" "အရူး....ငါကမိန်းကလေးလေ ရှက်တာပေါ့လို့။ သွားပါဆိုဟာ...ပြီးမှအခန်းထဲပြန်ဝင်ခဲ့" Ling Ling Kwong က Orm ရဲ့ ဝံပုလွေဆံပင်ကေလေးကို လက်ချောင်းများနဲ့အသာဖွကာ ကုတင်ပေါ်က ထပေးသည်။ "ကျောပေးထားမယ်။ ငါလုံးဝလှည့်မကြည့်ဘူး စိတ်ချလို့ရတယ်။ ပြီးတော့ ငါလည်းမိန်းကလေးပါပဲ Orm ရာ၊ ဒါပေမယ့် နင့်ကိုတော့ငါမရှက်ပါဘူး" သိပါ့။ ချင်းမိုင်မှာအတူအိပ်တဲ့ညက အကျီကို Orm ရှေ့မှာပဲ ချွတ်ပြတည်းက Ling Ling Kwong က အရှက်မရှိမှန်းသိခဲ့သား။ အခုလည်း သူ့မယုံလို့ စောင်ကိုပတ်ကာ ရေချိုးခန်းထဲ ပြေးဝင်ရသည်။ "ဟက်...ရှက်နေတာလေးကိုက ချစ်စရာလေး" Ling တစ်ယောက် ပိတ်သွားတဲ့ ရေချိုးခန်းတံခါးကို ကြည့်ပြီး တစ်ယောက်တည်း ပြုံးနေမိသည်။ ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းမြည်သံကြောင့် ထုတ်ကြည့်တော့ Fluke ဆက်တာ။ "ဟယ်လို Fluke ပြော" "နင် Orm ကိုခိုးပြေးသွားတယ်ဆို" "ဟုတ်တယ်။ Orm ကငါ့မိန်းမဖြစ်သွားပြီ" ကမ်းခြေကို လှမ်းမြင်နေရတဲ့ မှန်တံခါးနားမှာ Ling ရပ်ရင်း အောင်နိုင်သူတစ်ယောက်လို Fluke အားပြန်ပြောတော့ "ဒီမှာအကုန်ရှုပ်ကုန်ပြီ" ဆိုတဲ့ တုန့်ပြန်စကားကိုရသည်။ Ling ခန့်မှန်းပြီးသားအရာတွေပဲလေ။ ညတည်းက ပွက်လောရိုက်နေမှာကိုသိပေမယ့် မနက်လက်ထပ်ပွဲအချိန်ကျ ပိုပြီးဆိုးရွားကုန်မှာကို Ling လည်းသိပါတယ်။ ခွန် Oct ကတော့ Ling ကိုတွေ့ရာသင်္ချိုင်း ဓားမဆိုင်းဆိုပြီး ကျိန်ဆဲနေမှာသေချာတယ်။ "ဟဲ့ ငါမေးတာကြားလား။ နင်တို့အခုဘယ်မှာလဲ" "ဒီလိုပဲ၊ ထိုင်းနိုင်ငံထဲက နေရာတစ်ခုခုပေါ့ဟာ၊ ငါတို့မနက်ဖြန်လောက်ကျ ပြန်လာမယ်။ မိဘတွေကိုပြောလိုက်ဦး၊ ငါတို့ကိုစိတ်ချပါလို့" "ငါ့တောင်မတိုင်ပင်ပဲ မိန်းမခိုးတဲ့နင့်ကို မကျေနပ်ဘူးနော်" Ling ခပ်ဟဟသာရယ်လိုက်ရင်း ဖုန်းကိုချပစ်လိုက်သည်။ အနောက်ကိုလှည့်တော့ Bathrobe သာ ဝတ်ထားတဲ့ Orm ဟာ စိုးရွံ့နေတဲ့မျက်ဝန်းတွေနဲ့ ရပ်နေသည်။ "Papa ပြဿနာအကြီးအကျယ်ရှာနေပြီတဲ့လား" "ကိစ္စတွေရှုပ်ထွေးနေရုံပါ။ Orm ခေါင်းထဲထည့်မနေနဲ့။ ငါနင့်ကိုကာကွယ်ပေးမယ် Orm... ငါ့ကိုယုံနော်" Papa က Orm ကို ဘယ်လောက်တောင် စိတ်ပျက်နေလိုက်မလဲ။ Papa စကားနားမထောင်တဲ့ သမီးမိုက်ဆိုပြီး အမွေပြတ်တောင် စွန့်လွတ်ချင်နေမယ်ထင်ပါရဲ့။ Ling Ling Kwong က Orm အနားလာပြီး ပခုံးကနေ ဆွဲဖက်လိုက်မှပဲ Orm ရင်ထဲက မတည်ငြိမ်မှုတွေက ခေတ္တငြိမ်သက်သည်။ တကယ်တော့ ညက တွေးခဲ့သေးတယ်။ Ling Ling Kwong ကို ဘန်ကောက်ကို ပြန်ပို့ခိုင်းဖို့လေ။ သို့သော် ဒီအခြေအနေထိ ရောက်မှတော့ Orm ဘာလို့အဲ့လိုလုပ်မှာလဲ။ Ling Ling Kwong လက်ကိုတွဲပြီးရင်ဆိုင်ရုံပဲ ရှိတော့တယ်။ သမီးကို ခွင့်လွတ်ပါ Papa * တကယ်က ထိပ်ဆုံးအပိုင်းတစ်ခုရှိသေးတယ် ပေါ့နော်။ TikTok မှာမို့ warning မလုပ်ချင်လို့ မထည့်ထားတာပါ။ အဲ့ရှေ့ဆုံးအပိုင်းတိုကို ဖတ်ချင်ရင် Wattpad မှာတင်ထားတဲ့ အပိုင်း၁၂မှာ ဖတ်လို့ရပါတယ်။ အထူးအစီအစဉ်အနေနဲ့ အခုကစပြီး 23.8.2026 မြန်မာအချိန် ည ၁၁ နာရီအထိ Rivals but စဆုံးကို 7,000 ks နဲ့ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း ၁၂ ထိရောက်ပြီမို့ နောက်အပိုင်းတွေကို တင်ပေးဖြစ်ချင်မှလည်းတင်ပေးမယ်။ မတင်ပေးတာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် စဆုံးဖတ်ရှုချင်သူများ 7,000ks နဲ့ရတုန်းလေး Telegram - @xxi_koo မှာလာဝယ်ထားလို့ ရပါတယ်။ #lingorm
skibidiK
Region: MM
Wednesday 19 August 2026 14:00:27 GMT
Music
Download
Comments
Thu Lay :
👍👍👍
2026-08-19 15:14:53
0
To see more videos from user @iamart04, please go to the Tikwm
homepage.